ပြည်တွင်း အသားငါးဈေးနှုန်းများ (၁၇.၆.၂၀၂၆)
ပြည်တွင်းအသားငါးဈေးကွက်တွင် ကြက်သား၊ ငါးဝက်မနှင့် ပုဇွန်အမျိုးအစားအားလုံး ဈေးနှုန်းမြင့်တက်လာပြီး အမဲသား၊ ဝက်သားနှင့် ငါးကြင်းဈေးနှုန်းများ ငြိမ်သက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
ယခုရက်ပိုင်းတွင် ကြက်အရှင်ဖမ်းဈေးများ ပြန်လည်ကျဆင်းသွားသော်လည်း အသားဈေးကွက်တွင်မူ ကြက်သားအပေါ်ပိုင်း (ရင်ညွန့်အသားနှင့် အရိုးအတွဲ) မှာ တစ်ပိဿာလျှင် ကျပ် ၂၇,၀၀၀ ဈေးရှိနေကြောင်း သိရသည်။
ငါးဝက်မသည်လည်း ယခင်က တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၁၀,၀၀၀ ဈေးရှိလာပြီး ပုဇွန်သည်လည်း အမျိုးအစားအလိုက် အနိမ့်ဆုံး တစ်ပိဿာလျှင် ကျပ် ၅၅,၀၀၀ မှ အမြင့်ဆုံး ကျပ် ၁ သိန်းနီးပါးအထိ ရှိလာကြောင်း သိရသည်။
"ကြက်သားက ကျပ် ၁,၀၀၀ တက်တယ်။ ပုဇွန်ထုပ်ဆိုရင် အကောင်အကြီးအသေး အရောအနှောကို ကျပ် ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိရှိတယ်။ တိုက်ဂါးခေါင်းဖြုတ်ဆိုရင်လည်း ကျပ် ၈၀,၀၀၀ ဈေးရှိတယ်။ ပုဇွန်ခွံနီ ခေါင်းပြုတ်တောင် ကျပ် ၆၀,၀၀၀ ဈေးဖြစ်နေပြီ။ အရင်ကဆို ကျပ် ၃၀,၀၀၀ လောက်ပဲရှိတာ" ဟု အသားငါး လက်လီလက်ကား ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။
အမဲသားမှာမူ ဈေးနှုန်းအတက်အကျ အပြောင်းအလဲ သိသာစွာမရှိဘဲ တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၃၃,၀၀၀ ဝန်းကျင်တွင်သာ ရှိနေပြီး ဝက်သားသည်လည်း ကျပ် ၃၂,၀၀၀ ဈေးတန်းတွင် ရှိနေကြောင်း သိရသည်။
အလားတူ ငါးကြင်းသည်လည်း အသားနှင့် ဗိုက်သားအရော တစ်ပိဿာလျှင် ကျပ် ၃၀,၀၀၀ ဈေးဖြင့် ငြိမ်နေပြီး စားသုံးမှု အသင့်အတင့်ရှိကြောင်း သိရသည်။

"ဈေးတွေက တက်တော့ အရင်းအနှီးကများပြီး အမြတ်ကတော့ အရင်က ပုံမှန် ကျပ် ၁၀,၀၀၀ မြတ်ရင် အခုလည်း ဒါပါပဲ။ အရင်းကျတော့ အရင်က ကျပ် ၂ သိန်းဆိုရင် အခု ကျပ် ၃ သိန်းလောက်မှ ရောင်းလို့ရတယ်" ဟု ကျေးရွာများသို့ ကုန်စိမ်းနှင့် အသားငါး လှည့်လည်ရောင်းချသူ မဝင်းပြုံးက ပြောသည်။
လက်ရှိ ပြည်တွင်းအသားငါးဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုများရှိသော်လည်း အရောင်းအဝယ်အခြေအနေမှာမူ ပုံမှန်အတိုင်း ရှိနေကြောင်း သိရသည်။
ပြည်တွင်းအသားငါး စားသုံးမှုအနေဖြင့် ငါးကြင်းနှင့် စီပီ (CP) ကြက်သားကို လူမျိုးဘာသာမရွေး စားသုံးမှုရှိသော်လည်း အမဲသားနှင့် ဝက်သားမှာမူ လူတစ်ဦးချင်းစီ၏ ကိုးကွယ်ယုံကြည်မှုနှင့် စားသောက်မှုပုံစံအပေါ် မူတည်၍ ကွဲပြားမှုများ ရှိနေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သားငါးဈေးနှုန်းများ
ကိုထွန်းမင်းလွင်
လွန်ခဲ့သော ၄ လ ကဟုတ်ကဲ့
ဆက်စပ်မေးခွန်းများ
ဂန္ဓမာပန်းပွင့်ရင်ပိုးသတ်ဆေးအက်စီတာမီပရစ်25အမှုန့်ကယ်စီယမ်ဘိုရွန်နဲ့တွဲဖျန်းရလား
မောပ်တိုးတတ် • ဖြေကြားချက် 0 ခု
မင်္ဂလာပါ ဆရာတို့ စိုက်ခင်း အဲ့လို ဖြစ်နေပါတယ် ဘာများ ဖြစ်တာလဲခင်ဗျာ
hhz • ဖြေကြားချက် 1 ခု
သီးနှံအတွက် မြေသြဇာမြေခံ ဘာအကောင်းဆုံးလဲ
ကျော်ထွန်း • ဖြေကြားချက် 1 ခု
ခေါင်ညွှန့်က ဘယ်အချိန်မှာ စနှိမ်ရတာလဲဗျ အပင်ငယ်ငယ်လေးနဲ့ အဖူးတေဝင်နေလို့
Htet Lin • ဖြေကြားချက် 2 ခု
အပင်သိပ်မတက်လို့ပါဆာလ်ဖာတစ်ကြိမ်အပင်အားဆေးတစ်ကြိမ်ဖျန်းထားပါတယ်ဘာဆက်လုပ်ရမလည်းလမ်းညွှန်ပေးပါအုံး
Aung Lin Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
ကုန်ကျစရိတ်သက်သက်သာနဲ့ နှစ်ပတ်အကြာမှာ စတင်အသုံးပြုနိုင်တဲ့ စူပါဘိုကာရှီ
16/11/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (9-13.10.2026)
16/11/2026
ကြက်သွန်နီဈေး ဆက်တိုက်တက်နေ
15/11/2026
ပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပညာ (အပိုင်း-၆)
10/11/2026
နိုဝင်ဘာ ၉ မှ ၁၅ ရက်အတွင်း မြန်မာနိုင်ငံကို ခြိမ်းခြောက်နိုင်သည့် မုန်တိုင်းဖြစ်ပေါ်နိုင်ခြေ လုံးဝမရှိ
09/11/2026
More from AMIA
အားလုံး