အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
928
လွန်ခဲ့သော ၄ နှစ် က · ဆိပ်ဖြူ

ဆရာတို့ခင်ဗျား ကြက်သွန်ခင်း သိမ်းပီးပါပီ အဲလယ်(စနယ်မြေစေး)ကို ပဲတီစိမ်းစိုက်လို့ရမလား နှမ်းစိုက်ရမလားခင်ဗျား...

ဆရာတို့ခင်ဗျား ကြက်သွန်ခင်း သိမ်းပီးပါပီ အဲလယ်(စနယ်မြေစေး)ကို ပဲတီစိမ်းစိုက်လို့ရမလား နှမ်းစိုက်ရမလားခင်ဗျား ရေတွင်းရှိပါတယ် မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်ကပါဗျ စိုက်လို့ရရင် ဘယ်မျိုးစိုက်ရမလဲဆိုတာ အကြံဥာဏ်တောင်းအပ်ပါသည်ခင်ဗျား

စိုက်ပျိုးနည်း ပဲတီစိမ်း ပဲတီစိမ်းစိုက်ပျိုးနည်း

ဖြေကြားချက် ၆ ခု

260,000 လွန်ခဲ့သော ၄ နှစ် က

အချီန်ရပါသေးတယ်ခင်ဗျာ။ ပြီးတော့ တစ်ခုအကြံပေးချင်တာက ပဲတီစိမ်း ပင်ပိုင်းကြီးထွားချိန်ကို ငါးအမိုင်နိုဖြန်ပေးပါက ပိုကောင်းသော ရလဒ်ကို ရနိုင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

928 လွန်ခဲ့သော ၄ နှစ် က

ဟုတျကဲ့ပါဆရာ

အတည်ပြုပြီး 1,116,071 လွန်ခဲ့သော ၄ နှစ် က

ပဲတီစိမ်းက,ပိုအဆင်​ပြေမယ်၊ ​ရေသွင်းပဲတီဆိုရင် မတ်လကုန်​လောက်က စိုက်နိုင်ရင်ပို​ကောင်းတယ်။ အနည်းငယ်​နောက်ကျတယ်။ မိုးဦးလာမှာမို့ ​ရေဝင်တတ်လို့ပါ။ ​ရေဝင်၊မိုးမိ မစိုးရိမ်ရရင် ပဲတီစိမ်း စိုက်သင့်ပါတယ်။ သက်တမ်းတိုမျိုး စိုက်သင့်ပါတယ်။

928 လွန်ခဲ့သော ၄ နှစ် က

ဟုတ်ဆရာ စိုက်ချိန်မှီသေးလားဗျ ရေသွင်းကိုတစ်ခါမှမစိုက်ဘူးလို့ပါ ပဲတီစိမ်းမျိုးလည်းဘယ်မျိုးစိုက်ရင်ကောင်းမလဲဗျ ကျေးဇူးပါ

260,000 လွန်ခဲ့သော ၄ နှစ် က
260,000 လွန်ခဲ့သော ၄ နှစ် က

နှမ်းသည် နုံးမြေ၊ သဲနုန်းမြေနှင့် နုန်းမြေစေးမြေများတွင် အပင်ကောင်းစွာဖြစ်ထွန်းသည်။ စနယ်မြေစေးမာဆို စိုက်နိုင်ပေမဲ့ ဖြစ်ထွန်းမူနည်းပါမယ်။ ပဲတီစိမ်းကတော့ ဆားပေါက်သော မြေများမှ လွဲ၍ ကျန်သောမြေအားလုံးတွင် စိုက်ပျိုးနိုင်ပါသည်။ အထူးသဖြင့် စနယ်မြေစေး၊ လယ်မြေ၊ နုန်းမြေ များတွင် ပို၍စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါသည်။ ပြီးတော့ နှမ်းထက် ရေလိုအပ်ချက် ပိုနည်းပါတယ်။ ဒါ့ကြောင့် ပဲတီစိမ်းကို ပိုစိုက်စေချင်ပါတယ်ခင်ဗျာ။ အဆင်ပြေပါစေ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။