ကွမ်းရဲ့လိုအပ်ချက်တွေကိုသိချင်ပါတယ် ဘာတွေလိုအပ်နေပါသလဲဆိုတာကိုပြောပြပေးပါဦး ဘာအစာမှလဲမကျွေးရသေးပါဘူး အပင်ဖြစ်နှုန်းအားကောင်းအောင်ဘယ်လိုပြုလုက်သင့်ပါသလဲဆိုတာပြောပြပေးပါ
ကွမ်းပင်ငယ်လေးတွေ အဆွဲမြန်ပြီး အပင်ဖြစ်နှုန်း အားကောင်းစေဖို့ လုံးဝဆွေးမြည့်နေတဲ့ နွားချေးဆွေး (သို့) ကြက်ချေးဆွေး သဘာဝ မြေဩဇာကို ပင်ခြေပတ်လည်မှာ ကျွေးပေးပါ။ အပင်တက်အားကောင်းစေရန်ယူရီးယား (ပုလဲ) အချိုးများ ရွက်ဖျန်းအားဆေးကို ဖျန်းပေးပါ။ အမြစ်ဆင်းကောင်းစေရန်တီစူပါ (TSP) သို့မဟုတ် ဖော့စဖရပ်ပါတဲ့ မြေဩဇာ အနည်းငယ် ကျွေးပေးနိုင်ပါတယ်။သဘာဝအားဆေးအနေနဲ့ ငါးအမိုင်နိုအက်ဆစ် (သို့) EM ဘိုကာရှီကို ရေနဲ့ရောပြီး ပက်ဖျန်းပေးရင် အပင်ပိုသန်ပါတယ်။ကွမ်းပင်က ရေကြိုက်ပေမယ့် ရေဝပ်ရင် အမြစ်ပုပ်တတ်လို့ ပင်ခြေမှာ ရေမတင်အောင် ရေနုတ်မြောင်း သေချာလုပ်ပေးပါ။ မြေအစိုဓာတ်ပေါ်မူတည်ပြီး ရေမှန်မှန်ဖျန်းပေးပါ။အပင်ငယ်စဉ် ပင်ခြေပုပ်ခြင်းနဲ့ မှိုရောဂါ ကာကွယ်ဖို့ မန်ကိုဇက် (Mancozeb) ကဲ့သို့သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အချိုးအစားမှန်မှန်နဲ့ ကြိုတင်ပက်ဖျန်းပေးထားသင့်ပါတယ်ဗျာ။
ဆက်စပ်မေးခွန်းများ
ကွမ်းခြံအမိုးအပေါ်မမိုးပဲမြေကြီးပေါ်ဘောင်အုပ်မိုးရင်အဆင်ပြေပါ့မလားခမျာ
ဖြေကြားချက် 1 ခု
ကွမ်းစိုက်ထားတာ၉ရက်ရှိပါပြီနေအရမ်းပူပြီးကွမ်းပင်လေးတွေနွမ်းနေလို့ပါ အမြစ်ကလဲမထွက်သေးပါဘူး အမြစ်ထွက်အားကောင်းလာ...
ဖြေကြားချက် 1 ခု
ကျွန်တော့ကွမ်းမှာအပင်မည်းတာတွေ့လို့ ထရိုင်ကိုဒါးမား ဖြန်းလို့ရလား ခဗျား
ဖြေကြားချက် 1 ခု
ကွမ်းက၁၆ရက်သားရပါပြီမိုးကလဲများနေလို့အမိုးအကာတွေဖယ်သင့်ပါလားကွမ်းပင်ကလဲအမြစ်စွဲနေပါပြီ
ဖြေကြားချက် 1 ခု
ကွမ်းအတွက် ဟိုက်ဒရိုဂျင်ပါရောက်ဆိုက်ပါသောအမြစ်ပုတ်ပျောက်ဆေး ဆေးအမည် ဘယ်companyကထုတ်လဲ သိလိုပ်သည်
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။