အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
အေးကျော်ဖြိုး
လွန်ခဲ့သော ၁ ရက် က · ရေကြည်

စပါးဂုတ်ကျိုးရောဂါ.ဖြန်းတဲ့ဆေး ပိုနေလို့ မတ်ပဲမှာရောသုံးလို့ရလားဗျ ဘယ်လိုအခြေအနေမှာသုံးသင့်လဲခင်ဗျ

ပိုးမွှားရောဂါ မတ်ပဲ

ဖြေကြားချက် ၄ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,125,761 လွန်ခဲ့သော ၁ ရက် က
ဤအဖြေဖြင့် ပြေလည်

အခြားမှိုဆေး(ပရိုပီကိုနာဇိုး...)ဆိုရင်တော့ ကိစ္စမရှိဘူး Tricyclazoleဆိုရင်တော့ မတ်ပဲ၊ပဲတီစိမ်း သီးနှံတွေမှာ ,မဖျန်းသင့်ဘူးနော်။ အဓိက ရောဂါပစ်မှတ်ချင်းမတူတာရော၊ မှိုကို နှိမ်နင်းပုံမတူတာရောမို့၊ထိရောက်မှု နည်းနိုင်ပါတယ်။

သော်ဇင်
သော်ဇင် 474,415 လွန်ခဲ့သော ၁၉ နာရီ က

@အေးကျော်ဖြိုး Tricyclazole မှိုသတ်ဆေးကို မတ်ပဲခင်းတွင် အသုံးမပြုသင့်ပါဘူး။ ၎င်းသည် စပါးပင်၏ ဂုတ်ကျိုးရောဂါ တစ်မျိုးတည်းကိုသာ အထူးပြုနှိမ်နင်းရန် ထုတ်လုပ်ထားသည့် ဆေးဖြစ်သောကြောင့် မတ်ပဲတွင် အဖြစ်များသော မှဲ့ပြောက်စွန်း၊ သံချေးနှင့် ဖားဥမှိုရောဂါများအပေါ် အာနိသင် မထိရောက်ပါဘူး။ ထို့အပြင် တရားဝင် ခွင့်ပြုထားသည့် သီးနှံမဟုတ်သဖြင့် အပင်ဆေးဒဏ်သင့်ပြီး အရွက်လောင်နိုင်သလို ပဲစေ့အတွင်း ဆေးဓာတ်ကြွင်းကျန်ရှိကာ ပြည်ပပို့ကုန် စံချိန်စံညွှန်းများနှင့်လည်း ငြိစွန်းနိုင်ပါတယ်။

အေးကျော်ဖြိုး
အေးကျော်ဖြိုး 67 လွန်ခဲ့သော ၁၉ နာရီ က

tricyclazoleပါ ​ကျေးဇူးပါဆရာတို့ခင်​ဗျ

သော်ဇင်
သော်ဇင် 474,415 လွန်ခဲ့သော ၁ ရက် က

@အေးကျော်ဖြိုး ဆေးပါဝင်ပစ္စည်းလေးပြောထားပေးပါဦးခင်ဗျာ၊

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။