အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ

AMIA
AMIA • 28/07/2026

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ ရွှေစက်ရပ်ကွက်နှင့် သီတာရပ်ကွက် အပါအဝင် နေရာအချို့တွင် မွေးမြူထားသော ခိုင်းနွားများနှင့် နွားခြံများရှိ နွားအချို့တွင် အရေပြားရောဂါ ဖြစ်ပွားပြီး သေဆုံးသည်အထိပင် ရှိလာနေကြောင်း သိရသည်။

အရေပြားရောဂါ ဖြစ်ပွားသည့် နွားအချို့သည် လမ်းဘေး၌ပင် သေဆုံးသည်အထိ အခြေအနေ ဆိုးလာခြင်းဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ကွင်းဆင်းစစ်ဆေးပြီး ရောဂါကုသပေးခြင်း၊ မဖြစ်ပွားသေးသည့် နွားများအား ကာကွယ်ဆေး ထိုးပေးစေလိုကြောင်း ဒေသခံများက ပြောဆိုသည်။

အဆိုပါ အရေပြားရောဂါသည် နွားငယ်များတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ကူးစက်ပျံ့နှံ့မှု ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

"နွားငယ်လေးတွေ ပိုဖြစ်ပါတယ်။ ကျွန်တော့်ခြံမှာဆိုရင် နွားနှစ်ကောင် သေသွားပါပြီ။ တာဝန်ကျ တိရစ္ဆာန်ကုဆရာဝန်တွေကို ဘယ်မှာခေါ်ရမှန်း မသိဘူး ဖြစ်နေပါတယ်။ အခုဖြစ်နေတာ ကူးစက်ရောဂါပါ။ မိမိအစီအစဉ်နဲ့ မိမိ ဆေးထိုးနေရပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ စီမံချက်နဲ့ ကုသပေးစေလိုပါတယ်" ဟု မြစ်ကြီးနားရှိ နွားမွေးမြူရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

နွားများတွင် လက်ရှိဖြစ်ပွားနေသည့် ရောဂါလက္ခဏာမှာ ခန္ဓာကိုယ်ပေါ်တွင် အနီရောင်အစက်အပြောက်များ၊ အဖုအကြိတ်များကို တွေ့ရှိရပြီး အရေပြား ပေါက်ပြဲမှုကြောင့် ဖြစ်ပေါ်လာသည့် အနာနှင့် အနာဖေးများကို တွေ့ရကြောင်း သိရသည်။

"ခုထိ ကုနေရတုန်းပါပဲ။ မိုးရာသီ ရောက်လာပြီဆိုတော့ နေပူမိုးရွာ ပူအိုက်တော့ ယင်ကောင်က ကိုက်ပြီးတော့ တရုတ်ငှက်ပျောပုပ်က ယင်ကောင်ထင်တယ်၊ အရမ်းနားတယ်။ ကိုက်တဲ့နေရာကို ဆေးကတ္တရာ ပုံမှန်လိမ်းပေးပြီး မီး ညတိုင်း မွှေးပေးထားရတယ်။ ယင်မကပ်အောင်လို့ပါ။ အခုတော့ နည်းနည်းတော့ သက်သာလာပြီ။ အရေပြားပါးတဲ့ နွားတွေ ပိုဖြစ်ကြတယ်။ နွားကလေး ပိုဖြစ်တာများတယ်" ဟု နောက်ထပ် နွားမွေးမြူသူတစ်ဦးက ပြောကြားသည်။

အဆိုပါ နွားအရေပြားရောဂါသည် ကူးစက်ရောဂါကြောင့်ဖြစ်သည့် နွားရေကျောက်ရောဂါ (Lumpy Skin Disease - LSD) ဖြစ်နိုင်ခြေရှိကြောင်း ခန့်မှန်းပြောဆိုမှုများ ရှိနေပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်မူ အတည်ပြုပြောဆိုခြင်း မရှိသေးကြောင်း သိရသည်။

နွားရေကျောက်ရောဂါ (Lumpy Skin Disease - LSD) သည် ဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ခြင်၊ ယင်၊ မှက် စသည့် သွေးစုတ်ပိုးမွှားများမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားသည့် နွားများတွင် ခန္ဓာကိုယ် အရေပြား၌ အဖုအပိန့်များ ထွက်ခြင်း၊ အရေပြားအဖုများ ကွဲထွက်ပြီး အနာကျက်ရခက်သည့် အနီရောင် အနာစက်များဖြစ်ကာ အနာပေါက်ပြဲမှုများ ဖြစ်လာကြောင်း သိရသည်။

ယင်းအပြင် နွားတွင် ကိုယ်အပူချိန်တက်ပြီး ဖျားခြင်း၊ နို့ထွက်နှုန်း ရုတ်တရက် ကျဆင်းသွားခြင်း၊ အစာမစားခြင်း၊ မှိုင်နေခြင်း၊ နို့သီးခေါင်း၊ နှာခေါင်းနှင့် ပါးစပ်ထဲတွင် အနာများဖြစ်ပွားခြင်း၊ ခြေထောက် ရောင်ခြင်း၊ အချို့နွားများတွင်မူ ခြေထောက်နှင့် ရင်ဘတ်ပိုင်း ရောင်ရမ်းလေ့ရှိကြောင်း သိရသည်။

အဆိုပါ ရောဂါဖြစ်ပွားပါက ရောဂါဖြစ်သည့် နွားများကို သီးသန့်ခွဲထားရန် လိုကြောင်း၊ ဒါမှသာ အခြားနွားများကို ကူးစက်နိုင်မှု နည်းနိုင်ကြောင်း သိရသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

နွား ကျောက်ရောဂါ

နွား ကျောက်ရောဂါ

2
Phyo Lay

Phyo Lay

လွန်ခဲ့သော ၁ လ က

hello

U Saw

U Saw

လွန်ခဲ့သော ၂ လ က

အခုဓာတ်ပုံက အခုဖြစ်နေတဲ့ပုံလား?

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။