အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
290
လွန်ခဲ့သော ၆ နှစ် က · ဖာပွန်

နှမ်းစိုက်လို့​ကောင်းတဲ့အချိန်က ဘယ်အချိန်လဲ (ယခုလက်ရှိ မိုးတစ်ဖြတ် ​နွေတစ်ဖြတ် ဖြစ်​နေပါတယ် )

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
2

ဖြေကြားချက် ၂ ခု

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

ဒေသအလိုက်အစိုဓာတ်..ရေရရှိမှုပေါ်မူတည်ပြီး စိုက်ချိန်မတူနိုင်ပါဘူး။အခုအချိန်မှာကရင်ပြည်နယ်မှာမစိုက်သင့်ပါဘူး..မိုးများတဲ့ဒေသဖြစ်နေလို့ပါ..မိုးအကုန်အောက်တိုဘာလမှာစိုက်သင့်ပါတယ်။(ကိုယ့်ဒေသ မိုးလေဝသအခြေအနေ ကိုယ်သာအသိဆုံးမို့ချင့်ချိန်ပြီးစိုက်ပါ)နှမ်းပင်က အစိုဓာတ်ကိုကြိုက်တယ်..ဒါပေမဲ့ရေဝပ်တာ လုံးဝမကြိုက်ပါ..အပင်ငယ်စဥ်မိုးကြီးကြီးမိရင် ရောဂါကျတတ်တယ်..အပင်သေတတ်တယ်..နှမ်းရဲ့ပင်စည်ကအသားမကျစ်ဘဲဖော့သားလိုဖြစ်တာကြောင့်ရေမဝပ်အောင်သတိပြုပါ..နောက်တစ်ခုက နှမ်းပင်ဟာ အလင်းရောင်နဲ့ပူပြင်းတဲ့ရာသီကိုကြိုက်နှစ်သက်ပါတယ်။

80,436 လွန်ခဲ့သော ၆ နှစ် က

မိုးနှမ်းစိုက်ပျိုးဖို့ အသင့်တော်ဆုံးအချိန်တွေကတော့မိုးကြိုမှာဆိုရင်တော့ ဖေဖော်ဝါရီ- မတ်၊မိုးဦးမှာဆိုရင် မေ-ဇွန်လ၊ မိုးလယ်မှာဆိုရင် သြဂုတ်လ၊ မိုးနှောင်းမှာဆိုရင် အောက်တိုဘာ-နို၀င်ဘာလ တို့ဖြစ်ကြပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။