အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သိမ့်ဇာ

သိမ့်ဇာ

တောင်သူ · နတ္တလင်း

79,225
လွန်ခဲ့သော ၃ နှစ် က

အလင်းရောင် ကောင်းကောင်းမရတာတို့ အလင်းရတဲ့ပုံ သိပ်မညီတာတို့ကြောင့်ပါ။ အပင်တွေက အလင်းရှိတဲ့ဘက်ကိုယိုင်ကြတာပါ

ဘူးပင် တွေ ပျိုးထုပ်နဲ့ ပျိုးထားတာ အပင်ထွက်လာပီး တစ်ပတ်သား အပင် တွေရှည်ပီး ယိုင်တာဘာ ကြောင့်လဲ၊။

လွန်ခဲ့သော ၃ နှစ် က

ဆေးရွက်ကြီးရည်ဖျန်းတယ်ဆိုတာ ပိုးကောင်တွေသေဖို့ မဟုတ်ပါဘူးရှင့်။ ပိုးပြေးဆေးပါ။ ဖြစ်လာကာမှ ဖျန်းခြင်းက ထိန်းချုပ်ဖို့ခက်ပါတယ်ရှင့်။ ဘက်ပေါင်းစုံနည်းတွေနဲ့ကြိုတင်ကာကွယ်ရပါတယ်။ ကျွန်မလည်းမုန်ညင်းစိုက်ပါတယ်။ ဘေးနားကပေါင်းမြက်တွေကိုရှင်းပါတယ်။ ကြက်သွန်ပင်တွေနဲ့ရောစိုက်ပါတယ်။ ဆေးရွက်ကြီးစိမ်ရည်ကို မကြာခဏလေးပုံမှန်ဖျန်းရပါတယ်ရှင့်။ ဖျက်ပိုးတွေမနိုင်ဘူးဆိုတာ သဘာဝမှာ သူတို့ကိုနိုင်တဲ့ ပိုးကောင်တွေမရှိကြတော့လို့ပါ။ ပန်းပင်တွေစိုက်ပေးတာတို့ ဆေးအပြင်းတွေသိပ်မသုံးတာတို့လုပ်ပြီး သဘာဝကို ထိန်းသိမ်းရပါတယ်။ အချိန်အတိုလေးနဲ့ ပိုးမမြင်ချင်ရင်တော့ ဆေးဖိုးနဲ့ ဟင်းရွက်ရောင်းရတဲ့တန်ဖိုးနဲ့က မကိုက်ဘူးမို့ ရေရှည်ကောင်းမယ့်နည်းတွေကိုပဲ သုံးပါတော့တယ်။ ကျွန်မခြံမှာ ဒုတိယနှစ်တော့ အဲ့ပိုးတွေနည်းသွားပါတယ်။ ဘာဆေးအပြင်းမှမသုံးပါဘူး။ ခြုံတွေရှင်းတယ်၊ အပွင့်ပန်းလေးနည်းနည်းစိုက်ပေးတယ်။ ဆေးရွက်ကြီး‌စိမ်ရည်တို့ ငါးအမိုင်နိုတို့ ပုံမှန်လေးဖျန်းပါတယ်။

ဘာဆေးဖျန်းဖျန်းမသေနိုင်လို့ ဆေးရွက်ကြီးစိမ်းရည်ဖျန်လဲမသွား ဘယ်လိုလုပ်ရမှာလဲ ထိုင်ကန်တောရတော့မယ်ထင်တယ် ပြောပေးကြပါအုံးဗျာ

လွန်ခဲ့သော ၃ နှစ် က

အရွက်က အညွန့်ရွက်လား အောက်ခြေနားက အရွက်လားရှင့်။ အပင်အရွက်ဝါတာ အာဟာရ ချို့တဲ့တာအပြင် အာဟာရတစ်မျိုးမျိုးက များလွန်းပြီး အဆိပ်သင့်တာလည်းဖြစ်နိုင်ပါတယ်။ အမရဲ့ မြေကြီးပုံကို ဓာတ်ပုံလေးရိုက်ထားတာရှိလား ။ မြေသြဇာကျွေးတိုင်းလည်း အပင်က မရတတ်ပါဘူးရှင့်။ ‌အပင်စိုက်ပျိုးထားတဲ့မြေကို ဓာတ်ပုံလေးရိုက်ထားတာရှိရင်ပြကြည့်ပါနော်

ဘာဖြစ်လို့ ပုံမှန်အရွက်ထက်သေးပြီး ဝါရတာလဲ အသီးလည်းဝါတယ် ဝဲ၁၅.၁၅.၁၅ ကိုလည်း တစ်ပတ် တစ်ခါထည့်ပေးတယ် တစ်ခါထည့် လက်၂ဆုပ်လောက်တော့ရှိတယ်

လွန်ခဲ့သော ၃ နှစ် က

ရေတံခွန်ကိုလည်း ဆက်သွယ်လို့ရပါတယ်။ ရေအစက်ချစနစ်မတပ်ဆင်ခင် ရေထဲမှာ ထုံးဓာတ်များလား မများလားဆိုတာကိုလည်း ရေအစက်ချပစ္စည်းရောင်းမယ့်ဝန်ထမ်းတွေကို သေချာမေးပါအစ်ကို ။ ပိုက်တွေ ပိတ်ရင်ဘယ်လိုလုပ်ရသလဲစသည်ဖြင့်မေးပါ။ ညီမတို့တပ်ဖူးတာတော့ အရမ်းအဆင်ပြေတဲ့နည်းစနစ်ပေမယ့် ရေအရည်အသွေးမကောင်းတော့ ပိုက်တွေပိတ်လို့ ရေရှည်မသုံးလိုက်ရလို့ပါ။

ကျေးဇူးပြုပြီး ငရုပ်အတွက် ရေအစက်ချနည်းပညာလေးသိပါရစေ ပစ္စည်းလေးတွေဘယ်မှာဝယ်လိူ့ရနိူင်မလဲ ၁ ဧက ကိုဘယ်လောက်ထိ ကုန်ကျနိူင်မလဲ သိပါရစေ

ငရုတ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၃ နှစ် က

ယူရီးယားဆိုတာ နိုက်ထရိုဂျင် အာဟာရကိုပြောတာပါ။ သီးနှံတိုင်းအတွက် အတူတူပါပဲ ။ နိုက်ထရိုဂျင်အာဟာရက အပင်တွေ အရွက်တွေကြီးဖို့ အသုံးပြုပါတယ်။ ဘယ်သီးနှံအတွက် ဘယ်မြေသြဇာရယ်လို့မရှိပါဘူး ။ သီးနှံရဲ့ အရွယ်အလိုက်လိုအပ်တဲ့ အာဟာရတွေသာကွဲသွားကြတာပါရှင့်။ ယူရီးယား (ပုလဲ) နိုက်ထရိုဂျင် ( N ) ဒါတွေအားလုံး အတူတူပါပဲ။

ပုံပါ ယူရီးယားဓာတ်မြေဩဇာ သီးနှံတိုင်းတွက် အဆင်ပြေရဲ့လား ပြောင်းသီးနှံနဲ့ ပဲတောင်ရှည် ငရုတ်ခင်း ကျွေးဖို့တွက်ပါ

လွန်ခဲ့သော ၃ နှစ် က

အစ်ကိုပြောတဲ့ပျား ဆိုတာ ပျားနဲ့တူတဲ့ အကောင်လေးကိုပြောတာထင်ပါတယ်။ ပျားဆိုတဲ့ စိုက်ပျိုးရေးသမားတွေရဲ့ မိတ်ဆွေပိုးပါ။ ပျားထိုးလို့ သီးနှံမပျက်စီးပါဘူးရှင့်။ ပျားနဲ့တူပြီး သီးနှံဖျက်စီးတဲ့ အကောင်‌ကိုနော့ သီးထိုးယင်လို့ခေါ်တယ်ရှင့်။ အဲ့အကောင်ကြောင့်ဖြစ်ရင် အသီးထဲမှာ လောက်ကောက်တွေ့ရပါတယ်။ ဒီလိုပုပ်တာကနော့ အနည်းလိုအာဟာရချို့တဲ့တာကြောင့်ဖြစ်နိုင်ပါတယ်။ ရေလောင်းတာနဲ့ အသီးပုပ်တာနဲ့ မဆိုင်ပါဘူးရှင်။ ဆန်ဆေးရေအချဉ်ဖောက်ပြီး လောင်းကြည့်ပါ။ အနည်းလိုအာဟာအကြောင်းရေးထားတဲ့ ဆောင်းပါးလေးတွေ ဒီဆော့ဝဲထဲမှာရှာဖတ်ကြည့်ပါနော်

ဒီလိုဖြစ်တာ ပျားကြောင့်လား ရေလောင်းများတာကြောင့်လား ဘေးမှာ မြောင်းရှိတဲ့အပြင် ရေကိုနေ့စဥ်ပုံမှန်လောင်းတာက အသီးပုပ်တာနဲ့ဆိုင်လား ခင်ဗျ အရွက်နဲ့ အပင်ကတော့ စိမ်းလန်းစိုပြေလွန်းနေပါတယ်

လွန်ခဲ့သော ၄ နှစ် က

အထက်ဗမာပြည် ဓာတ်ခွဲခန်းမှာရတယ်လို့တောင်သူတစ်ယောက်ပြောဖူးပါတယ် ဦးမြင့်လွင် 09797329714 ဒီနံပါတ်ကို မေးမြန်းကြည့်ပါရှင့်

ဆရာတို့ခင်ဗျ့စိုက်ခင်းထဲမှာ နဂျီေကာင် ေမွးချင်လို့ သိရင်အလင်းြပ ေပးပါ

လွန်ခဲ့သော ၄ နှစ် က

ဒီဘက်မှာ ရောင်းကို မရောင်းရပါ အစ်ကိုရေ

ဘာဈေးတွေဘယ်လောက်တက်တက်၊တို့သံပုရာသီးဈေးကမတက်။

လွန်ခဲ့သော ၄ နှစ် က

စောပင်နာကျရောဂါဖြစ်တာလို့ထင်ရပါတယ် ။ပုံလေးသေချာပြန်ရိုက်ပြပါလားရှင့်

ခရမ်းချဉ် ပင်အရွက်ပေါ်နှင့်အရိုးပေါ်၌အမဲစက်နှင့်အပေါက်ကလေးများဖြစ်ပေါ်သောကြောင့်မည်သည့်ပိုသတ်ဆေးသုံးစွဲရမညိသိချင်ပါသည်

လွန်ခဲ့သော ၄ နှစ် က

ရေဆင်းကောင်းတဲ့မြေမှာစိုက်ပါ

နံနံစိုက်ဖို့ လိုအပ်တဲ့အမြဆီလွှာအမျိုးအစားပြောပြပါလားရှင်

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။