မှိုတက်တဲ့သီးနှံထဲက မမြင်ရတဲ့ အန္တရာယ် အဖ်လာတောင်ဇင် - Aflatoxin
ကျွန်မတို့မိတ်ဆွေတွေ မှိုတက်တဲ့ ငရုတ်သီး၊ ပဲ၊ မြေပဲ မစားရဘူး ဆိုတာကိုခဏခဏ ကြားဖူးကြမယ် ထင်ပါတယ်။ ဒါပေမယ့် ဘာကြောင့် မစားရတာလဲ? ဘယ်လိုအန္တရာယ်ရှိလဲ? ဆိုတာကိုတော့ မသိသေးတဲ့သူတွေ များနေသေးတာမို့ နားလည်လွယ်အောင် ပြောပြချင်ပါတယ်။
အဖ်လာတောက်ဇင်ဆိုတာက မှိုတွေက ထုတ်လွှတ်တဲ့ အဆိပ်တစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် ငရုတ်သီး၊ ပဲမျိုးစုံ၊ မြေပဲ၊ ပြောင်းလိုမျိုး သီးနှံတွေမှာ မှိုတက်သွားရင် အဲ့ဒီမှိုတွေကနေ အဖ်လာတောက်ဇင်ဆိုတဲ့ အဆိပ်ထွက်လာနိုင်ပါတယ်။ ဒီအဆိပ်ဟာ လူကို အသည်းကင်ဆာအထိ ဖြစ်စေနိုင်တဲ့ အန္တရာယ်ကြီးတဲ့ အဆိပ်ပဲဖြစ်ပါတယ်။
မှိုတွေ အများကြီးရှိပေမယ့် အဖ်လာတောက်ဇင်ကို အဓိက ထုတ်လွှတ်တဲ့ မှိုတွေကတော့ Aspergillus flavus နဲ့ Aspergillus parasiticus ဆိုတဲ့ မှိုအမျိုးအစားတွေပါ။ ဒီမှိုတွေဟာ မျက်စိနဲ့ မြင်ရတဲ့အချိန်လည်းရှိတယ်၊ မမြင်ရသေးတဲ့ အချိန်လည်းရှိပါတယ်။ အဲ့ဒါကြောင့် မျက်စိနဲ့မမြင်ရဘူးဆိုပြီး လုံခြုံတယ်လို့ မထင်သင့်ပါဘူး။ မှိုတွေဟာ အစောပိုင်းအဆင့်မှာ မျက်စိနဲ့ မမြင်ရသေးပေမယ့် အဆိပ်ကို ထုတ်လွှတ်နေနိုင်ပါတယ်။ တကယ်ကို သေချာစစ်ချင်ရင်တော့ ဓာတ်ခွဲခန်းမှာ မှိုကို မွေးကြည့်ပြီးမှသာ သိနိုင်ပါတယ်။
မှိုတွေမှာ စပေါ (spore) လို့ခေါ်တဲ့ အစေ့သဏ္ဌာန်လေးတွေရှိပါတယ်။ ဒီစပေါလေးတွေဟာ အရမ်းပေါ့ပါးတယ်။ လေထဲမှာ လွင့်ပျံနိုင်တာမို့ လေထဲ၊ ပတ်ဝန်းကျင်ထဲမှာ နေရာမရွေး ရှိနေနိုင်ပါတယ်။ ဒီစပေါလေးတွေက ထိခိုက်ပြီး နာထားတဲ့ သို့မဟုတ် ပွန်းပဲ့ထားတဲ့ အသီးအနှံ၊ အစိုဓာတ်များတဲ့ သီးနှံတွေပေါ်ကို ကျသွားရင် မှိုပေါက်ဖို့ အရမ်းလွယ်ပါတယ်။

အဓိကအနေနဲ့ ငရုတ်သီးတွေကို ခူးတဲ့အချိန်မှ အနာရသွားရင်၊ မခြောက်သေးဘဲ သိုလှောင်ရင်၊ စိုစွတ်တဲ့နေရာမှာထားရင် မှိုပေါက်ဖို့ အခွင့်အရေး ပိုများလာပြီး အဖ်လာတောက်ဇင်အဆိပ် ထွက်လာနိုင်ပါတယ် အဖ်လာတောက်ဇင်တွေထဲမှာ အန္တရာယ်အကြီးဆုံးက Aflatoxin B1 ဖြစ်ပြီး ဒီအဆိပ်ကို တစ်ကြိမ်ထဲမှာပဲ အများကြီးစားမိရင်ဖြစ်စေ၊ နည်းနည်းကို ထပ်ခါထပ်ခါ စားမိရင်ဖြစ်စေ၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာ ဖြစ်နိုင်ခြင်းအထိ အန္တရာယ်ရှိပါတယ်။
တောင်သူတွေအနေနဲ့ သီးနှံခူးတဲ့အချိန် အနာမဖြစ်အောင် သတိထားပါ၊ ခူးပြီးပြီးချင်း ကောင်းကောင်း ခြောက်အောင်လုပ်ပါ၊ စိုစွတ်တဲ့နေရာမှာ မသိုလှောင်ပါနဲ့၊ မှိုတက်နေတဲ့ သီးနှံကို မရောင်းပါနဲ့။ ကိုယ်တိုင်လည်းမစားပါနဲ့။ “နည်းနည်းပဲ မှိုတက်တာ” ဆိုပြီး ရောင်းချတာကလည်း ရေရှည်မှာ အန္တရာယ်ရှိနိုင်ပါတယ်။ သီးနှံစိုက်ပျိုးခူးဆွတ် အခြောက်လှမ်းတဲ့အချိန်တွေမှာ မှိုမပေါက်အောင် ကာကွယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။
နိဂုံးချုပ်အနေဖြင့် အဖ်လာတောက်ဇင်ဆိုတာ မှိုကနေ ထွက်လာတဲ့ အဆိပ်ဖြစ်ပြီး လူ့ကျန်းမာရေးကို အလွန်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သီးနှံစိုက်ပျိုးခြင်းကနေ သိုလှောင်ခြင်းအထိ အဆင့်တိုင်းမှာ သတိထားခြင်းက ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင် ကာကွယ်ခြင်းပဲဖြစ်ပါတယ်။
Mekong Institute ရဲ့ ပံ့ပိုးကူညီမှုနဲ့ Global Food Safety Institute, Dekina Agri-Business Management Institute , Green Way - အစိမ်းရောင်လမ်း , Myanmar Innovative Life Sciences , Myanmar Fruit, Flower and Vegetable Producer and Exporter Association တို့က ပူးပေါင်းရေးသားထားသော ဆောင်းပါးဖြစ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026