အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၄ နှစ် က · ကျောက်တံခါး

ဆရာတို့ရေပက်ကြဲနဲ့တန်းနဲ့စိုက်တာရဲ့အားနည်းချက်၊အားသာချက်လေးရှင်းပြပါဦး

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၄ နှစ် က

တန်းစိုက်ရဲ့အားသာချက်က လေဝင်လေထွက်ကောင်းမယ်။ကိုင်းဖြာမှုပိုကောင်းတယ်။ပိုးရောဂါကျရောက်မှုနည်းပြီးကျရောက်ပါကနှိမ်နင်းရလွယ်ပါတယ်။ပေါင်းလိုက် ကြားထွန်ဝင်ရတာအဆင်ပြေပါတယ်(ကြဲစိုက်ထက်ပေါင်းမြက်ပိုထူတတ်ပါတယ်)။အထွက်နှုန်းပိုမိုရရှိပါတယ်။အားနည်းချက်လို့သတ်မှတ်နိုင်တာက မျိုးစေ့တန်းချရတာ‌ကြောင့် အချိန်ပိုကုန်ပါတယ်။လုပ်အားပိုကုန်ပါတယ်။စိုက်ပျိုးကုန်ကျစရိတ်ပိုကုန်ပါတယ် (ကုန်ကျစရိတ်ပိုကုန်သော်လည်းအထွက်ကောင်းသဖြင့်ကြဲစိုက်ထက်ပိုမိုအကျိုးရှိပါတယ်)။....... ချွင်းချက်အနေဖြင့် ငွေ‌ကြေးအခက်အခဲရှိခြင်းနှင့်စိုက်ခင်းအနေအထားအရတန်းစိုက်၍မရခြင်းများ‌‌ကြောင့် တန်းစိုက်ကောင်းသည်ကိုသိသော်လည်း ကြဲပက်စိုက်နေကြသည့်တောင်သူအများအပြားရှိနေပါတယ်။

260,000 လွန်ခဲ့သော ၄ နှစ် က

ပက်ကြဲနဲ့တန်းစိုက်က အပင်ညီခြင်းမညီခြင်းပဲကွာပါတယ်။ အပင်ညီတာရဲ့ အားသာချက်က အပင်ညီတော့ ကွင်းဆင်းလေ့လာ ရတာ လွယ်ကူတယ်။ အပင်ဖာနိုင်တာကြောင့်၁ဧက စိုက်နိုင်တဲ့ အပင်အကုန် စိုက်နိုင်တယ်။ ဒါ့ ကြောင့် အထွက်ကို ၁၀%ကနေ၂၀%လောက်ထိ အထွက်တိုးနိုင်ပါတယ်ခင်ဗျာ။ တန်းစိုက်တာက သွင်းအားစု အနည်းငယ်များပေၽမဲ့ အထွက်မှာ စကားပြောပါတယ်ခင်ဗျာ။ ဒါ့ကြောင့်တန်းစိုက်တာ ပိုကောင်းသော နည်းလမ်းဖြစ်ပါတယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဘာလိုအပ်သေးလဲ့လမ်ညွန်ပေးပါဗျာ

ဖြေကြားချက် 3 ခု

ပဲတီစိမ်း မျိုးကြဲလိုက်တာ အပင်တွေထူသွားလို့ ပင်ကြား တန်းကြားဘယ်လောက်အကွာအဝေးလောက် ပင်ကျပ်နှုပ်ရမလဲ သိချင်ပါတယ်...

ဖြေကြားချက် 1 ခု

ပဲတီစိမ်းနှင့် မတ်ပဲကို စပါးရိတ်ပြီးနောက် ဆောင်းသီးနှံအဖြစ်‌စိုက်ပျိုးရာတွင်ရေသွင်းစိုက် ပျိုး၍ ရပါသလား။ မိမိ...

ဖြေကြားချက် 3 ခု

ပဲခူးတိုင်းအနောက်ပိုင်း မိုးညိုကပါ ပဲတီစိမ်းရေဆင်း 14 (2)လပိုင်းကုန်လောက် ရေသွင်းစိုက်ချင်လို့ အဆင်ပြေပါ့မလား

ဖြေကြားချက် 1 ခု

ဆရာတို့ခင်ဗျား ကြက်သွန်ခင်း သိမ်းပီးပါပီ အဲလယ်(စနယ်မြေစေး)ကို ပဲတီစိမ်းစိုက်လို့ရမလား နှမ်းစိုက်ရမလားခင်ဗျား...

ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။