အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
232
လွန်ခဲ့သော ၆ နှစ် က · မန်စီ

နှမ်းကို ဘယ်အချိန်စိုက်ရင် အကောင်းဆုံးပါလဲခင်ဗျာ မစိုက်ခင် ဘာတွေလုပ်သင့်ပါသလဲ အထွက်တိုးအောင်ဘာတွေထည့်ရပါသလဲ သိ...

နှမ်းကို ဘယ်အချိန်စိုက်ရင် အကောင်းဆုံးပါလဲခင်ဗျာ မစိုက်ခင် ဘာတွေလုပ်သင့်ပါသလဲ အထွက်တိုးအောင်ဘာတွေထည့်ရပါသလဲ သိသူများဖြေပေးကြပါခင်ဗျာ ကျေးဇူးတင်ပါတယ် ခင်ဗျ

စိုက်ပျိုးနည်း နှမ်း နှမ်းစိုက်ချိန်
2

ဖြေကြားချက် ၂ ခု

82,997 လွန်ခဲ့သော ၆ နှစ် က

နှမ်းကို မိုးကြိုကာလမှာ ဖော်ဖဝါရီလမှ မတ်လ၊ မိုးဦးကာလမှာ မေလမှ ဇွန်လအထိ၊ မိုးလယ်ကာလမှာ သြဂုတ်၊ မိုးနှောင်းကာလမှာ အောက်တိုဘာလမှ နိုဝင်ဘာလ အတွင်း စိုက်ပျိုးတာသင့်တော်ဆုံးဗျ

68,534 လွန်ခဲ့သော ၆ နှစ် က

နှမ်းစိုက်ပျိုးချိန်မှာ မိုးကြို၊ မိုးနှမ်း၊ မိုးနှောင်း ဆိုပြီး ရှိပါတယ်။ ပတ်ဝန်းကျင်အခြေအနေ ရာသီဥတုနဲ့ ဈေးကွက်ကိုလိုက်ပြီး စိုက်ချိန်နဲ့ စိုက်ပျိုးမှုပုံစံတွေ ကွာသွားပါတယ်။ နှမ်း စိုက်ပျိုးရေးအတွက် ရေပေးသွင်းမှုကလည်း အဓိကကျပါတယ်။ ရေအစိုဓာတ်ကို ကြိုက်တဲ့အပင်ဖြစ်ပြီး ရေဝပ်ဒဏ်ကို ခံနိုင်ရည်မရှိတာကြောင့် ရေစီးရေလာကောင်းအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ နှမ်းစိုက်ပျိုးထုတ်လုပ်ဖို့အတွက် ‌မျိုး၊ မြေဩဇာနှုန်းထား စတာတွေကို အသေးစိတ်ရှင်းပြထားတဲ့ အခုပေးထားတဲ့ဆောင်းပါးတွေကို လေ့လာနိုင်ပါတယ်ရှင့် နှမ်းစိုက်ပျိုးထုတ်လုပ်ခြင်း နှမ်း စိုက်ပျိုးနည်း

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။