မိုးကောင်းချိန် ပုစွန်တုပ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူမည်ဆိုသော်...
မိုးရာသီ မိုးကောင်းကာလဖြစ်သည့် ယခုလို ဇွန်၊ ဇူလိုင်လများတွင် ပုစွန်မွေးတောင်သူများအနေဖြင့် သားပေါက်များစတင်ထည့်သွင်းမွေးမြူနိုင်ပြီး အောက်ပါအချက်များကိုတော့ သတိပြုလုပ်ဆောင်ရန် လိုပါသည်။

၁။ ဇွန်၊ ဇူလိုင်လများတွင် မိုးကောင်းပါက ပုစွန်မွေးတောင်သူများသည် မိုးရေကို ကောင်းစွာသိုလှောင်ထားရန် လိုအပ်ပါသည်။ ကန်လွတ်များရှိပါက တတ်နိုင်သလောက် မိုးရေကို သိုလှောင်ထားရန် လိုအပ်သည်။
၂။ သိုလှောင်ထားသောရေများတွင် အနည်းဆုံး ရေအနက် ၅ ပေခန့်ထားရှိ၍ ကလိုရင်းအမှုန့် ၁၀ ဂရမ်မှ ၂၅ ဂရမ်အထိ ထည့်၍ ရေကိုလှုပ်ခတ်စေပြီး ကောင်းမွန်စွာထိန်းသိမ်းထားရန် လိုအပ်ပါသည်။ ကလိုရင်းထည့်ခြင်းဖြင့် ရေကိုသန့်စင်စေပြီး ပိုးမွှားများသေစေနိုင်ပါသည်။
၃။ မိုးကောင်းသောရာသီဖြစ်သည့်အတွက် ယခုလိုရာသီတွင် ပုစွန်သားပေါက်များ ထည့်သွင်းသိုလှောင်နိုင်သည်။ သားပေါက်များသိုလှောင်ရာတွင် ကန်အတွင်း၌ ခြင်ထောင်ဇာများကိုထောင်၍ ၎င်းဇာခြင်ထောင်အတွင်းသို့ ပုစွန်သားပေါက်များကို ထည့်သွင်းသိုလှောင်ပြီး ၎င်းမှတဆင့် ၁၅ ရက်ခန့်ကြာပါက အသင့်ပြင်ထားသောကန်အတွင်းသို့ထည့်ပြီး ဆက်လက်မွေးမြူရမည်။ အဆိုပါအသုံးပြုမည့်ကန်များသည် ၀.၅ ဧကမှ ၁၉ ဧကအတွင်းရှိ ကန်များကို အသုံးပြုနိုင်သည်။
၄။ ထိုသို့ပြုမူဆောင်ရွက်ပါက ပုစွန်သားပေါက်များကြီးထွားလာပြီး သက်ကြီးကောင်အဆင့်သို့ ကူးပြောင်းလာမည်ဖြစ်သည်။
၅။ သက်ကြီးကောင်(Adult Prawn )အဆင့်သို့ ရောက်ရှိသောပုစွန်များကို ပြုပြင်ထားသောကန်များတွင်ဆက်လက်မွေးမြူပါက ရေချိုပုစွန်တုပ်ကြီးအဆင့်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ အနည်းဆုံး(၈)လခန့်မွေးမြူသွားရမည်။
၆။ ပုစွန်သားပေါက်များ စနစ်တကျသယ်ယူပို့ဆောင်မည်ဆိုပါက ကောင်ရေ (၂၅၀၀) မှ (၃၀၀၀)ခန့်ဆံ့သည့်အလျားလက်မ ၃၀၊ အနံလက်မ၂၀ ခန့်ရှိ ပလတ်စတစ်အိတ်များကို အသုံးပြုရမည်။ လိုအပ်သောရေအနည်းအများကိုထည့်၍ အောက်ဆီဂျင်ဓာတ်ငွေ့ ဖြည့်သွင်းပေးရမည်။ အောက်ဆီဂျင်ဓာတ်ငွေ့ ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်လာပါက ပလတ်စတစ်အိတ်ကို တင်းကြပ်လာအောင် အိတ်၏ထိပ်ကို သားရေကွင်းအကြီးဖြင့် တင်းကျပ်စွာချည်နှောင်ထားရမည်။
ထိုသို့ သိုလှောင်ပြီးသယ်ယူပါက ပုစွန်စခန်းများမှ ကန်များသို့အရောက်သယ်ယူမှုမှာ ချောမောစွာရောက်နိုင်ပြီး အချိန်သုံးနာရီခန့်ထိ ထိန်းသိမ်းနိုင်ပါသည်။ သားပေါက်သယ်ယူခြင်းများကို နံနက်စောစောသော်လည်းကောင်း၊ ညနေစောင်းနေဝင်ချန်တွင်လည်းကောင်း သယ်ယူနိုင်ပါသည်။
၇။ ကျင့်သားရအောင်ဆောင်ရွက်ခြင်း
ပလတ်စတစ်အိတ်ဖြင့် သယ်ယူလာသောပုစွန်များကို ပြုစုကန်အတွင်းသို့ ထည့်မည်ဆိုပါက အထူးသဖြင့်ပုစွန်ထည့်လိုသောအိတ်ထဲရှိ ရေ၏ဂုဏ်သတ္တိနှင့် ပုစွန်ထည့်မည့်ကန်အတွင်းရှိရေ၏ဂုဏ်သတ္တိများသည် မတူညီကြ၍ သဘာ၀ဝန်းကျင်ဖိစီးမှုဒဏ်ကြောင့်(Stress)ရပြီး ပုစွန်သားပေါက်များသေစေနိုင်သည်ကို သတိပြုရမည်။
ထို့ကြောင့်ကျင့်သားရအောင်(Acclimation) ဆောင်ရွက်ရာတွင် ပထမဆုံး ပုစွန်ထည့်ထားသောအိတ်ကို ထည့်မည့်ကန်ရေအတွင်းတွင် မိနစ် ၃၀ ခန့် မျှောထားပေးရမည်။ ၎င်းနောက် မွေးမြူရေးကန်အတွင်းရှိရေ၏ အပူချိန်နှင့် ပလတ်စတစ်အိတ်ထဲမှရေအပူချိန်တို့ကိုတိုင်းပြီး အပူချိန်တူညီပြီဆိုမှ ပလတ်စတစ်အိတ်ထဲမှပုစွန်များကို တဖြည်းဖြည်းချင်း ကန်အတွင်းသို့လွှတ်ပေးရမည်။
အထက်ပါအချက်များကို ယခုလိုမိုးတွင်းကာလတွင် ဆောင်ရွက်နိုင်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
samgshwee
လွန်ခဲ့သော ၃ နှစ် ကဟု
ဆက်စပ်ဆောင်းပါးများ
ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း
ဆက်စပ်မေးခွန်းများ
ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ
မင်းသက် • ဖြေကြားချက် 3 ခု
ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား
ကျော်သက်အောင် • ဖြေကြားချက် 1 ခု
နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅
ထက်ဝဏ္ဏအောင် • ဖြေကြားချက် 1 ခု
အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ
Than Soe • ဖြေကြားချက် 1 ခု
ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ
AHP • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
အားလုံး
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023