အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးကျေ

ဦးကျေ

မွေးမြူရေးသမား · ဒဂုံမြို့သစ်တောင်ပိုင်း

245
လွန်ခဲ့သော ၃ လ က

အထက်မြန်မာပြည် ဦးရဲမြင့် ၀၉ ၂၅၉ ၀၆၁ ၃၁၂ အောက်မြန်မာပြည် ဒေါက်တာ စိုးမိုး ၀၉ ၇၇၀ ၉၁၆ ၈၉၂ ဆက်သွယ်မေးမြန်းပါ။

၀က်ကလေးတွေကို 35 ရက်သားမှာ သားခွဲတယ် cp950kp(5kg) 1အိတ်ကျွေးထားတာ ခုနေ့ 41 ရက်သားမှာ cp ကုန်သွားလို့ newhope 880 ကျွေးလိုက်တာ ၀မ်းလျှောကုန်လို့ 950kp ဘဲပြန်ကျွေးရမလား အကြံပေးကြပါအုံးဗျာ

ဝက်မွေးမြူနည်း အကြံဉာဏ်
လွန်ခဲ့သော ၃ လ က

အထက်မြန်မာပြည်။ ဦးရဲမြင့် ၀၉ ၂၅၉ ၀၆၁ ၃၁၂ အောက်မြန်မာပြည်။ Dr. Soe Moe mils ၀၉ ၇၇၀ ၉၁၆ ၈၉၂ ချိတ်ဆက်ပြီးအကြံဥဏ်တောင်းခံနိုင်ပါတယ်။

ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ

လွန်ခဲ့သော ၃ လ က

ပုစွန်မွေးမြူခြင်းနည်းပညာက ငါးမွေးမြူရေးထက်မြင့်ပါတယ်။ ၁။ Biological of prawn ပုစွန်ရဲ့သဘာဝကိုသိရမယ်။ ၂။ What is Aqua ရေရဲ့သဘာဝကိုသိရမယ်။ -Biological factor ရေရဲ့ဇီဝဆိုင်ရာအချက် -Physical factor ရေရဲ့ရုပ်ပိုင်းဆိုင်ရာအချက် -Chemical factor ရေရဲ့ဓါတုဆိုင်ရာအချက် ၃။ Culture method မွေးမြူရေးနည်းစနစ် ၄။ Water quality managemant ကျွမ်းကျင်ပိုင်နိုင်စွာသိရမယ်။ ခုမှစမဲ့သူ fresher ဆိုရင်တော့ငါးဦးစီးမှာသင်တန်းကိုအရင်တက်ဘို့အကြံပြုချင်ပါတယ်။ ပုစွန်ကမကျွမ်းကျင်ရင် zero ဖြစ်တတ်ပါတယ်။ အရင်းနှီးကြီးတယ်။

ပုစွန်မွေးမြူနည်း

လွန်ခဲ့သော ၃ လ က

သဘာဝ EM ဆိုတာ generally Effective Microorganisms (အကျိုးပြုအဏုဇီဝများ) ကို ဆိုလိုပါတယ်။ မြေဆီလွှာ၊ အပင်၊ ရေ၊ အညစ်အကြေးတွေထဲမှာ အကျိုးပြုတဲ့ မိုက်ခရိုအော်ဂဲနစ်များကို စုပေါင်းအသုံးပြုတဲ့ စနစ်ပါ �။ အဓိပ္ပါယ် EM ဟာ မျက်စိနဲ့မမြင်ရတဲ့ အကျိုးပြုအဏုဇီဝတွေကို ရောစပ်မွေးမြူထားတဲ့ ဖျော်ရည်/နည်းပညာတစ်မျိုးဖြစ်ပြီး မြေဆီလွှာအရည်အသွေး၊ အပင်ကြီးထွားမှု၊ အနံ့ဆိုးလျော့နည်းမှု စတာတွေကို ကူညီနိုင်တယ်လို့ ဖော်ပြထားပါတယ် �။ အသုံးများရာနေရာ စိုက်ပျိုးရေးမှာ မြေဆီလွှာပြုပြင်ရန်။ အပင်အတွက် အာဟာရစုပ်ယူမှု ကူညီရန်။ အော်ဂဲနစ်အညစ်အကြေးတွေကို မြန်မြန်ဆွေးမြေ့စေရန်။ အနံ့ဆိုးလျော့ရန် �။ မှတ်ထားရန် “သဘာဝ EM” လို့ ပြောတဲ့အခါ တချို့က မူလ EM, EM concentrate, အသင့်သုံး EM စတဲ့ ကွဲပြားတဲ့ ပုံစံတွေကိုပါ ဆိုလိုတတ်ပါတယ် �။ အလွယ်ပြောရရင် EM က အကျိုးပြုဘက်ကို ထောက်ပံ့တဲ့ သေးငယ်သော သက်ရှိပိုးမွှားများ ကို သုံးတဲ့ သဘာဝနည်းပညာတစ်ခုပါ �။ လိုရင် နောက်တစ်ဆင့်အနေနဲ့ EM ကို ကိုယ်တိုင်လုပ်နည်း, သို့မဟုတ် ငါးမွေးမြူရေးမှာ EM ကို ဘယ်လိုသုံးလဲ ဆိုတာကိုလည်း ရှင်းပြနိုင်ပါတယ်။

မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?

လွန်ခဲ့သော ၃ လ က

အထက်မြန်မာပြည်တာန်ခံ ဦးရဲမြင့် ၀၉၂၅၉ ၀၆၁ ၃၁၂ ဆက်သွယ်ဆောင်ရွက်ပါရန်။ အောင်မြင်ပါစေ။

သားတိုးကြက်အကြောင်း ကျွန်တော်ကအသားတိုးကြက်မွေးချင်လို့ပါ အဆက်သွယ်ကိုယ်စားလှယ်လိုချင်ပါတယ် မကွေးတိုင်းဆောမြို့နယ်ကပါ အသိရှိရင် ဆရာတို့မိတ်ဆွေတို့ကူညီပေးပါဦးနော် အစဦးဆုံးမွေးမှာမို့ပါ ကူညီပေးကြပါဦးဗျာ

လွန်ခဲ့သော ၃ လ က

ဧရာဝတီတိုင်း မအူပင်မြို့နယ် အောင်ဟိတ်ငါးစခန်း နဲ့ တလုပ်လ ငါးစခန်းတွေမှာသင်တန်းတွေပေးနေပါတယ်။ လက်တွေ့သင်တန်းတက်မှကျွမ်းကျင်နိုင်မှာဖြစ်ပါတယ်။ ပညာတရပ်ကိုပြောပြယုံနဲ့မတတ်မြောက်နိုင်ပါ။ သင်တန်းတက်ဖို့အကြံပြုပါတယ်။

ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ

ငါးသားဖောက်နည်း
လွန်ခဲ့သော ၃ လ က

ငါးဆေးထိုးသားဖောက်သင်တန်းတွေကို ငါးလုပ်ငန်းဦးစီးဌာနငါးစခန်းတွေမှာ ယခုမိုးရာသီမှာသင်တန်းတွေပေးနေပါတယ်။

ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ

ငါးသားဖောက်နည်း
လွန်ခဲ့သော ၃ လ က

ရေချိုပုစွန်မွေးမြူရေးကိုဆောင်ရွက်မယ်ဆိုရင် ၁။ Biology ပုစွန်ရဲ့သဘာဝကိုသိဘို့အရေးဆုံးပါ။ ၂။ Feeding habit အစာစားသောက်ပုံ ကိုသိဘို့လိုပါမယ်။ ၃။ Water quality management ကိုကျွမ်းကျင်ဘို့လိုပါမယ်။ ၄။ ငါးဦးစီးဌာနမှာသင်တန်းတွေရှိပါတယ်။ ၅။ ပုစွန်မွေးနည်းပညာကငါးမွေးမြူရေးထက်မြင့်ပါတယ်။

ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ

လွန်ခဲ့သော ၃ လ က

ရေချိုပုစွန်သားပေါက် တွေကို မတ်၊ ဧပြီ၊ မေ လ​အတွင်း ​​သား​​ ပေါက်ရာသီ သဘာဝ ရေချိုရေငံစပ်ဒေသတွေမှာစုဆောင်းရရှိနိုင်ပါတယ်။ သားဖောက်ရုံတွေမှာလဲ အဲလအတွင်းမှာရနိုင်ပါတယ်။ ပုစွန်သားဖောက်ရုံတွေက တွံတေး နဲ့ မှော်ဘီ မှာရှိပါတယ်။ စာရေးထားပုံကိုကြည့်ရတာ အတွေ့အကြုံမရှိသေးဘူးလို့ယူဆပါတယ်။ ပုစွန်မွေးမြူရေးသင်တန်းကိုတက်ပြီးမှဆောင်ရွက်သင့်ပါတယ်။

ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ

လွန်ခဲ့သော ၃ လ က

ဘယ်​​​ဒေသကမှန်းမသိ၊ ဘာအတွေ့အကြုံမှမရှိ၊ ပုံထဲကတွေ့ရတဲ့အတိုင်း ငွေဝင်ချင်ရင်တော့ အကြမ်းခံငါး monosex tilapia ကိုမွေးပါ။ ဒါမှမဟုတ် ခက်ခဲနေရင် ရိုးရိုးတီလားပီးယားငါးမွေးပါး။ဈေးကွက်ရှိပါတယ်။

ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။