အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ခင်ဇော်ဝင်း
လွန်ခဲ့သော ၁၄ နာရီ က · ပင်းတယ

ဆရာခင်ဗျခရမ်းချဉ်နဲ့မုန်ညင်းအားဆေးဘယ်ဆေးတွဲသုံးသင့်ပါလည်း ပုံပါဆေးဆိုင်ကညွန်းပေးလို့ပါဝိစာကွန်ဘီလည်းရှိနေပါတယ်ဘယ်လိုတွဲဖြန်းသင့်တယ်ဆိုတာညွန်းပေးပါအုံးဆရာခင်ဗျ

အပင်အာဟာရ ခရမ်းချဉ်
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 426,267 လွန်ခဲ့သော ၁၀ နာရီ က

@ခင်ဇော်ဝင်း ခရမ်းချဉ်စိုက်ပျိုးရာတွင် အပင်ကြီးထွားပြီး အပွင့်လိုက်ချိန်၌ အများလိုအဟာရနှင့် အနည်းလိုရိုအာဟာရ စုံလင်စေရန် "ရှယ်သီး" နှင့် "ဝိစာရကွန်ဘီ" ကို တွဲဖျန်းပေးရမည်ဖြစ်ပြီး၊ အပွင့်ပွင့် အသီးတင်ချိန်တွင်မူ အသီးတင်နှုန်းကောင်းစေရန်နှင့် အသီးဖင်ပုပ်ရောဂါ ကာကွယ်ရန် "သီးပွင့်ကောင်း" နှင့် "လပ်ကီးကယ်ဘို" ကို ပြောင်းလဲတွဲဖျန်းပေးရပါမယ်။ တစ်ဖက်တွင် မုန်ညင်းသည် အရွက်စားပင်ဖြစ်သည့်အတွက် အပင်ကြီးထွားနှုန်း ကောင်းမွန်စေရန်နှင့် အရွက်ကြွပ်ရွသန်မာစေရန် နိုက်ထရိုဂျင်နှင့် ဆာလာဖာဓာတ် ကြွယ်ဝသော "ရှယ်သီး" နှင့် "ဝိစာရကွန်ဘီ" တွဲလုံးတစ်ခုတည်းကိုသာ စိုက်ပျိုးပြီး တစ်သက်တာလုံး အသုံးပြုပေးရန် လိုအပ်ပါတယ်ခင်ဗျာ။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။