အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,227
လွန်ခဲ့သော ၆ နှစ် က · ကသာ

ကျွန်တော်နွေနှမ်းစိုက်ထားတာ ၉ရက်ရှိပါပြီ အပင်မပေါက်သေးလို့ ရေသွင်းရင်ကောင်းမလားလို့ပါ အကြံဉာဏ်လေးပေးကြပါအုံးဗျ

4

ဖြေကြားချက် ၄ ခု

116 လွန်ခဲ့သော ၆ နှစ် က

အပင်ဒီလိုဖြစ်နေလို့ဘယ်လိုလုပ်က

1,227 လွန်ခဲ့သော ၆ နှစ် က

ကျွန်တော့်နေရာက ကုန်းမြေ မြေနီသဲဝန်းမို့လို့ စောစောစိုက်လိုက်တာပါဆရာ မှားများမှားသွားလားဆရာ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရာသီဥတုအေးလွန်းရင်အပင်ပေါက်နှေးတတ်ပါတယ်.နွေနှမ်းကဖေဖေါ်ဝါရီလလယ်ခန့်မှာစိုက်မှအဆင်ပြေမှာပါ။နှမ်းကပူအိုက်စွတ်တဲ့ရာသီကိုနှစ်သက်ပါတယ်။ရေဝပ်တာမကြိုက်ပေမဲ့ အစိုဓာတ်တော့လိုအပ်ပါတယ်​။နွေနှမ်း ကို ဖေဖေါ်ဝါရီလလယ်မှစ​ပြီးရေသွင်းစိုက်ပျိုးမှအဆင်ပြေမှပါ။

80,046 လွန်ခဲ့သော ၆ နှစ် က

နှမ်းကစိုက်ပျိုးပြီး (၆)ရက်ခန့်အကြာမှာ အပင်ပေါက်ကလေးတွေ စတင်ပေါက်တတ်ကြပါတယ်။ဒါပေမဲ့ မြေအမျိုးအစား၊ရာသီဥတုနှင့်ထွန်ကြောင်းအတိမ်အနက်ပေါ်မူတည်ပြီး အပင်ပေါက်ရက်ကွာခြားတတ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။