အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Shine Htet Aung
လွန်ခဲ့သော ၂ ရက် က · ရပ်စောက်

ခရမ်းလျဉ်အသီးပုတ်နေလို့ပါ ပုံပါဆေးကိုဒီနေ့မနက်ဖျန်းလိုက်ပါတယ် တကယ်လို့ အသီးပုတ်တာမသက်သာဘူးဆိုင် တခြားဆေးလေးပြောင်းညွန်းပေးပါအုံးဗျ လွန်ခဲ့တဲ့ လေးရက်လောက် စောပင်နာကျနှင့်ပက်တီးရီးယားအစက်အပြောက်ရောဂါကျနေလို့ ကော့ပါးနှင့် ကာဆူကာမိုင်စင်အတွဲဗျန်းထားပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၈၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ
ပိုးမွှားရောဂါ ခရမ်းချဉ်
Post image
Post image
Post image
Post image

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 426,267 လွန်ခဲ့သော ၁ ရက် က

@Shine Htet Aung ခရမ်းချဉ်သီးပေါ်တွင် အဆီကွက်ကဲ့သို့ ညိုမွဲတင်းမာသော အကွက်များ ဖြစ်ပေါ်နေခြင်းသည် နှောင်းပင်နာကျရောဂါ (Late Blight) ကျရောက်နေခြင်း ဖြစ်ပါတယ်။ ယခင်သုံးထားသော Pyraclostrobin +Metiram နှင့် Metalaxyl +Mancozeb ဆေးများသည် ရောဂါပြင်းထန်ချိန် သို့မဟုတ် ရာသီဥတု စိုစွတ်ချိန်တွင် မှိုသတ်ဆေးယဉ်ပါးမှု ဖြစ်လွယ်သဖြင့် မသက်သာခြင်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ရောဂါသက်သာစေရန် ဆေးယဉ်ပါးမှုမရှိသေးသော Cymoxanil +Dimethomorph (သို့မဟုတ်) Oxathiapiprolin ကဲ့သို့ အုပ်စုသစ် ဆေးများကို အရွက်အောက်မျက်နှာပြင်ပါ စိုရွှဲအောင် အလှည့်ကျ ပက်ဖျန်းပေးရပါမယ်။ ဆေးမဖျန်းမီ ရောဂါရနေသော အသီးနှင့် အရွက်ဟောင်းများကို ဆွတ်ခူး၍ စိုက်ခင်းပြင်ပ၌ မီးရှို့ဖျက်ဆီးပစ်ရန် အရေးကြီးပါတယ်ခင်ဗျာ။(မဖယ်ပါက ဆေးဖျန်းသော်လည်း အပင်ချင်း ကူးစက်မှု မြန်နေပါလိမ့်မယ်)။ Chlorothalonil (ကလိုရိုသာလိုနေးလ်)မှိုဆေးကရောဂါပိုး ဆေးယဉ်ပါးမှု မဖြစ်စေရန် အထက်ပါ ပင်လုံးပျံ့ဆေးများ နှင့် အလှည့်ကျဖျန်းပေးရပါမယ်။ ရောဂါပိုး မျိုးစေ့များ ထပ်မံမပြန့်ပွားအောင် ကာကွယ်ပေးပါလိမ့်မယ်။အပင်အောက်ခြေမှ ရောဂါရ အရွက်ဟောင်းများကို ကိုက်ဖြတ်ပေးပြီး နေရောင်ခြည်ရရှိမှုနှင့် လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပါ။ဆေးဖျန်းလျှင် အရွက်မျက်နှာပြင်သာမက ရောဂါပိုး အောင်းနေတတ်သည့် အရွက်အောက်မျက်နှာပြင်ပါ စိုရွှဲသွားအောင် သေချာ ပက်ဖျန်းပေးပါခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 220,081 လွန်ခဲ့သော ၁ ရက် က

ခရမ်းချဥ်ပင်မှာစောပင်နာကျရောဂါကိုမယ်တယ်လက်စီနဲ့ဖျန်းပါဘက်တီးရီးရားရောဂါကိုကော့ပါးအောက်စီကလိုရိုက်တို့ကော့ပါးနိုုဒွတ်(စ) တ်ု့ဖြင့်ကာကွယ်နိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။