ပျားလေးတွေရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်များ
ကမ္ဘာကြီးရဲ့ တာဝန်တော်တော်များများကို ကျောပိုးထားတယ်ဆိုပြီး လူတိုင်းသိကြတဲ့ ပျားတွေဟာ စိုက်ပျိုးရေးကဏ္ဍမှာအကျိုးပြုရုံသာမက သူတို့ဆီကရတဲ့ ပျားရည်ဟာလည်း လူသားတွေအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိလို့နေပါတယ်။
တကယ်လို့ ပျားတွေသာ ကမ္ဘာကြီးပေါ်က လုံးဝ ပျောက်ကွယ်သွားမယ်ဆိုရင် လူသားတွေဟာ ဆက်လက်အသက်ရှင်ဖို့ ၄ နှစ်လောက်ပဲတတ်နိုင်တော့ပါမယ်တဲ့။ (အဲ့ဒီအကြောင်းရင်းသီးသန့်ကြောင့်မဟုတ်ပေမဲ့ အဲ့ဒီကနေ ဆက်စပ်ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ကြောင့်ပါ)
လူသားတွေအတွက် မရှိမဖြစ် အကောင်လေးတွေလို့ဆိုရင်ကို လွန်မယ်မထင်ပါဘူး။ (ဒီအကြောင်းကို သီးသန့်ဆောင်းပါးတစ်ပုဒ်အနေနဲ့ ဖော်ပြပေးသွားပါဦးမယ်)
ဒီလိုမျိုးကောင်းကျိုးတွေကို ထောက်ပံ့ပေးနေတဲ့ ပျားတွေမှာဆိုရင် ထူးခြားချက်လေးတွေ ရှိလို့ နေပါတယ်။ အဲ့တာတွေကတော့..
- (၁) ပျားတွေမှာ မျက်လုံး ၅ လုံးတောင်မှ ပါရှိပါတယ်တဲ့။
- (၂) ပျားတွေမှာ ခြေထောက် ၆ ချောင်းရှိလို့ သူတို့ကို အင်းဆက်အုပ်စုထဲ ထည့်သွင်းထားပါတယ်။
- (၃) ပျားတွေက တစ်နာရီကို မိုင် ၂၀ ခန့်ထိတောင် ပျံသန်းနိုင်ပါတယ်။
- (၄) ဘုရင်မကလွဲပြီး ကျန်ပျားမတွေအားလုံးက လုပ်သားပျားတွေပဲ ဖြစ်ပါတယ်။
- (၅) ပျားဘုရင်မက တစ်နေ့ကို အမြင့်ဆုံး ၂၀၀၀ လောက်ထိ ဥအုချနိုင်ပါတယ်။
- (၆) ပျားတွေက သူတို့ရဲ့ ဆူးချွန်တွေနဲ့ ထိုးသွင်းပြီး တုပ်လိုက်ပြီးနောက် လူရဲ့အရေပြားမှာ သူ့ရဲ့ ဆူးချွန်ကျန်ခဲ့မယ်ဆိုရင် သေသွားမှာဖြစ်ပါတယ်။
- (၇) ပျားတွေ ကမ္ဘာပေါ်မှာ ရှိနေတာဟာ နှစ်ပေါင်းသန်း ၃၀ ခန့်တောင်ရှိနေပြီဖြစ်ပါတယ်တဲ့။
- (၈) ပျားတွေက ဝတ်မှုန်များကို သယ်ဆောင်ရန် သူတို့ရဲ့ နောက်ခြေထောက်မှာ corbicula လို့ခေါ်တဲ့ ဝတ်မှုန်သယ်ခြင်းတောင်းပါရှိပါတယ်။
- (၉) ပျားအုံတစ်အုံမှာ ပျားကောင်ရေ စုစုပေါင်း ၅၀၀၀၀ ခန့်ထိ ရှိပါတယ်။
- (၁၀) ပျားလေးတွေအနေနဲ့ ပျားရည် ၁ ပေါင် (၂၇ ကျပ်သားခန့်) ရရှိဖို့ ပန်းပွင့်ပေါင်း ၂ သန်းဝန်းကျင်ဆီက ဝတ်မှုန်များကို စုဆောင်းရပါတယ်တဲ့။
- (၁၁) ဒါပေမဲ့ ပျမ်းမျှအားဖြင့်တော့ ပျားတစ်ကောင်ဟာ သူတို့ရဲ့ ဘဝမှာ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းရဲ့ ၁၂ ပုံပုံလျှင် တစ်ပုံခန့်သာ စုဆောင်းနိုင်ပါတယ်။
- (၁၂) အမေရိကန်မှာ ပျားရည်စားသုံးမှုက ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်စားသုံးမှု ၁.၃ ပေါင် ဖြစ်ပါတယ်။
- (၁၃) ပျားလေးတွေမှာ တောင်ပံ ၂ စုံတောင် ရှိပါတယ်။
- (၁၄) ပျားတွေက pheromones (ဖီရိုမုန်း) လို့ခေါ်တဲ့ ဟော်မုန်းလိုမျိုး ခန္ဓာကိုယ်စစ်ထုတ်ရည်တစ်မျိုးကို သုံးပြီး အချင်းချင်း အဆက်အသွယ်လုပ်ကြပါတယ်။
- (၁၅) ပျားထီးတွေက သူတို့ရဲ့ ဘဝမှာ ပျားဘုရင်မနဲ့ တစ်ကြိမ်သာ မိတ်လိုက်ကြပြီး လေထဲမှာပဲ မိတ်လိုက်ကြတာဖြစ်ပါတယ်။ မိတ်လိုက်ပြီးပြီဆိုတာနဲ့ အဲ့ဒီပျားထီးလည်း သေသွားပါတယ်။
- (၁၆) ပျားဘုရင်မကတော့ များသောအားဖြင့် သူတို့ရဲ့ ဘဝမှာ သက်တမ်းတစ်ကြိမ်သာ မိတ်လိုက်ပါ တယ်။ အဲ့ဒီတစ်ကြိမ်အတွင်း ပျားထီးအကောင်ရေတော်တော်များများနဲ့ မိတ်လိုက်လိုက်တာဖြစ်ပြီး မိတ်လိုက်မှုပြုလုပ်တဲ့ကာလကတော့ တစ်ရက်ကနေ နှစ်ရက်ထိ ကြာနိုင်တယ်လို့ သိရပါတယ်။

ပျားတွေက ဝတ်မှုန်ကူးရာမှာအရေးကြီးတဲ့ အကောင်လေးများဖြစ်ကြတာပါ။ အမေရိကန်နိုင်ငံမှာ ဆိုရင် အသီး၊ အစေ့အဆန်နှင့် ဟင်းသီးဟင်းရွက်တွေအပါအဝင် ခန့်မှန်းချေ စိုက်ပျိုးသီးနှံ ၁၃၀ လောက်ထိကို ဝတ်မှုန်ကူးပေးနေကြသူလေးတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ပျားတွေရဲ့ ဝတ်မှုန်ကူးခြင်းကြောင့် သီးနှံအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကာ နှစ်စဉ် ခန့်မှန်းချေ ဒေါ်လာ ၁၄ သိန်းလောက် ရရှိနေတယ်လို့ သိရှိရပါတယ်။
Ref: https://honeybeenet.gsfc.nasa.gov/Honeybees/Basics.htm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဆုမြတ်နိုး
အားလုံး