အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မောပ်တိုးတတ်
လွန်ခဲ့သော ၁ ပတ် က · ပုသိမ်ကြီး

ဘယ်ဖြစ်တာလဲဗျဘယ်လို့ကုသရ

အပင်အာဟာရ ဂန္ဓမာ
Post image

ဖြေကြားချက် ၄ ခု

Thar Po
Thar Po အတည်ပြုပြီး 36,046 လွန်ခဲ့သော ၁ ပတ် က

အာဟာရချို့တဲ့ခြင်း၊ အယ်နီညို ရာသီဥတုရဲ့ အပူရှိန် ခံစားရခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ်။ ဟူးမစ်၊ဖူးဗစ်ပါသော အားဆေးဖျန်းပါ။ အပူသက်သာအောင်ဖန်တီးပေးပါ။ နိုက်ထရိုဂျင် လျော့သုံးပါ။

သော်ဇင်
သော်ဇင် 451,721 လွန်ခဲ့သော ၁ ပတ် က

@ကိုထိုက် အစိမ်းရောင်လမ်း Appထဲဝင်ပြီးပို့စ်အသစ်တင်မည်ကိုနှိပ်ပြီးတင်လို့ရပါတယ်ခင်ဗျာ

ကိုထိုက်
ကိုထိုက် 29 လွန်ခဲ့သော ၁ ပတ် က

post ဘယ်လို တင်လည်းဗျ

သော်ဇင်
သော်ဇင် 451,721 လွန်ခဲ့သော ၁ ပတ် က

@မောပ်တိုးတတ် ပုံပါ ဂန္ဓမာပင်၏ အရွက်ရင့်များတွင် ခရမ်းညိုရောင် သန်းနေခြင်းသည် ဖော့စဖောရပ်ဓာတ် (Phosphorus) ချို့တဲ့ခြင်း သို့မဟုတ် ရာသီဥတုအေး၍ အာဟာရမစုပ်ယူနိုင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ကုသရန်အတွက် ဖော့စဖောရပ်ဓာတ် မြင့်မားစွာပါဝင်သော တီစူပါမြေသြဇာ (သို့မဟုတ်) ကွန်ပေါင်းမြေဩဇာများကို စနစ်တကျ ထည့် ကျွေးပေးရပါမယ်။ Phosphorus အချိုးများရွက်ဖျန်းမြေဩဇာဖျန်းပေးခြင်းများပြုလုပ်ပေးရပါမယ်။ထို့အပြင် မြေဆီလွှာ ကျစ်လစ်မှုကို လျှော့ချရန် မြေဆွပေးခြင်းနှင့် အစိုဓာတ်လွန်ကဲ၍ မှိုမတက်စေရန် လေဝင်လေထွက်ကောင်းအောင် ပြုပြင်ပေးဖို့ လိုအပ်ပါတယ်။မြေကြီး ကျစ်လစ်လွန်းနေပါက အမြစ်များ အာဟာရ မစုပ်ယူနိုင်ပါဘူး။ မြေဆွပေးပြီး မြေဆီလွှာ pH သည် ၆.၀ မှ ၆.၅ ဝန်းကျင် (အနည်းငယ် အက်ဆစ်ဆန်သော မြေ) ရှိမရှိ စစ်ဆေးပါ။ pH အရမ်းများ/နည်းနေပါက အာဟာရဓာတ် စုပ်ယူမှုကို ပိတ်ဆို့စေပါတယ်။ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ

You

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။