ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
အညိုရောင်အစင်းကျ ဗိုင်းရပ်စ်ရောဂါ (Cassava Brown Streak Virus - CBSV)
ဒီရောဂါရဲ့ ထူးခြားချက်ကတော့ အပင်ကြည့်ရင် ကျန်းမာနေသလို ထင်ရပေမဲ့ ဥကို တူးကြည့်မှ ပုပ်နေတာကို တွေ့ရတတ်တာပါ။ လက္ခဏာအနေနဲ့ပြောရရင် အရွက်ကြောများတစ်လျှောက်မှာ အဝါရောင်အကွက်များ ဖြစ်ပေါ်ပြီး အထူးသဖြင့် အပင်အောက်ခြေက အရွက်ရင့်တွေမှာ ပိုတွေ့ရတတ်ပါတယ်။ ထို့အပြင် ပင်စည်ရဲ့ အစိမ်းရောင်ရှိတဲ့ အစိတ်အပိုင်းတွေမှာ အညိုရောင် သို့မဟုတ် အမည်းရောင် အစင်းကြောင်းလေးများကို ထင်ရှားစွာ တွေ့ရတတ်ပါတယ်။ ပီလောပီနံ ဥကို လှီးကြည့်ပါက အတွင်းသားမှာ တစ်ရှူးများသေဆုံးကာ အညိုရောင်အကွက် (Necrosis) ဖြစ်နေပြီး ဥတစ်ခုလုံး ပုပ်ဆွေးသွားတတ်ပါတယ်။ ဒီရောဂါဟာ ဗိုင်းရပ်စ်ရောဂါဖြစ်တဲ့အတွက် ဆေးဖျန်းရုံနဲ့ ကုသလို့မရနိုင်ပါဘူး။ ကာကွယ်ခြင်းကသာ အဓိကဖြစ်ပါတယ်။ စိုက်ပျိုးတဲ့အခါ ရောဂါမရှိတဲ့စိုက်ခင်းက ကျန်းမာတဲ့ မျိုးကိုင်းများကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ ယင်ဖြူတွေကို ဓာတုပိုးသတ်ဆေး သို့မဟုတ် သဘာဝပိုးသတ်ဆေးများဖြင့် စနစ်တကျ နှိမ်နင်းသင့်ပါတယ်။ စိုက်ခင်းထဲမှာ ရောဂါလက္ခဏာတွေ့တာနဲ့ အပင်ကို အမြစ်ပါမကျန် နှုတ်ယူပြီး မီးရှို့ဖျက်ဆီးသင့်ပါတယ်။ မျိုးကိုင်းများ ဖြတ်တောက်တဲ့အချိန်မှာ ဓားတွေကို အပင်တစ်ပင်နဲ့တစ်ပင် ကူးတိုင်း (သို့မဟုတ်) စိုက်ခင်းတစ်ခုပြီးတိုင်း အယ်လ်ကိုဟော သို့မဟုတ် ကလိုရင်း (Bleach) ရည်နဲ့ ဆေးကြောသင့်ပါတယ်။ ဥတွေထဲမှာ အညိုရောင်အကွက်တွေ မပြန့်ပွားခင် (ဥပမာ - ၈ လ သို့မဟုတ် ၉ လသားမှာ) စောစောရိတ်သိမ်းခြင်းဖြင့် ဆုံးရှုံးမှုကို လျှော့ချနိုင်ပါတယ်။

ဘက်တီးရီးယား ရွက်ခြောက်ရောဂါ (Cassava Bacterial Blight - CBB)
ဘက်တီးရီးယား ရွက်ခြောက်ရောဂါဟာ ပီလောပီနံပင်ရဲ့ အရွက်၊ ပင်စည်နဲ့ အကိုင်းအခက်များကို ထိခိုက်စေနိုင်သော ရောဂါတစ်မျိုးဖြစ်ပြီး အထူးသဖြင့် မိုးများသောရာသီမှာဆိုရင် ပိုမိုပျံ့နှံ့လွယ်ပါတယ်။ ရောဂါလက္ခဏာများကတော့ ပထမဦးစွာ အရွက်များပေါ်မှာ ရေစိုနာကွက် (Angular water-soaked spots) လေးများ စတင်ပေါ်ပေါက်လာတတ်ပါတယ်။ ထိုအကွက်များ တဖြည်းဖြည်း ကြီးထွားလာပြီး အရွက်များ ညှိုးနွမ်းကာ လိပ်သွားခြင်း၊ ခြောက်သွေ့၍ ကြွေကျခြင်းတို့ ဖြစ်ပေါ်စေတတ်ပါတယ်။ ထို့ပြင် ရောဂါပြင်းထန်ပါက ပင်စည်နဲ့ အကိုင်းအခက်များမှ ဝါကြင့်ကြင့်အရောင်ရှိသော အစေးများ ထွက်လာတတ်ပြီး အပင်ထိပ်ပိုင်းမှစ၍ အောက်ခြေအထိ သေဆုံးသွားနိုင်ပါတယ်။ ကာကွယ်နှိမ်နင်းဖို့အတွက်ဆိုရင် ရောဂါပိုးဟာ ဓား၊ ပေါက်ပြားနဲ့ ထွန်ယက်ကိရိယာများမှတစ်ဆင့် တစ်ပင်မှတစ်ပင်သို့ ကူးစက်နိုင်တာကြောင့် အသုံးမပြုမီနဲ့ အသုံးပြုပြီးအချိန်တိုင်းမှာ ပိုးသတ်ဆေးရည် သို့မဟုတ် အယ်လ်ကိုဟောဖြင့် စနစ်တကျ သန့်စင်ပေးရပါမယ်။ ရောဂါရအပင် စတင်တွေ့ရှိတာနဲ့ အပင်ကို နှုတ်ယူပြီး စိုက်ခင်းနှင့်ဝေးရာမှာ မီးရှို့ဖျက်ဆီးခြင်းဖြင့် ရောဂါကူးစက်မှုကို ဖြတ်တောက်ရပါမယ်။ မြေကြီးထဲမှာ ခိုအောင်းနေနိုင်သော ဘက်တီးရီးယားပိုးများ သေကြေပျက်စီးသွားစေရန် ပီလောပီနံ တစ်မျိုးတည်းကို ဆက်တိုက်မစိုက်ဘဲ ပဲမျိုးစုံ သို့မဟုတ် အခြားသီးနှံများနဲ့ အနည်းဆုံး တစ်ရာသီမှ နှစ်ရာသီခန့် လှည့်လည်ပီးစိုက်ပျိုးပေးသင့်ပါတယ်။

မိုစိတ်ရွက်ပြောက်ဗိုင်းရပ်စ်ရောဂါ (Cassava Mosaic Virus)
မိုစိတ်ရွက်ပြောက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသော ရောဂါတစ်မျိုးဖြစ်ပြီး အပင်ရဲ့ ရှင်သန်ကြီးထွားမှုနဲ့ ဥအထွက်နှုန်းတို့ကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာအားဖြင့် အရွက်များပေါ်မှာ ပုံမှန်မဟုတ်သော အစိမ်းဖျော့ရောင်နဲ့ အဝါရောင် အကွက်အပြောက်များ အနှံ့အပြား ဖြစ်ပေါ်လာတတ်ပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ တိုက်ခိုက်မှုကြောင့် အရွက်များဟာ ပုံမှန်အတိုင်း မပြန့်ကားနိုင်တော့ဘဲ ပုံသဏ္ဌာန်ပျက်ယွင်းခြင်းနဲ့ တွန့်လိပ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။ အပင်ဟာ အရွက်များမှတစ်ဆင့် အာဟာရဓာတ်ကို ပြည့်ဝစွာ မထုတ်လုပ်နိုင်တော့တဲ့အတွက် မြေအောက်ရှိ ပီလောပီနံဥများဟာ မူလအရွယ်အစားထက် သိသိသာသာ သေးငယ်သွားပြီး အထွက်နှုန်းကို ကျဆင်းစေပါတယ်။ မိုစိတ်ရွက်ပြောက်ရောဂါဟာလည်း ယင်ဖြူ (Whitefly) မှတစ်ဆင့် ကူးစက်တတ်တာဖြစ်လို့ စိုက်ခင်းအတွင်း ပိုးမွှားနှိမ်နင်းရေးကို ဂရုပြုဆောင်ရွက်သင့်ပါတယ်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခဗျာ ဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 5 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ထူးနိုင်
အားလုံး
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
04/09/2026
မြေအောင်းသတ္တဝါဖြစ်တဲ့ ပွေးကောင်တို့အကြောင်း
31/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026