အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
3,705
လွန်ခဲ့သော ၆ နှစ် က · ပွင့်ဖြူ

ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသ...

ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသတဲ့ဆေးနည်း၇ှိ၇င်မျှဝေပေးစေလိုပါတယ်။နှစ်တိုင်းကြုံနေကြ၇တဲ့အခြေနေတစ်ခုပါ။နောက်နှစ်တိုင်းခုလိုဆိုကုလားပဲစိုက်တောင်သူတွေအနာဂတ်၇င်လေးစရာမို့ပါ။စိုက်ပျိုးရေးပညာ၇ှင်များအဖြေ၇ှာပေးစေချင်ပါတယ်။

စိုက်ပျိုး ဗဟုသုတ ကုလားပဲ ကုလားပဲတွင်ဖြစ်ပေါ်တတ်သောရောဂါများ
Post image
Post image
Post image
Post image
6

ဖြေကြားချက် ၆ ခု

7,663 လွန်ခဲ့သော ၆ နှစ် က

ထရိုင်ကိုဒါးမားကို မွေးမယ်ဆိုရင် နည်းပညာ၊ ကျွမ်းကျင်မှု၊ ဓာတ်ခွဲခန်းနဲ့ အကူပစ္စည်းတွေလိုပါမယ်။ လောလောဆယ် စိုက်ပျိုးရေးသုတေသနဌာန (DAR) မှာ တစ်လခန့်ကြိုတင်မှာယူပြီး ဝယ်နိုင်ပါတယ်ခင်ဗျ။

111,325 လွန်ခဲ့သော ၆ နှစ် က

မြေကို ထည်ထိုးပြီး စိုက်ပျိုးခြင်းကို အလျင်မလိုပဲ ဆယ်ငါးရက်ခန့်(ဝါ)ထိုထက်ကျော်၍ စောင့်ဆိုင်ပြီးမှ စိုက်ပျိုးခြင်းကိစ္စကို စီမံလုပ်ဆောင်သင့်ပါတယ်။

3,705 လွန်ခဲ့သော ၆ နှစ် က

ထရိုင်ကိုဒါးမားမှိုကိုကိုယ်တိုင်ပျိုးလို့၇လားခင်ဗျ။နည်းလမ်းမျှဝေပေးပါခင်ဗျ။

7,663 လွန်ခဲ့သော ၆ နှစ် က

အထက်က ဆရာဦးအေးနိုင် ရှင်းပြတဲ့အတိုင်းလိုက်နာဆောင်ရွက်မယ်ဆိုရင် အဆင်ပြေသွားမှာပါခင်ဗျ။ ဒါ့အပြင်ထရိုင်ကိုဒါးမားမှိုကို ကုလားပဲမစိုက်ပျိုးမီ မြေပြင်ချိန်၌ထည့်သွင်း၍သော်လည်းကောင်း စိုက်ပျိုးစဉ်တွင် လူးနယ်၍သော်လည်းကောင်း ပြုလုပ်ပေးခြင်းဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ နှစ်စဉ် အပင်သေတွေများလာရင်တော့ ကုလားပဲအစား တခြားသီးနှံပြောင်းစိုက်တာက ပိုကောင်းပါမယ်ခင်ဗျ။

3,705 လွန်ခဲ့သော ၆ နှစ် က

ဟုတ်ကျေးဇူးပါခင်ဗျာ။

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

တောင်သူအခေါ်ကတော့မြစ်ပိုးစွဲတယ်ပေါ့.အပင်ကိုနှုတ်ကြည့်ပါ.အမြစ်တွေဆွေးနေမယ်.ဖွေးပြီး​ခြောက်နေမယ်. မြေကြီးနားကအပင်ခြေမှာအရစ်တွေ့မယ်.မှိုမျှင်လေးတွေတွေ့မယ်..ရောဂါပါ။နှစ်တိုင်းလည်းဖြစ်တာမို့ ရောဂါသေချာပါတယ်။မျိုးမသန့်လို့လည်းဖြစ်နိုင်တယ်။ရောဂါပိုးကမြေကြီးထဲမှာနှစ်ပေါင်းများစွာနေနိုင်တာမို့ နှစ်တိုင်းဖြစ်နိုင်ပါတယ်။ဒါကြောင့်မျိုးကောင်းမျိုးသန့်ဝယ်စိုက်ပါ။မစိုက်ခင်မြေကိုထယ်ထိုးပြီးနေလှန်းထားပါ.ထွန်ရေးပြင်တဲ့အခါမှိုဆေးထည့်ပါ.မျိုးစေ့လူးနယ်ဆေးနဲ့လူးပြီးမှစိုက်ပါ.အပင်ပေါက်စုံတဲ့အခါမှိုဆေးကြိုဖျန်းပေးပါ။ဖြစ်နိုင်ရင်သီးလှည့်စိုက်ပါ။

You

ဆက်စပ်မေးခွန်းများ

မှိုရောဂါအတွက် နောက်အပင်တွေကိုကာကွန်ကွယ်နိုင်အောင်ဘာဆေးသုံးရမလဲဗျ

ဖြေကြားချက် 4 ခု

ယနေ့ ဒီဇင်ဘာ 28 ရက် 2018မှာ ကျနော့ ကုလားပဲခင်း အပင်ရွက်ဖျားများခြောက်၍ ၂ ရက်လောက်အကြာတွင် အဝါသို့ ကူးပြောင်းကာ...

ဖြေကြားချက် 7 ခု

ကုလားပဲတစ်လခွဲသားနှစ်လသားမှာအမြစ်မှိုစွဲတဲ့ရောဂါအပင်အသေအပျောက်ပျောက်ကင်းအောင်မျိုးလူးဆေးဘယ်လိုဆေးမျိုးအသုံးပြု...

ဖြေကြားချက် 1 ခု

ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....

ဖြေကြားချက် 1 ခု

ဘာဆေး သုံးရမလဲ ခဗျာ အကြံပြူပေးကြပါအုံး အမျှစ်တေ ပုတ်pအပင်တေ တအားသေနေလို့ ဘာဆေးသုံးသင့်လဲ ခဗျာ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။