အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
1,336
လွန်ခဲ့သော ၆ နှစ် က · မိုးညို

အစိမ်းအတိုင်းညှိုးသေနေလို့အခင်းတစ်ဝက်လောက်ကုန်နေပြီ ဘာဆေးမှလည်းဖျန်းမရဘူးဖြစ်နေတယ်

ပိုးမွှားရောဂါ ငရုတ်သီး ငရုတ်ဘက်တီးရီးယားပင်ညှိုးရောဂါ
Post image
Post image
Post image
Post image
Post image
+၄
5

ဖြေကြားချက် ၅ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

အတွေ့အကြုံအရ ဝင်ရောက်ဖြေဆိုပေးတာကိုကျေးဇူးတင်ပါတယ်။အသိအမှတ်ပြုပါတယ်ခင်ဗျ။ဓာတုဆေးကအပင်အတွက်ကောင်းပေမဲ့မြေထဲမှာရှိတဲ့ရောဂါပိုးဘက်တီးရီးယားအတွက်မထိရောက်တာမို့ နောက်နှစ်တွေမှာထပ်မဖြစ်ရအောင် ဘက်စုံပိုးရောဂါနှိမ်နင်းနည်းတွေတင်ပြထားခြင်း​ဖြစ်ပါတယ်။

1,643 လွန်ခဲ့သော ၆ နှစ် က

မေးတာသူတို့ကမစိုက်ခင်ပြုပြင်နည်းတွေပေးနေတာဘာလ်ပ်မှာလည်း ကျွန်တော့်အတွေ့အကြုံအရ လောင်-ဘာပင်စတင်-ဒိုင်သိမ်း ဖြန်းပေးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားကမြေကြီးထဲမှာဆက်ရှိနေတာမို့ ရာသီသိမ်းတဲ့အချိန်မှာအခင်းကိုမီးရှို့ပါ။အထက်မှာပြောခဲ့သလို သီးလှည့်အနေနဲ့ မျိုးမတူတဲ့သီးနှံ​ပြောင်းစိုက်ပါ။ခရမ်း:ခရမ်းချဥ်,အာလူးတွေက မျိုးတူတွေပါ။

1,336 လွန်ခဲ့သော ၆ နှစ် က

ကျေးဇူးပါဗျ

79,224 လွန်ခဲ့သော ၆ နှစ် က

ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ပင်ညှိုးရောဂါဖြစ်သွားတာပါ။ရောဂါဖြစ်စေတဲ့ သက်ရှိက လက်ခံပင်မရှိရင်တောင်မှ မြေကြီးထဲမှာ အကြာကြီးနေနိုင်ပါတယ်။အပင်အမြစ်တွေ ဒါဏ်ရာရတဲ့အခါ အလွယ်တကူဝင်ရောက်နိုင်ကြပါတယ်။စိုက်မြောင်းတွေထဲ ရေသွင်းတာမျိုးတွေကနေ ကူးနိုင်ပါသေးတယ်။ရောဂါဖြစ်နေတဲ့အပင်ကို နှုတ်ပစ်လို့ အမြစ်တွေမြေထဲနဲနဲကျန်ခဲ့ရင်တောင် ဒီရောဂါက ပျံ့နှံ့နိုင်ပါသေးတယ်။ ဒါကြောင့် နှိမ်နင်းမယ်ဆို IPM လို့ခေါ်တဲ့ ဘက်စုံနည်းတွေနဲ့သာ ကြိုတင်ကာကွယ်တားစီးနိုင်ပါမယ်။အစိုဓာတ်နဲ့ အပူချိန်ရှိနေတဲ့ မြေမျိုးမှာ ဒီရောဂါပျံ့နှံ့မှုက မြန်ပါတယ်။ဒါကြောင့် တခြားအခင်းက လာတဲ့ရေမျိုးကအစ ဂရုစိုက်ပေးရပါမယ်။ ရေဆင်းကောင်းတဲ့မြေမျိုးဖြစ်အောင်လုပ်သင့်ပါတယ်။အေးတဲ့ရာသီဉတုမှာစိုက်ပါ။ ဒီရောဂါက အာလူး ခရမ်းချဉ်မျိုးရင်းတွေမှာလည်း နေနိုင်တာမို့ သီးလှည့်စိုက်တာမျိုးလုပ်ပါ။စပါး၊ ပဲပုပ်၊ပြောင်းသီးနှံတွေနဲ့ တော်တော်ကြာအောင် သီးလှည့်စိုက်ပါ။ စိုက်ခင်းဘေးက ပေါင်းမြက်တွေ အပင်ကြွင်းကျန်တွေမှာ ရောဂါတွေကပ်နေနိုင်သေးတာမို့ ရှင်းပစ်ပါ။ ပေါက်ပြား ထယ်ထွန်တွေက အစ အသုံးပြုမယ်ဆိုသန့်ရှင်းအောင် ဂရုစိုက်ပါ။ငရုတ်ပင်ပျိုးထောင်ကတည်းက ပျိုးမယ့်မြေကို ပိုးသန့်အောင်လုပ်ပါ။ နီမတုတ်တွေစိုက်ခင်းမြေထဲမရှိအောင် ချစ်တီးပန်းလို အပင်တွေကို ထယ်မှောက်တာမျိုးလုပ်ပါ။နီမတုတ်တွေက အမြစ်ကိုဖောက်တဲ့အခါ ဒီရောဂါလည်း ဝင်ရောက်သွားနိုင်တာမို့ပါ။ ဒီလို ဘက်ပေါင်းစုံကနည်းတွေနဲ့သာ ကြိုတင်ကာကွယ်နိုင်ပါလိမ့်မယ်ရှင့်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။