အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)

အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)

Green Way
Green Way • Greenovator • 14/09/2023

အစားအစာထုတ်လုပ်သူများအတွက် အရေးပါသော နည်းလမ်းကောင်းများ (၂)

၁။ အစားအစာများကို ပြင်ဆင်ခြင်း၊ ထုတ်လုပ်ခြင်း

o   လတ်ဆတ်သော၊ စံနှုန်းမှီသော ကုန်ကြမ်းများကိုသာ သုံးရမည်။

o   သန့်ရှင်းသောရေကိုသာ အသုံးပြုရမည်။

o   ကုန်ကြမ်းများကို စနစ်တကျ ခွဲခြား၍ FIFO (First In First Out) (အရင်ရ -အရင်သုံး) နည်းလမ်းကို အသုံးပြုရမည်။

o   အစားအသောက်ထုတ်လုပ်စဉ် အသုံးပြုသည့်အသုံးအဆောင်များသည် သံချေးမတက်နိုင်သောသံမဏိ stainless steel နှင့် ပြုလုပ်ထားသောအရာများကိုသာ သုံးရမည်။

o   မတူညီသော ထုတ်ကုန်များပေါ်မူတည်၍ တိကျသောအသေးစိတ်လုပ်ငန်းစဉ်များကို အစဉ်လိုက် ရေးဆွဲထားရမည်။

o   သတ်မှတ်ထားသော ထိန်းချုပ်မှုအဆင့်များကို သေချာစွာလိုက်နာရမည်။ (ဥပမာ - အပူချိန် နှင့် ကြာချိန်ကို ထိန်းချုပ်ခြင်း)

o   အစားအစာထည့်ရန် သတ်မှတ်ထားသော ထုတ်ပိုးမှု ပစည်းများကိုသာ သုံးရမည်။

o   အစားအစာ ဘေးကင်းရှင်းရေး လုပ်ငန်းစဉ်များကို စနစ်တကျ လိုက်နာဆောင်ရွက်ရမည်။

၂။ အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြခြင်း

အစားအစာများတွင် ကုန်စည်အညွှန်း ဖော်ပြရာတွင် မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အခြေခံမူများကို လိုက်နာရမည်။

o   အစားအသောက်၏ ထူခြားသော သွင်ပြင် လကဏာ၊ ဂုဏ်သတ္တိများနှင့် စပ်လျဉ်း၍ မှားယွင်းသော ထင်မြင်ချက်များ ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက်၊ အဓိပ္ပါယ်လွဲမှားစေသော သို့မဟုတ် အဓိပ္ပါယ်နှစ်ခွ ဖြစ်စေသော ဖော်ပြချက်၊ လိမ်လည်လှည့်ဖြားသော ဖော်ပြချက်၊ မှားယွင်းသည့် ထင်မြင်ယူဆချက်ကို ဖြစ်ပေါ်စေနိုင်သော ဖော်ပြချက် သို့မဟုတ် အလားတူ ဖော်ပြချက်များ မပါရှိစေရပါ။

မြန်မာနိုင်ငံ စံချိန်စံညွှန်း သို့မဟုတ် နိုင်ငံတကာ စံချိန်စံညွှန်း သတ်မှတ်ချက်များအရ အသင့်ထုတ်ပိုးထားသည့် အစားအသောက်၏ ထုပ်ပိုးမှုတွင် အောက်ပါအချက်များ မဖြစ်မနေ ဖေါ်ပြထားရပါမည်။

၁. အစားအသောက် အမျိုးအမည် (The name of the food)

၂. ပါဝင်ပစည်းစာရင်း (List of ingredients)

၃. အသားတင် ပမာဏ၊ အရေအတွက် နှင့် အရည်စစ် အလေးချိန် (Net weight, Quantity and drained weight)

၄. အမည် နှင့် လိပ်စာ (Name and address)

၅. ထုတ်လုပ်သည့်နိုင်ငံ (Country of origin)

၆. မျိုးတူစု အထောက်အထား (Lot identification)

၇. ရက်စွဲ အမှတ်အသား (Date marking)

၈. သုံးစွဲရန် အညွှန်း (Instruction for use)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

11
ဦးဝင်းနိုင်

ဦးဝင်းနိုင်

လွန်ခဲ့သော ၃ နှစ် က

ပဲခူးတိုင်းကလဲ နောက် ၃ ရက် မှ ၁၀ ရက်အတွင်းမှာ မိုးဆက်ပြီးများနေဦးမှာကြောင့် တောင်ငူခရိုင်လဲ မိုးများနေဦးမဲ့ အခြေအနေက ဆက်ရှိနေပါဦးမယ်။

ကိုအောင်

ကိုအောင်

လွန်ခဲ့သော ၃ နှစ် က

ပဲခူး တောင်ငူခရိုင်မိုးလေပြောပေးပါအုံး

ဦးဝင်းနိုင်

ဦးဝင်းနိုင်

လွန်ခဲ့သော ၃ နှစ် က

ကရင်ပြည်နယ် - နောက်လာမဲ့ ၃ ရက်မှ ၅ ရက်အတွင်း မိုးများနေမှာပါ

ဒေါ်နှင်းဆီ

ဒေါ်နှင်းဆီ

လွန်ခဲ့သော ၃ နှစ် က

ကရင်ပြည်နယ်ကမိုးအနည်းအများလေးကြည့်ပေးပါဆရာ

ဦးဝင်းနိုင်

ဦးဝင်းနိုင်

လွန်ခဲ့သော ၃ နှစ် က

ရှမ်းပြည်နယ်တောင်ပိုင်း - ဖယ်ခုံမြို့နယ် စက်တင်ဘာလ မိုးမရွာနိုင်သည့်ရက် - ၄ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးရွာနိုင် အောက်တိုဘာလ - မိုးမရွာနိုင်သည့်ရက် - ၈ ရက်ခန့်ရှိပြီး မိုးများနိုင်သည့်ရက် ၂ ရက်ခန့်ရှိနိုင်၊ ကျန်ရက်များ မိုးပါးပါးရွာနိုင် နိုဝင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၁၉ ရက်ခန့်ရှိပြီး ကျန်ရက်များ မိုးအသင့်အတင့်ရွာနိုင် ဒီဇင်ဘာလ - မိုးမရွာနိုင်သည့်ရက် - ၂၇ ရက်ခန့်ရှိပြီး ကျန်ရက်အနည်းငယ်တွင် မိုးခပ်ပါးပါးကျနိုင်သည်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။