အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Aung Ko Min
Aung Ko Min 109
လွန်ခဲ့သော ၃ လ က · ကော့မှုး

အဲကွမ်းရွက်ကဘာရောဂါဖြစ်တာလဲ ဘာဆေးအသုံးပြုရမလဲ

ပိုးမွှားရောဂါ ကွမ်း
Post image

ဖြေကြားချက် ၅ ခု

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ဘက်တီးရီးယားရောဂါဝင်တာပါ။ ကော့ပါးဟိုက်ဒြောက်ဆိုဒ် ၄၀ဂရမ်+bismerthiazol 60ဂရမ်ကို ဆေးတပုံးစာ ရောဖျန်းပါ။ရေမဝပ်အောင်ဂရုစိုက်ပါ။

ဒို့ဦး​လေး
ဒို့ဦး​လေး အတည်ပြုပြီး 1,116,618 လွန်ခဲ့သော ၃ လ က
koyannaing
koyannaing 33 လွန်ခဲ့သော ၃ လ က

အာမိုကရောင်း+အာမိုမိုင်စင် တွဲဖျန်းပါ

Thura
Thura 40 လွန်ခဲ့သော ၃ လ က

ဆေးထုပ်ပုံစံလေးပါ ပြပေးပါလားဆရာ

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၃ လ က

ကွမ်းဆီစွန်းရောဂါ (ဘက်တီးရီးယား) သည် အရွက်ပေါ်တွင် ပုံသဏ္ဍာန်မမှန်သော ဒေါင့်ကွက်ပုံ ရေစိုနာများ ဖြစ်ပေါ်စေပြီး အနာကွက်ဘေး၌ ထင်ရှားသော အဝါရောင်အရစ် (Yellow Halo) ဝိုင်းနေတတ်ခြင်းက အဓိက လက္ခဏာဖြစ်ပါသည်။ ဤရောဂါသည် စိုစွတ်ထိုင်းမှိုင်းသော ရာသီဥတုတွင် အဆစ်များဆီသို့ ကူးစက်ကာ ရိုးမဲဆစ်ပြုတ်ခြင်းကို ဖြစ်စေသည်။ ကုသရန်အတွက် ပုံမှန်မှိုသတ်ဆေးများဖြင့် မရဘဲ ကော့ပါးအခြေခံဆေး (Copper Oxychloride) သို့မဟုတ် စိုက်ပျိုးရေးသုံး ဘက်တီးရီးယားသတ်ဆေးများကို သုံးစွဲရမည်ဖြစ်ပြီး ကွမ်းခြံတွင်း လေဝင်လေထွက်ကောင်းအောင် ရှင်းလင်းပေးရန် လိုအပ်သည်။ထို့အပြင်ရေမဝပ်အောင် ရေနုတ်မြောင်း ပြုလုပ်ခြင်းနှင့် ပင်ခြေကိုသာ ရေလောင်းခြင်းတို့ကို စနစ်တကျ ပြုလုပ်ပေးခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်တားဆီးနိုင်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။