ချမ်းမြေ့
တောင်သူ · ကသာ
ကျွန်တော့်နေရာက ကုန်းမြေ မြေနီသဲဝန်းမို့လို့ စောစောစိုက်လိုက်တာပါဆရာ မှားများမှားသွားလားဆရာ
ကျွန်တော်နွေနှမ်းစိုက်ထားတာ ၉ရက်ရှိပါပြီ အပင်မပေါက်သေးလို့ ရေသွင်းရင်ကောင်းမလားလို့ပါ အကြံဉာဏ်လေးပေးကြပါအုံးဗျ
အပင်ပေါက်ပြီး ဘယ်နှစ်ရက်သားလောက်မှာ ရေသွင်းသင့်ပါသလဲဆရာ တစ်ချို့ပြောတာက ရေသွင်းရင် နေအပူရှိန်နဲ့ ခါးစင့်ထက်တယ်ဆိုလို့ပါ ဖြေကြားပေးပါအုံးဆရာ
နွေနှမ်းကိုဘောင်နဲ့ရေသွင်းစိုက်မလို့ပါ အဲ့ဒါ နှမ်းမစိုက်ခင် ရေအရင်သွင်းရမှာလား နှမ်းစိုက်ပြီးမှရေသွင်းရမှာလား ဘယ်ဟာပိုကောင်းလည်းသိချင်ပါတယ်ခင်ဗျာ မြေကတော့ အစိုဓါတ်အနည်းအငယ်ရှိပါသေးတယ်
ဟုတ်ကဲ့ ကျေးဇူးပါဆရာ
ကျွန်တော်က နွေနှမ်းစိုက်ချင်တာပါ ကျွန်တော့်မြေက ကုန်းမြေ/မြေနီသဲဝန်းပါ အဲ့ဒီမြေမှာ နွေနှမ်းကို ရေသွင်းပြီးစိုက်ပျိုးလို့ရမရသိချင်ပါတယ် ကျွန်တော်က စစ်ကိုင်းတိုင်း ကသာမြို့နယ် ငါးတဲအုပ်စု ပျဉ်တောင်လေးကျေးရွာကပါ ကျွန်တော်တို့ဘက်မှာ အခုအပူချိန်တွေက ညဆို ၁၁-၁၅ကြားရှိပြီး နေ့အပူချိန် ၂၄-၂၈ရှိပါတယ် ဒီအပူချိန်အတိုင်းအတာအတွင်း နှမ်းပင် ဖြစ်ထွန်းနိုင်ပါသလား လာမဲ့ ၂၀-၂၅ရက်အတွင်းစိုက်ချင်လို့ပါခင်ဗျာ
ရေကတော့ လွယ်ပါတယ်ဗျ ကျွန်တော်တို့ဘက်က ရေထွက်ဖို့ ပေလေးဆယ်ကျော်ပဲ တူးရတာပါ ရေသွင်းနိုင်ရင်ရော စိုက်ပျိုးလို့အဆင်ပြေနိုင်မလားဆရာ