Salai Naing Hone
စိုက်ပျိုးရေးပညာရှင် · ဟားခါး
သီးနှံတစ်မျိုးတည်းစိုက်ခြင်းထက်၊ သီးလှည့်စိုက်ပျိုးခြင်းက သီးနှံ အပေါ်ရောဂါ၊ပိုးကျရောက်မှုကိုလျော့နည်းစေပါတယ်။မြေကြီးထဲမှာရှိတဲ့ ဇီဝကမ္မဖြစ်စဥ်ကိုပါအားပေးပါတယ်။ သီးနှံတစ်မျိုးတည်းစိုက်တာတော့အားမပေးပါဘူးခင်မျ
မဂ်လာပါ၊ မြေပဲစိုက်ပြီး မြေပဲပြန်စိုက်ရင် အောင်မြင်နိုင်ပါသလားခင်ဗျာ၊ ထွက်နူန်းထိခိုက်နိုင်ပါသလား သိချင်ပါတယ်။
ရနိုင်ချေရှိပေမယ့် ထောပတ်ဆိုင်ရင်ကိုင်းဆက်နည်းက အသေချာဆုံးပါ
ထောပတ်ကို ဒီလိုအဖူးမြုပ်နည်းနဲ့ မျိုး ပြောင်းလို့ရပါသလား ဆရားတို့ ရွက်ညှာကခြောက်ပြီး အဖူးကတော့စိမ်းနေပါသေးတယ်
ငါးအမိုင်နိုအက်စစ်ဖျန်းကြည့်ပါခင်မျ
နှမ်းသီနှံအတွက် အားဆေးလေး ဖျန်းချင်လို့ ဘာ အားဆေး သုံးရမလဲဗျ နှမ်းအပင်သက်တမ်း 1 လခွဲ ကျော်ပြီ
ရှမ်းနှမ်းလို့ Facebook မှာရိုက်ရှာကြည့်ပါဗျာ
ရှမ်းဘက် ခေါပုတ်ထဲ ထည့်စားတဲ့နှမ်း(လုံးလုံးလေး)က ဘယ်လိုစိုက်ရတာလဲဗျာ အဲလိုနှမ်းမျိုး onlineမှာ ရိုက်ရှာလည်းမတွေ့ပါလားဗျ
ကိုယ့်ဒေသနဲ့လိုက်ဖက်တဲ့သီးနှံကို နွေမိုးဆောင်းဇယားချရေးသင့်ပါတယ် တောင်ပေါ်ဖက်မှာဆိုရင်တော့ ဧပြီလလောက်မှာပြောင်း၊ပဲ၊ဘူး၊ဖရုံသခွား၊အာလူး၊ချဥ်ပေါင်စတာတွေစိုက်ပြီး အောက်တိုနိုဝင်ဘာသိမ်း၊စက်တင်အောက်တိုမှာ မုန်ညင်း၊ဂေါ်ဖီထုတ်၊ကြက်သွန်ဖြူ၊နီ၊မုန်လာဥရခါကျက်ဥ စတဲ့ဆောင်းသီးနှံစိုက်ကြပါတယ်
ရာသီလိုက်စိုက်ပျိိုးသင့်တဲ့ သီးနှံလေးတွေ ပြောပေးကြပါလား။အိမ်နောက်ဖေးမြေကွက်လပ်မှာ စိုက်ချင်လို့ပါ။
ဟုတ်ပါတယ်တစ်လသို့မဟုတ်နှစ်လကြိုတင်ထဘ့်ပြခင်မျ
ဝဥစိုက်မယ့်မြေကိုpH paper နဲ့ချဥ်ငံကိန်းစစ်ကြည့်တာအရောင်ပြဇယားနဲ့တိုက်ပီးစစ်ကြည့်တော့pHက5ဖက်နီးနေပါတယ် မစိုက်ပျိုးခင်ဘယ်လိုပြုပြင်ရမလဲ စိုက်ပျိုးပီးဘာတေွလုပ်ဆေါင်သင့်လဲပြောပြပေးပါဆရာတို့ခင်ဗျာ
ေြပာင်းမူန် ့၊ဆန်ကွဲ ၊ပဲဖတ် ၊ နှမ်းဖတ်၊ခရု မူန် ့ တို ့မှာ ပါဝင်တဲ့ NPK အချိုးကို သိချင်ပါတယ်
မွေးမြူရေး အကြံပေး Michael Botရဲ့အဆိုအရ Protein ပါဝင်တဲ့ပဲတစ်မျိုးမျိုး ရောကျွေးတာ၊သန့်ရှင်းတဲ့ရေတိုက်တာကတော့ကြီးထွာမှုကိုမြန်ဆန်စေပါတယ်တဲ့ခင်မျ
ဒေသကြက်အကြီးမြန်အောင် ဘယ်လိုအစာတွေကျွေးသင့်လဲဆရာတို့
ဆရာဖုန်းပြောတာလုပ်နိုင်ရင်ကောင်းတဲ့အပြင်ရေရရှိတာလွယ်ကူတယ်ဆိုရင် ခုချိန်မှာ ပဲတစ်မျိုးမျိုး(ပဲလိမ်း၊ပဲပုတ်) ၊ဒါမှမဟုတ်ပိုက်ဆံလျှော်ကို ဝဥစိုက်မယ်စိုက်ခင်းထဲကြဲပက်ပြီး ၄၅ ရက် (သို့မဟုတ်) ပန်းပွင့်ချိတ်ထယ်မှောက်လိုက်ရင်ဝဥအတွက်အလွန်ကောင်းတဲ့သစ်စိမ်းမြေသြဇာ ရပါတယ်ခင်မျ
ဝဥစိုက်မယ့်မြေကိုpH paper နဲ့ချဥ်ငံကိန်းစစ်ကြည့်တာအရောင်ပြဇယားနဲ့တိုက်ပီးစစ်ကြည့်တော့pHက5ဖက်နီးနေပါတယ် မစိုက်ပျိုးခင်ဘယ်လိုပြုပြင်ရမလဲ စိုက်ပျိုးပီးဘာတေွလုပ်ဆေါင်သင့်လဲပြောပြပေးပါဆရာတို့ခင်ဗျာ
ဂေါ်ဖီထုပ်က အအေးကြိုက်တဲ့အပင်ဖြစ်ပါတယ်။စက်တင်ဘာလ ၊အောက်တိုဘာလတွေမှာ စိုက်ပျိုးသင့်ပါတယ်ခင်မျ။ ခုချိန်စိုက်ရင်နွေဝင်တော့မှာဖြစ်တဲ့အတွက် အဆင်မပြေပါဘူးခင်မျ
ဂေါ်ဖီထုပ် ယခုအချိန် ပျိုးစိုက်လို့ ရလားဗျ။