အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဦးကျော်ဇင်ဦး
လွန်ခဲ့သော ၅ နှစ် က · ပခုက္ကူ

နှမ်း အပွင့် အသီးကင်းဝင်နေချိန် အသီးအောင်နှုန်းကောင်းဖို့ ဘာဆေး သုံးသင့်လဲဆရာတို့ အပင်လည်း ထွား အသီးလည်းအောင်ချင်တာပါ

အပင်အာဟာရ နှမ်း နှမ်းပင်အာဟာရ
2

ဖြေကြားချက် ၂ ခု

ဦးကျော်ဇင်ဦး
ဦးကျော်ဇင်ဦး 295 လွန်ခဲ့သော ၅ နှစ် က

ဆရာ လက်ချားက အခဲတွေ ဆေးဖော်တဲ့နေရာမှာသုံးတာတဲ့ ဟုတ်လားဆရာ အမှုန့်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဗျ နောက်ပီးမိုးက မရွာသေးဘူးဆရာ အစိုဓာတ်တော့ရှိတယ် ပတ်လို့ရလားဗျ ပိုးသတ်ဆေးနဲ့ရော တွဲသုံးလို့ရလားဗျ

U Aye Naing
U Aye Naing အတည်ပြုပြီး 180,398 လွန်ခဲ့သော ၅ နှစ် က

နှမ်းကပန်းစပွင့်ချိန်မှာအရေးကြီးပါတယ်.မြေအစိုဓာတ်ရယ်,အာဟာရရယ်လုံလောက်မှုရှိရပါမယ်။နှမ်းပင်ရဲ့သဘောသဘာဝက ဆင့်ကဲဆင့်ကဲပန်းပွင့်တတ်တာမို့ ပန်းစပွင့်ချိန်မှာအပင်ဆက်လက်ရှင်သန်ဖွံ့ဖြိုးဖို့ရယ်,ပန်းတွေဖြိုင်ဖြိုင်ပွင့်ပြီးအသီးတင်ဖို့အတွက် ပုလဲ(ယူရီးယား)နဲ့လက်ချား (ဘိုရွန်)ကိုကျွေးပေးသင့်ပါတယ်.ဒါကြောင့်ပုလဲ+လက်ချားကို ၅ရက်တစ်ကြီမ်ရွက်ဖျန်းမြေသြဇာအဖြစ် တစ်ဧကဆေးဖျန်းပုံး ၅ပုံး..၆ပုံးဖျန်းပေးပါ။၃ကြိမ်ခန့်ဖျန်းပေးပါ။ဆေးဖျန်းပုံးတစ်ပုံးကို ပုလဲ၁၆ဇွန်းနဲ့လက်ချားမှုန့်၄ဇွန်းနှုန်းရောစပ်ပြီးဖျန်းပေးပါ။အပွင့်အသီးတွေအားကောင်းလာပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဒီပုံမှာ တွေ့ရတဲ့ လက္ခဏာလေးတွေကို ဆရာများ ဖြေပေးဖို့ မေတ္တာရပ်ပါတယ်ဗျ ပွင့်ဖို့အချိန်မကျသေးတာလား ပွင့်နိုင်...

ဖြေကြားချက် 2 ခု

ဆောင်းနှမ်းစိုက်တာတစ်လကျော်ပြီ အားဆေး ပိုးသတ်ဆေး ဘာတွေလုပ်ဆောင်သင့်လဲဗျ...

ဖြေကြားချက် 8 ခု

နမ်းစိုက်ရာမှာ15ပတ်လည်ထည့်တာနဲပုလဲချည်းထည့်တဲတာနဲဘယ်လိုကွာခြားလည်းရှင့် ကျွန်မတို့ရွာမာတော့ပုလဲချည်းထည့်တဲ့သူက...

ဖြေကြားချက် 6 ခု

နွေနှမ်းစိုက်ဖို့အတွက်ဘယ်အချိန်မှာဘယ်လိုနည်းနဲ့ဘယ်လိုဓာတ်မြေသြဇာတွေအသုံးပြုရမလဲ

ဖြေကြားချက် 3 ခု

ပိုတက်စီယံကလိုရိုက်ကိုအမှုန့်ကြိတ်ပြီးယူရီယားနှင့်ရော၍ရွက်ဖြန်းအားဆေးအဖြစ် နွေနှမ်းမှာဖြန်းပါက ဖြစ်ပေါ်လာမည့်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။