ခရမ်းချဥ် သီးတအားမဲတယ်ဗျ ကျောက်မှုန့်ကျွေးကြည့်တယ် ca ပလပ်နှစ်ကြိမ်ရှိပီဗျ ဒါမဲ့မနိုင်လို့ပါ ဘာဆေးထပ်ဖျန်းသင့်လဲ ဘာတွေဆက်လုပ်သင့်လဲ ဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
- အပင်သက်တမ်း
- ၆၀ ရက်
@မောင်မျိုးဇင်ကို ခရမ်းချဉ်သီး ဖင်မဲပုတ်ခြင်း (Blossom End Rot) သည် မြေကြီးထဲတွင် ကယ်လ်စီယမ်ဓာတ် ရှိနေသော်လည်း ရေသွင်းမမှန်ခြင်းကြောင့် အပင်က စုပ်ယူမရခြင်း ဖြစ်တတ်ပါတယ်။ ဂျစ်ပဆမ်ကျွေးခြင်းနှင့် ရွက်ဖျန်းဆေးဖျန်းခြင်းကသာ မလုံလောက်ဘဲ မြေကြီးအစိုဓာတ် မညီမျှခြင်း၊ နိုက်ထရိုဂျင်/ပိုတက်စီယမ် လွန်ကဲခြင်းတို့ကြောင့် ဖြစ်နိုင်သဖြင့် ရေပေးဝေမှုကို ဂရုစိုက်ရန်၊ ပုပ်နေသောအသီးများ ခူးဆွတ်ပစ်ရန်နှင့် အမြစ်မှ ကယ်လ်စီယမ်စုပ်ယူနိုင်အောင် ဝယ်လို့ရနိုင်မယ်ဆိုရင်ကယ်လ်စီယမ်နိုက်ထရိတ် ကျွေးရန် လိုအပ်ပါတယ်။ခေတ်အခြေအနေအရ ဝယ်ယူရမလွယ်ရင်တော့ ဂျစ်ဆမ်သာကျွေးပေးပြီး ရေဂရုတစိုက် သွင်းပေးပါခင်ဗျာ၊ ကယ်လ်စီပလမ်ထက် Calcium ပိုပါသည့်ရွက်ဖျန်းအားဆေးရှာဖွေဖျန်းကြည့်ပေးပါဦးခင်ဗျာ၊
ဟုတ် အသီးထိပ်မဲတာက Bloosom end rot ဆိုတဲ့ ကယ်ဆီယမ်ချို့တဲ့တာကြောင့်ဖြစ်တာပါ။ အရင်ဦးဆုံး ထိပ်မဲနေတဲ့ အသီးတွေကို ခူးပစ်ပါ။ အသီးက ပြန်မကောင်းလာနိုင်တော့မယ့် အပင်ကနေ အစာတွေ လုယူစားသောက်နေဦးမှာပါ။ အရွက်ရဲ့ အရောင်ကြည့်ရတာ ရေဓာတ်အားနည်းလို့ အစိမ်းရင့်ရောင်လိုမျိုး ဖြစ်နေတယ်လို့ ယူဆပါတယ်။ ရေကို ပုံမှန်ရအောင် လုပ်ပေးပါ။ အစိုဓာတ်ကို ထိန်းထားနိုင်အောင် အပင်ခြေမှာ ကောက်ရိုးလိုမျိုးနဲ့ မြေဖုံးပေးပါ။ မြေဖုံးပေးတာက မြေကြီးအပူချိန်ကိုလည်း ထိန်းထားပေးသလို အစိုဓာတ်ကိုလည်း ထိန်းပေးထားပါတယ်။ နိုက်ထရိုဂျင်ဓာတ်ကျွေးတာ လျော့ပေးပါ။ ကယ်ဆီယမ်တစ်မျိုးတည်းမဟုတ်ဘဲ ကယ်ဆီယမ်ဘိုရွင်ပါတဲ့ ရွက်ဖျန်းဆေး ဖျန်းပေးပါ။ ဘိုရွင်က ကယ်ဆီယမ်ဓာတ်တွေ အပင်တွေ သွားလာနိုင်အောင် ကူညီပေးပါတယ်။ အားဆေးအတွက် ငါးအမိုင်နိုအက်ဆစ် ဖျန်းပေးပါ။ ငါးအမိုင်နိုမှာ နိုက်ထရိုဂျင်အပြင် အခြားအဟာရတွေ အဏုဇီဝတွေလည်း ပါဝင်ပါတယ်။
@မောင်မျိုးဇင်ကို ခရမ်းချဉ်သီး ဖင်မဲပုတ်ခြင်းအတွက် ထုံးကို ရေဖျော်ပြီး အရွက်ပေါ်သို့ တိုက်ရိုက်ဖျန်းခြင်းကို မပြုလုပ်သင့်ပါဘူး။ ထုံးရည်သည် အယ်လ်ကာလီဓာတ် အလွန်ပြင်းထန်သဖြင့် အရွက်များပေါ် တိုက်ရိုက်ဖျန်းပါက အရွက်များ လောင်ကျွမ်းပျက်စီးခြင်းနှင့် အပင်နာခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့ပြင် အရွက်မှတစ်ဆင့် အသီးဆီသို့ ကယ်လ်စီယမ်ဓာတ် ရွှေ့ပြောင်းရောက်ရှိနိုင်မှုမှာလည်း အလွန်နည်းပါးလှပါတယ်။နောက်နှစ်သီးနှံနားချိန်မှာ မြေချဉ်ငန် pHတိုင်းပြီး ထုံးထည့်မြေပြုပြင်ပေးတာကအကောင်းဆုံးပါ။ အခုကအစိုဓာတ်မျှတရန်ထိန်းသိမ်း၊အပေါ်က အဖြေအတိုင်းဆောင်ရွက်ပေးပါခင်ဗျာ
ဆက်စပ်မေးခွန်းများ
ခရမ်းလျဉ်အသီးပုတ်နေလို့ပါ ပုံပါဆေးကိုဒီနေ့မနက်ဖျန်းလိုက်ပါတယ် တကယ်လို့ အသီးပုတ်တာမသက်သာဘူးဆိုင် တခြားဆေးလေး...
ဖြေကြားချက် 2 ခု
ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ
ဖြေကြားချက် 1 ခု
ဆရာခင်ဗျဘက်တီးရီးယားလို့ထင်ပြီးကာဆူကာမိုင်စင်ဖြန်းထားပါတယ်သုံးသပ်ပေးပါအုံးခင်ဗျ ပြီးတော့အသီးထွက်နုန်းလည်းနည်း...
ဖြေကြားချက် 3 ခု
ဆရာခင်ဗျခရမ်းချဉ်နဲ့မုန်ညင်းအားဆေးဘယ်ဆေးတွဲသုံးသင့်ပါလည်း ပုံပါဆေးဆိုင်ကညွန်းပေးလို့ပါဝိစာကွန်ဘီလည်းရှိနေပါတယ်...
ဖြေကြားချက် 1 ခု
အခုမှ ပျိုးမည်ဆိုလျှင်အချိန်မှီသေးလားဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။