ငါးကန်အတွင်း သဘာဝမြေဩဇာထည့်သွင်းနည်းနဲ့ ရရှိမည့်အကျိုးကျေးဇူး
ကန်ရေအရည်အသွေး မြင့်မားစေရန်သော်လည်းကောင်း၊ ကန်ထဲ၌ သဘာဝအစားအစာများ ပေါများစေရန်သော်လည်းကောင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများကို ငါးကန်များအတွင်းထည့်သွင်းကြပါသည်။ အပင်၊ အရွက်များ(သို့) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်းများနှင့် ပြုလုပ်ထားသော မြေဆွေးသြဇာ (Compost)ကို သုံးနိုင်သလို တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း(Animal Manure)များကိုလည်း သဘာဝမြေသြဇာအဖြစ် သုံးစွဲနိုင်ပါသည်။
(၁) သစ်ရွက်ဆွေးမြေသြဇာ ပြုလုပ်နည်း
ဗေဒါ(သို့မဟုတ်) အလားတူအပင်မျိုးများ၊ အရွက်များကို ဓားဖြင့်စဥ်းပြီး ပုံထားပါ။ပြီးလျှင် ရိတ်ထားသောမြက်များကို အပေါ်မှ ထပ်မံပုံပါ။အပေါ်ဆုံးမှ မြေဆွေးထပ်မံပုံပါ။ ဆွေးမြည့်မြန်စေဖို့အတွက် နေ့စဥ် ရေဖျန်းရပါမည်။ တစ်လအတွင်းမှာ အသုံးပြုနိုင်သော သစ်ရွက်ဆွေးမြည့်သြဇာကို ရရှိနိုင်ပါသည်။ အောက်ဆုံးအလွှာရှိ သစ်ရွက်မြေဆွေးအလွှာကို ဦးစားပေးသုံးစွဲရမှာဖြစ်ပြီး အလွှာများ ထပ်မံတင်ပေးခြင်းဖြင့် စဥ်ဆက်မပြတ် သုံးစွဲနိုင်မှာဖြစ်ပါသည်။
(၂) တိရစ္ဆာန်စွန့်ထုတ်ပစ္စည်း မြေဆွေးသြဇာပြုလုပ်နည်း
မြက်(သို့မဟုတ်) ဗေဒါကဲ့သို့ အပင်မျိုးစုံကို ဂေါ်ပြားတစ်ပြားစာ မြေဆွေးနှင့် ရောပြီး ရေဖျန်းကာ ပထမအလွှာ စလုပ်ပါ။ ဒုတိယအလွှာတွင် သိုး၊ ဆိတ်၊ ကျွဲ၊ နွား၊ ဝက်၊ ကြက်၊ ဘဲစသော တိရစ္ဆာန်များ၏ စွန့်ထုတ်ပစ္စည်းများကို ဂေါ်တစ်ပြားစာ မြေဆွေးနှင့် ရောပြီး ရေဖျန်း၍ ပုံပါ။ အလွှာ အဆင့်ဆင့် လိုသလောက်ပြုလုပ်၍ မြေဆွေးပုံပြီး ဆောင်ရွက်ပါ။ အမိုး မိုးပေးထားဖို့လိုပြီး ရေနေ့စဥ် လောင်းပေးရပါမည်။ တစ်လကြာလျှင် အသင့်သုံးနိုင်သော မြေသြဇာကို ရရှိပေမည်။ အောက်ဆုံး အလွှာမှ အရင်စသုံးရမည်။
ငါးကန်ထဲသို့ မြေဆွေးထည့်သွင်းရမည့် အချိုးအစား
ငါးမွေးကန်၏ ရေတိမ်ဖက်ကန်ထောင့် ၁ မီတာအကျယ်တွင် ဝါး/သစ်ချောင်းများကာပြီး အစာခွက်လုပ်ကာ ထည့်သွင်းရပါမည်။ ငါးကန်ဧရိယာ (၅၀၀) စတုရန်းမီတာထက် ကျယ်လျှင်တော့ အစာခွက် ၂ ခွက်ထားပေးပါ။ အစာခွက် ၂ ခွက်ထည့်သွင်းလျှင် ကန်ထောင့်အစား ကန်အလျား၏ သုံးချိုး တစ်ချိုးလောက်တွင် ထားပေးရမည်။

ငါးကန်ဧရိယာ(၁၀၀)စတုရန်းမီတာအတွက် သဘာဝမြေသြဇာ(၁၀)ကီလိုဂရမ်ကို တစ်ပတ် တစ်ကြိမ်ထည့်ပေးရပါမည်။ ကြက်ချေးသီးသန့်ဆိုလျှင် ၄င်းဧရိယာအတွက် တစ်ပတ်ကို(၂)ကီလိုဂရမ်မှ (၃)ကီလိုဂရမ်အထိ ထည့်ပေးရမည်။ နွားချေးဆိုလျှင် (၁၀)ကီလိုဂရမ်မှ (၁၅)ကီလိုဂရမ်အထိ ထည့်ပေးရပါမည်။ (တစ်ကီလိုဂရမ်= ၆၁.၂ ကျပ်သား)
ရရှိနိုင်မည့်အကျိုးကျေးဇူး
တိရစ္ဆာန်စွန့်ထုတ်မြေဆွေးထည့်ပြီး (၂-၃)ရက်အတွင်း ကန်ရေအရောင်စိမ်းလာမည်။ သစ်ရွက်ဆွေး မြေဆွေးထည့်ပြီး (၁-၂)ပတ်အတွင်း သဘာဝအစာများပေါက်ပွားလာသောကြောင့် ကန်ရေအရောင်စိမ်းလာပေမည်။
သဘာဝအစာ လုံလောက်မှုရှိ/မရှိ သိစေနိုင်သောနည်းမှာ မိမိလက်ကို တံတောင်ဆစ်အထိ ကန်ရေထဲသို့ နှစ်ပြီး လက်ဖဝါးဖြန့်ငုံ့ကြည့်လိုက်ပါ။ စိမ်းနေသောကန်ထဲမှ သင့်လက်ချောင်းလေးများကို မြင်နေနိုင်သေးသည်ဆိုလျှင် “အိုကေ”ပါပြီ။ ကြည်လင်နေသော ကန်ရေသည် သဘာဝအစာမရှိသည့်လက္ခဏာဖြစ်ပြီး ရေထဲနှစ်ထားသော လက်ချောင်းလေးများကို မမြင်ရအောင် ကန်ရေစိမ်းနေခြင်းသည် သဘာဝအစာလွန်ကဲနေသော လက္ခဏာဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်
ရှိန်းထက်
လွန်ခဲ့သော ၂ နှစ် ကမြေဆွေးဂေါ်ပြားတပြားဟုပြောပါသည်။ထိုမြေဆွေးက မည်သည့်အရာကိုဆိုလိုပါသနည်း။
ဆက်စပ်မေးခွန်းများ
အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ
ကျော်မျိုးလှိုင် • ဖြေကြားချက် 5 ခု
ကန်ထဲ ရေနည်းလို့ စက်တွင်းရေ သွင်းလို့ရပါသလား။ ရေပုပ်နိုင်ပါသလား
Aung Kyaw Moe • ဖြေကြားချက် 1 ခု
အသစ်တူးထားသည့် ငါးကန်အတွက် ရေသွင်း ရေလှယ်စန် များတပ်ဆင်ချင်လို့ ဘယ်ကိုဆက်သွယ်ရမလဲဗျ။ ၁၅မိုင်ကပါ
Hein Thant • ဖြေကြားချက် 2 ခု
အသစ်တူးဖေါ်ထားသည့် ငါးကန်အတွက် ျရသွင်းရေထုတ်စနစ် လုပ်ချင်လို့ ဘယ်လိုဆက်သွယ်ဆောင်ရွက်ရမလဲခင်ဗျ
Hein Thant • ဖြေကြားချက် 1 ခု
အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး
sanmoetun • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026