အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထက်ကို
လွန်ခဲ့သော ၂ ရက် က

ရေနာမိတဲ့ မတ်ပဲ‌တွေဘာဆေးဖျန်းရမလဲ

စိုက်ပျိုးနည်း မတ်ပဲ
1

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 474,415 လွန်ခဲ့သော ၂ ရက် က

@ထက်ကို မတ်ပဲပင်များ ရေနာမိသည့်အခါ အမြစ်ပုပ်ခြင်းနှင့် အပင်ဝါခြင်းတို့ ဖြစ်တတ်သဖြင့် ဆေးတစ်မျိုးတည်း ဖျန်းရုံနှင့် မလုံလောက်ပါဘူး။ ဦးစွာ စိုက်ခင်းအတွင်း ရေဝပ်နေမှုကို အမြန်ဆုံး ရေထုတ်မြောင်းဖောက်၍ ဖယ်ရှားပေးရပါမယ်။ ရေစစ်သွားသည်နှင့် မြေဆောင်မှိုရောဂါများ ကာကွယ်ရန် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် Hymexazol သို့မဟုတ် Foestyl Al သို့မဟုတ် Thiophanate methyl မှိုသတ်ဆေး တစ်မျိုးမျိုးကို ပင်ခြေနှင့် အရွက်များသို့ ဖျန်းပေးပါ။ ထို့နောက် ၃ ရက်မှ ၅ ရက်ခန့်အကြာ အပင်စတင်သက်သာလာချိန်တွင် အမြစ်သစ်များ ပြန်ထွက်စေရန် ပင်လယ်ရေမှော် (Seaweed) သို့မဟုတ် အမိုင်နိုအက်ဆစ် (Amino Acid) ရွက်ဖျန်းအားဆေးနှင့် NPK အချိုးညီ အားဆေးတို့ကို ဖျန်းပေးရပါမယ်။ အထူးသတိပြုရန်မှာ ရေနာနေစဉ် ယူရီးယား (ပုလဲ) မြေဩဇာ လုံးဝမကျွေးဘဲ မြေအနည်းငယ်ခြောက်မှ ပင်ခြေမြေဆွပေးရန် ဖြစ်ပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။