ကွမ်းစိုက်ရန်အတွက်မြေပြင်ချိန်ဘာတွေလုပ်ရမလဲ သင့်တော်သောဆေးဝါး မြေသြဇာများကိုမည့်သို့အသုံးပြုသင့်သလဲပြောပြပေးပါ
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
- မည်သည့်အပိုင်း ထိခိုက်သနည်း?
- အရွက်
ကွမ်းစိုက်မည့်မြေကို ၊ယခင်ရောဂါကျပြီးသောသီးနှံစိုက်ခဲ့ဘူးပါက၊ရိုးပြတ်တွေ မီးရှို့ရှင်းလင်းပါ။ ပန္နက်ရိုက်ပြီး ဘောင်ဖော်ပါ။ ဘောင်ပေါ်ကို ထုံးဖြူးပါ သို့မဟုတ် ဖို့စတိုင်းအလူမီနီယံကို ဆေးတပုံး ၁၀၀ဂရမ်နုန်း ဖျန်းပါ။ကောင်းစွာမဆွေးမြေ့သော မြေဆွေး၊နွားချေး မထည့်ပါနဲ့။ဓာတ်မြေဩဇာ မထည့်ပါနဲ့။(ရေရှည်အတွက် ရည်ရွယ်ပါက သဘာဝပစ္စည်း /နုံးမြေ၊၁၀၀%ဆွေးမြေ့ပြီးမြေ သုံးပါ။သို့မှသာ အမြစ်ပုပ်ရောဂါ ကာကွယ်မှာပါ။
ကွမ်းပင်ငယ် ၁၅ ရက်သားအရွယ်သည် အမြစ်သစ်များ စတင်ထွက်ရှိပြီး မြေအာဟာရကို စတင်စုပ်ယူမည့် အချိန်ဖြစ်သောကြောင့် စနစ်တကျ ပြုစုရန် လိုအပ်ပါသည်။ မြေပြင်ရာတွင် တစ်ဧကလျှင် နွားချေးဆွေး (၁၀) စီးခန့်နှင့် တီစူပါ ၁ အိတ်ကို အခြေခံမြေဩဇာအဖြစ် ထည့်သွင်းကာ ရေမဝပ်စေရန် အမြင့် ၁ ပေခွဲရှိသော စိုက်ဘောင်များ ဖော်ပေးရပါမည်။ လက်ရှိ ၁၅ ရက်သားတွင် ဓာတ်မြေဩဇာ ပြင်းပြင်းထန်ထန် မကျွေးသင့်သေးဘဲ အပင်ခြေနှင့် ဝေးဝေးတွင် နွားချေးမှုန့် ခပ်ပါးပါးသာ ကျွေးသင့်ပြီး၊ အရွက်ထွက်သန်စေရန် ၃ လသားအထက်မှသာ ယူရီးယား သို့မဟုတ် ၁၅-ပတ်လည် ကွန်ပေါင်းမြေဩဇာကို တစ်လတစ်ကြိမ် ကျွေးရပါမည်။ ထို့ပြင် အပင်ငယ်စဉ် ရိုးမဲဆစ်ပြုတ် မှိုရောဂါကာကွယ်ရန် မက်ကောဇက် (Mancozeb) သို့မဟုတ် ကော့ပါးမှိုသတ်ဆေးကို ၁၅ ရက်တစ်ကြိမ် အပင်ခြေမြေကြီးထဲအထိ စိုစွတ်အောင် ဖျန်းပေးခြင်းနှင့် အရိပ်စင် ပြုလုပ်ပေးခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကွမ်းအတွက် ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်ပါသောအမြစ်ပုတ်ပျောက်ဆေး ဆေးအမည် ဘယ်companyကထုတ်လဲ သိလိုပ်သည်
ဖြေကြားချက် 3 ခု
ကွမ်းက၁၆ရက်သားရပါပြီမိုးကလဲများနေလို့အမိုးအကာတွေဖယ်သင့်ပါလားကွမ်းပင်ကလဲအမြစ်စွဲနေပါပြီ
ဖြေကြားချက် 1 ခု
ကွမ်းရဲ့လိုအပ်ချက်တွေကိုသိချင်ပါတယ် ဘာတွေလိုအပ်နေပါသလဲဆိုတာကိုပြောပြပေးပါဦး ဘာအစာမှလဲမကျွေးရသေးပါဘူး အပင်ဖြစ်...
ဖြေကြားချက် 1 ခု
အဲကွမ်းရွက်ကဘာရောဂါဖြစ်တာလဲ ဘာဆေးအသုံးပြုရမလဲ
ဖြေကြားချက် 5 ခု
ကွမ်းပင်တစ်လသားရှိပါပြီသင်းလို့ရပြီလားမသင်းခင်ဘာအစာကျွေးသင့်ပါလဲ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။