အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
18
လွန်ခဲ့သော ၄ လ က · လပွတ္တာ

ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ

သားပေါက်ထည့်သွင်းခြင်း

ဖြေကြားချက် ၃ ခု

245 လွန်ခဲ့သော ၃ လ က

ရေချိုပုစွန်မွေးမြူရေးကိုဆောင်ရွက်မယ်ဆိုရင် ၁။ Biology ပုစွန်ရဲ့သဘာဝကိုသိဘို့အရေးဆုံးပါ။ ၂။ Feeding habit အစာစားသောက်ပုံ ကိုသိဘို့လိုပါမယ်။ ၃။ Water quality management ကိုကျွမ်းကျင်ဘို့လိုပါမယ်။ ၄။ ငါးဦးစီးဌာနမှာသင်တန်းတွေရှိပါတယ်။ ၅။ ပုစွန်မွေးနည်းပညာကငါးမွေးမြူရေးထက်မြင့်ပါတယ်။

245 လွန်ခဲ့သော ၃ လ က

ရေချိုပုစွန်သားပေါက် တွေကို မတ်၊ ဧပြီ၊ မေ လ​အတွင်း ​​သား​​ ပေါက်ရာသီ သဘာဝ ရေချိုရေငံစပ်ဒေသတွေမှာစုဆောင်းရရှိနိုင်ပါတယ်။ သားဖောက်ရုံတွေမှာလဲ အဲလအတွင်းမှာရနိုင်ပါတယ်။ ပုစွန်သားဖောက်ရုံတွေက တွံတေး နဲ့ မှော်ဘီ မှာရှိပါတယ်။ စာရေးထားပုံကိုကြည့်ရတာ အတွေ့အကြုံမရှိသေးဘူးလို့ယူဆပါတယ်။ ပုစွန်မွေးမြူရေးသင်တန်းကိုတက်ပြီးမှဆောင်ရွက်သင့်ပါတယ်။

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၄ လ က

မိုးရာသီ ဇွန် ဇူလိုင်လတွေမှာ ထည့်သင့်ပါတယ်ဗျ။ အသေးစိတ်ကို ဒီဆောင်းပါးမှာ လေ့လာလို့ရပါတယ်။ မိုးကောင်းချိန် ပုစွန်တုပ်သားပေါက်များ စတင်ထည့်သွင်းမွေးမြူမည်ဆိုသော်... အစာစပ်နည်းကိုတော့ ဒီမှာလေ့လာပါဗျ ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။