ကြက်တွေနာပြီး သေလို့ ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးမြူသူတွေ အခက်ကြုံ
ပဲခူးတိုင်းအနောက်ခြမ်းရှိ ဗမာကြက်ခေါ် ဒေသကြက်ကို တစ်နိုင်တစ်ပိုင် အိမ်တွင်းစီးပွားရေးအဖြစ် မွေးမြူရာ၌ ယခုရက်ပိုင်းတွင် ကြက်များ နာပြီး သေဆုံးသည်အထိ ရှိလာကြောင်း သိရသည်။
မိုးရွာသွန်းမှုများပြီး ဒေသကြက်များတွင် ရောဂါဝင်ရောက်ခြင်းကြောင့် ကြက်များ မှိုင်ခြင်း၊ အစားကောင်းစွာ မစားခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်ပြီးနောက် သေဆုံးသည်အထိ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကြက်များ နာပြီး သေဆုံးသည်အထိ ဖြစ်နေသည့် အခြေအနေများကြောင့် ကြက်မွေးမြူသူများသည် အရွယ်ရောက်ပြီး ရောင်းတန်းဝင်သည့် ကြက်များကို ဈေးကွက်အတွင်း ထုတ်ရောင်းချနေကြရကြောင်း သိရသည်။
"ကြက်တွေက ခြံနဲ့ အများကြီး မွေးတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အကောင် ၂၀ လောက် ရှိတယ်။ အဲဒါကို တဖြုတ်ဖြုတ် သေနေတာနဲ့ ကျန်တဲ့အကောင်တွေ အကုန်ရောင်းပစ်လိုက်ရတယ်။ ပုံမှန်ဆို ၇၀ သားလောက်မှ ထုတ်ရောင်းတာ။ အခုတော့ ၄၀ သား၊ ၅၀ သား အကောင်တွေကိုလည်း ထုတ်ရောင်းနေရတယ်" ဟု ဒေသကြက် တစ်နိုင်တစ်ပိုင် မွေးမြူရေးလုပ်ကိုင်သူ ကိုစိုးက ပြောသည်။

photo source from google
ဒေသကြက် တစ်နိုင်တစ်ပိုင် မွေးမြူမှုအနေဖြင့် အိမ်တစ်အိမ်တွင် ဒေသကြက်ခေါ် ဗမာကြက်မှာ အနည်းဆုံး ၅ ကောင်ရှိပြီး အများဆုံး အကောင် ၂၀ ဝန်းကျင်အထိ မွေးမြူမှု ရှိကြောင်း သိရသည်။
ဒေသကြက်ကို အိမ်တွင်းစီးပွားရေးအဖြစ် တစ်နိုင်တစ်ပိုင် မွေးမြူရာတွင် ရောဂါ မကျရောက်အောင် ကြိုတင်ကာကွယ်ခြင်းမျိုး မရှိသလောက် နည်းသည့်အပြင် ရောဂါကျရောက်ပါကလည်း ဆေးဝါးအသုံးပြုခြင်း မရှိသဖြင့် ကြက်တစ်ကောင် နာပါက ကျန်သည့်ကြက်များကိုလည်း ကူးစက်ကာ သေဆုံးမှု များလေ့ရှိကြောင်း သိရသည်။
"ကြက်မွေးတာ ကိုယ်က စီးပွားဖြစ် မွေးတာလည်း မဟုတ်တော့ ဒီတိုင်း ရိုးရိုးပဲပေါ့။ ရောဂါဖြစ်လို့ အနာဝင်ရင် သေကြတယ်။ အိမ်မှာ ၈၀ သားလောက် နှစ်ကောင် သေသွားပြီ။ ရောဂါဖြစ်လည်း ဘာဆေးသုံးရမယ် ဘာညာ မသိဘူးလေ။ ကြက်နာတာကို လိုက်ကုပေးတဲ့ တိရစ္ဆာန် ဆေးထိုးတဲ့သူလည်း မရှိဘူးဆိုတော့ ဒီတိုင်းပဲ နေရတာပဲ။ ဆေးထိုးတယ်ဆိုတာကလည်း ဈေးက များတယ်လေ။ အဲဒီတော့ ကြက်နာစပြီဆိုတာနဲ့ အရွယ်ရောက်တဲ့ ကြက်အကုန် ထုတ်ရောင်းတယ်" ဟု ပဲခူးအနောက်ခြမ်း ပြည်မြို့မှ ဒေါ်ကြည်က ပြောသည်။
လက်ရှိတွင် ဒေသကြက်ခေါ် ဗမာကြက် အရှင်ဖမ်းဈေးမှာ အိမ်အရောက် လာဝယ်သည့်ဈေးဖြင့် တစ်ပိဿာလျှင် ၁၈,၀၀၀ ကျပ်နှုန်း ရှိကြောင်း သိရသည်။
ဗမာကြက်ကို အိမ်တွင်း တစ်နိုင်တစ်ပိုင် မွေးမြူသူများသည် အအစားအစာအတွက် လွှတ်ကျောင်းစနစ်ဖြင့်သာ မွေးမြူကြခြင်း ဖြစ်သဖြင့် အစာအတွက် ဝယ်ယူကျွေးမွေးစရာ မလိုသောကြောင့် ကြက်အနာရောဂါ မဖြစ်လျှင် ကုန်ကျစရိတ် သက်သာပြီး အကျိုးအမြတ် ရရှိကြောင်း သိရသည်။
ဗမာကြက် မွေးမြူရန်အတွက် မျိုးကောင်းသည့် ကြက်မအမျိုးအစားကိုသာ အဓိက ဝယ်ယူပြီး ယင်းကြက်မမှ ပေါက်ဖွားလာသော ကြက်သားပေါက်များမှတစ်ဆင့် မျိုးပွားလာသည်များကို အစဉ်အဆက်မပြတ် မွေးမြူကြခြင်း ဖြစ်သဖြင့် ကြက်သားပေါက် ဝယ်ယူရသည့် ကုန်ကျမှုလည်း နည်းသောကြောင့် ဒေသကြက် မွေးမြူခြင်းသည် အိမ်တွင်းစီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုကြောင်း သိရသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မွေးမြူရေးသတင်း
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026