ဘာဆေး သုံးရမလဲ ခဗျာ အကြံပြူပေးကြပါအုံး အမျှစ်တေ ပုတ်pအပင်တေ တအားသေနေလို့ ဘာဆေးသုံးသင့်လဲ ခဗျာ
အမြစ်ပုတ်သေခြင်းသည် မြေဆောင်ရောဂါကြောင့်ဖြစ်နိုင်ပါသည်။ ကုလားပဲ ဆက်တိုက်စိုက်ခြင်းမလုပ်ဘဲ သီးနှံပြောင်းလဲစိုက်ပျိုးသင့်ပါသည်။ ကျောက်မှုန့်၊ သဘာဝမြေဩဇာများ ထည့်သွင်း၍ မြေပြုပြင်ပေးသင့်ပါသည်။ မြစ်ဆွေးမြစ်ခြောက်ရောဂါကျနေတယ်ဆိုပါက အပင်များအကွက်လိုက် ရုတ်တရက် ခြောက်လာသည်။ အောက်ရွက်များ အညိုရောင် ပြောင်းနေတတ်သည်။ တပင်လုံးခြုံကြည့်လျှင် ကောက်ရိုးခြောက်ရောင်ပြောင်းနေပြီး အပေါ်ရွက်ရိုးတံများ ငိုက်နေတတ်သည်။ အပင်အားဆွဲနှုတ်ကြည့်ပါက ရေသောက်မြစ် အောက်ပိုင်းသည် မြေကြီးထဲတွင် ပြတ်ကျန်နေခဲ့သည်။ ရေသောက်မြစ်သည် ညိုမည်းပြီးပုပ်နေကာ မြစ်မွှေးများ ကင်းမဲ့နေတတ်သည်။ ခြောက်သေနေသော အမြစ်ပိုင်းသည်လည်း အနည်းငယ်ကျွတ်ဆတ်နေပြီး အခေါက်များဖွာနေတတ်သည်။ သေးငယ်မည်းနက်သော စကလိုရှား အလုံးငယ်များကို အပင်ခြေရင်းအတွင်းပိုင်းတွင် တွေ့ရတတ်သည်။ ပင်ခြေရင်းသည် ခြောက်၍ ကွဲအပ်ပါက အတွင်းပိုင်းတွင် အဖြူရောင်မှိုမျှင်များကို တွေ့နိုင်သည်။ - ရောဂါကင်းသော၊ ကျန်းမာသန်စွမ်းသော မျိုးစေ့ကို စိုက်ပျိုးပါ။ - ထယ်နက်နက်ထိုးထားပြီး နွေထယ်ရေးခံပါ။ - ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားပါ။ မီးရှို့ဖျက်ဆီးပါ။ - ထရိုင်ဂိုဒါးမား မှိုကို မြေပြင်စဉ်တွင် ထည့်သွင်းအသုံးပြုပါ။ - မျိုးစေ့ဆောင်ရောဂါအတွက် မျိုးစေ့လူးနယ် မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် လူးနယ်စိုက်ပျိုးပါ။ - ရောဂါနှစ်စဉ် ဆက်တိုက်ကျရောက်ပါက ပဲမျိုးစုံ မဟုတ်သောအခြားသီးနှံများနှင့် သီးလှည့်စနစ် ဖြင့် အနည်းဆုံး (၃-၄)နှစ်ခြား၍စိုက်ပါ။ - ရောဂါကျရောက်ပါက Captan, Tebuconazole, Hymexazol စသည့် မှိုသတ်ဆေးတစ်မျိုး မျိုးဖြင့် အပင်ခြေရင်းသို့ ရွှဲရွှဲပက်ဖျန်းပါ။
ဆေးသုံးတာထက် မြေကြီးကိုအဓိက ထားပြင်ပါ အပင်မှာ ဒီလိုပြသနာ တွေက ဆေးသုံးတာ တစ်ခုတည်းနဲ့ပြသနာ ကိုမဖြေရှင်းနို်င်ပါဘူး
ကျွန်တော်လဲသိချင်ဘာဆေးသုံးရမယ်ဆိုတာ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကုလားပဲပင်တွေက အသီးဝင်နေတုန်းကွက်သေနေလို့ဗျာ ဘာဆေးသုံးရမလဲမသိလို့ ဆေးအညွန်းလေးပြောပေးကြပါအုံး.....
ဖြေကြားချက် 1 ခု
ကုလားပဲပင်တွေသေနေတာ။မြစ်ပိုးစွဲတယ်လို့လဲပြောကြတယ်။ကုသကာကွယ်တဲ့ဆေးလည်းခုထိမတွေ့ကြ၇သေးပါ။ထိရောက်အောင်ကာကွယ်ကုသ...
ဖြေကြားချက် 6 ခု
မှိုရောဂါအတွက် နောက်အပင်တွေကိုကာကွန်ကွယ်နိုင်အောင်ဘာဆေးသုံးရမလဲဗျ
ဖြေကြားချက် 4 ခု
ကုလားပဲအပင် ၁၅ရက်သားမှာ မှိုဆေးပက်ပေးသင့်ပါသလား ဘယ်ဆေးကို သုံးသင့်ပါသလဲ သက်တမ်းတစ်လျှောက်မှိုဆေး အကြိမ်မည်မျှ...
ဖြေကြားချက် 4 ခု
ကုလားပဲအပင် သေတာဘယ်လိုကာကွယ်ရလဲသိချင်တာ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။