ဖြေကြားချက် ၂ ခု
အပင်သက်တန်း တစ်လခွဲကျော်နေပြီဖြစ်တာကြောင့် ပန်းတွေပွင့်နေပြီးသီးကင်းလိုက်စပြုနေလောက်ပါပြီ။နှမ်းပင်ရဲ့သဘာဝက ဆက်တိုက်ပန်းပွင့်တတ်တာမို့ အသီးတင်ဖို့အရေးကြီးပါတယ်။ဒါကြောင့် အပွင့်အသီးအားပေးတဲ့ ပုလဲ+လက်ချား အားဆေးဖျန်းပေးစေလိုပါတယ်။ဆေးဖြန်းပုံးတစ်ပုံးဆိုရင် ပုလဲ ၁၆ဇွန်း + လက်ချား ၄ဇွန်းနှုန်း အသုံးပြုရပါမယ်။(ထမင်းစား စတီးဇွန်း)။ပုလဲ(အဖြူ)ကို စိုက်ပျိုးရေးဆေးဆိုင်မှာဝယ်ယူနိုင်ပြီး လက်ချားကိုတော့ ပရဆေးဆိုင်မှာရရှိနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ကျွန်တော်တို့ဒေသမှာနှမ်းစိုက်တောင်သူအချို့ဘားပလပ်နှင့်အချို့မှုန့်ကိုရေဖျော်၍ရွက်ဖြန်းဆေးအဖြစ်အသုံပြုနေကြပါတယ်...
ဖြေကြားချက် 1 ခု
နှမ်းသီးနှံအတွက် Borax နဲ့ Nitrogen ကိုရွက်ဖျန်းအနေနဲ့သုံးချင်ပါတယ်။Liter 20 ဆေးဖျန်းပုံးတစ်ပုံးကို ဘယ်နှုန်း...
ဖြေကြားချက် 1 ခု
နှမ်း စိုက်ပျိုးနည်း နှင့် လိုအပ်သည့် မြေသြဇာအချိုးအစား အချိန် စသည့်တို့ကို တက်သိပညာရှင်များ လမ်းညွန်ပေးပါ
ဖြေကြားချက် 3 ခု
နွေနှမ်းပင်အတွက် အပင်ပေါက်ပီး အပင်အဟာရကြီးထွားမှု့အတွက် ဘာဆေးဖျန်းရမလဲ ခေါင်ညွှန့်ပိုးကိုက်တာ ဘာ ပိုးသတ်ဆေး...
ဖြေကြားချက် 2 ခု
နှမ်းပင် သက်တမ်း 15ရက်ရှိပီ အပင်ပေါက် ကြဲလို့ ဖျတ်ပီး ပြန်ကျဲ နေရတယ် နောက်ကျ သွားပေမဲ့ ရွက်ဖျန်းဆေး အပင်ကောင်း...
ဖြေကြားချက် 7 ခု
ရေပန်းစားသော အကြောင်းအရာများ