ဖြေကြားချက် ၃ ခု
@ဦးစောမောင်ဌေး မြေဆောင်မှိုရောဂါကို ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ရန်အတွက် ရွှေခြင်္သေ့ မျိုးစေ့လူးနယ်ဆေး တစ်မျိုးတည်းဖြင့် မလုံလောက်ဘဲ သိုင်ရမ် (Thiram) ပါဝင်သည့် တဲလင့် (Talent 50 WP) မှိုသတ်ဆေးကိုပါ တွဲဖက်လူးနယ်သင့်ပါတယ်။ ရွှေခြင်္သေ့ဆေးသည် အပင်ပေါက်နှုန်းနှင့် အမြစ်ဖွံ့ဖြိုးမှုကိုသာ အားပေးပြီး တဲလင့်ဆေးကသာ ခါးရိရောဂါနှင့် အမြစ်ပုပ်ရောဂါကဲ့သို့ မြေဆောင်မှိုရောဂါများကို တိုက်ရိုက်တားဆီးပေးနိုင်ပါတယ်။ ထို့အပြင် အပင်ငယ်စဉ် စုပ်စားပိုးများကြောင့် ဗိုင်းရပ်စ်ရောဂါ မဝင်ရောက်စေရန် အင်ဖာနို (Inferno 70 WS) ပိုးသတ်ဆေးကိုပါ သတ်မှတ်နှုန်းထားအတိုင်း အချိုးကျရောစပ်လူးနယ်ပြီး အရိပ်ထဲတွင် အခြောက်ခံစိုက်ပျိုးပါက ပဲတီစိမ်းအတွက် အကောင်းဆုံး ကာကွယ်မှုရရှိမည် ဖြစ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ
@ဦးစောမောင်ဌေး ပဲတီစိမ်းမျိုးစေ့များကို ဆေးလူးနယ်ပြီးပါက နာရီပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းရန် မလိုအပ်ဘဲ နေရောင်တိုက်ရိုက်မထိသော အရိပ်အောက်တွင် မိနစ် (၁၅) မှ မိနစ် (၃၀) ခန့် ဖြန့်၍ အခြောက်ခံပြီးသည်နှင့် တစ်ပြိုင်နက် စိုက်ပျိုးနိုင်ပါတယ်။ ဆေးလူးနယ်ပြီးနောက် လေလုံအိတ်ထဲတွင် အချိန်အကြာကြီး စုပုံထည့်ထားပါက အပူငွေ့ပြန်ပြီး ပဲမျိုးစေ့များ အညှောင့်ပေါက်နှုန်း ထိခိုက်ပျက်စီးတတ်သောကြောင့် ဆေးခြောက်သည်နှင့် နေ့ချင်းပြီး အမြန်ဆုံး စိုက်ပျိုးခြင်းသည် အကောင်းဆုံး ဖြစ်ပါတယ်။
ဆက်စပ်မေးခွန်းများ
ပဲပင် အညှိရောင် သန်ပြီး ပင်သေဝင်နေတယ် သံချေး လား ဘယ်တီးရီးယား ကြောင့်လား
ဖြေကြားချက် 1 ခု
ဒီပဲပင်အရွက်ခြောက်ပြီးသေချင်တယ် အရောင်ကလည်းအညှိရောင်းသန်တယ် သံချေးလား ဘယ်တီးရီးလား အထလည်းနှေးတယ် ဘာဖြစ်တာလဲ
ဖြေကြားချက် 1 ခု
လူးးနယ်ဆေးကိုတစ်ညကြိုပြီးလူးထားလို့ရပါသလားဆရာ
ဖြေကြားချက် 2 ခု
မတ်ပဲတစ်ရာသီကို အသီးအားပေး pkအချိုးကိုဘယ်နှစ်ကြိမ်ဖျန်းသင့်လဲဆရာ
ဖြေကြားချက် 1 ခု
ရေနာမိတဲ့ မတ်ပဲတွေဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ