အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Zin Ko Latt
Zin Ko Latt 46
လွန်ခဲ့သော ၁ လ က · မြောက်ဥက္ကလာပ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

မွေးမြူကန်ပြင်ဆင်ခြင်း တီလားပီးယား
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 449,403 လွန်ခဲ့သော ၁ လ က

ဤအဖြေဖြင့်ပြေလည်သည်သတ်မှတ်ပေးနိုင်ပါတယ်

Zin Ko Latt
Zin Ko Latt 46 လွန်ခဲ့သော ၁ လ က

ဟုတ်ကဲ့ဗျ၊ ကျေးဇူးပါပဲ။

သော်ဇင်
သော်ဇင် 449,403 လွန်ခဲ့သော ၁ လ က

ရန်ကုန်မြို့တွင် မြေနေရာအကန့်အသတ်ရှိသော်လည်း တီလားဗီးယားငါးသည် မိုးကာကန်ဖြင့် မွေးမြူရန် အလွန်ခံနိုင်ရည်ရှိပြီး သင့်တော်သော ငါးအမျိုးအစား ဖြစ်ပါတယ်။ ကန်ဆောက်လုပ်ရန်အတွက် PVC သို့မဟုတ် HDPE မိုးကာစအထူ (အပြာရောင်/အနက်ရောင်) နှင့် ခိုင်ခံ့သော သစ်သား သို့မဟုတ် သံပိုက်ဒေါက်တိုင်များ လိုအပ်ပြီး၊ သိမ်ကြီးဈေးနှင့် ဘုရင့်နောင်ပွဲရုံတန်းတို့တွင် မိုးကာစကို စိတ်ကြိုက်မှာယူနိုင်ပါတယ်။ ငါးသားပေါက်များကို လှည်းကူးငါးမျိုးစခန်း သို့မဟုတ် တွံတေး၊ သန်လျင် မွေးမြူရေးဇုန်များတွင် ဝယ်ယူရရှိနိုင်ပြီး၊ မိုးကာကန်ဖြစ်၍ သဘာဝမြေကန်ကဲ့သို့ အညစ်အကြေးမစုပ်ယူနိုင်သဖြင့် အောက်စီဂျင်စက် တပ်ဆင်ပေးရန်နှင့် ၁ ပတ်လျှင် အနည်းဆုံးတစ်ကြိမ် ရေ ၃၀% ခန့် လဲလှယ်ပေးရန် မဖြစ်မနေ လိုအပ်ပါတယ်။ စတင်စမ်းသပ်သူများအနေဖြင့် အလျား ၁၀ ပေ၊ အနံ ၆ ပေ၊ အနက် ၃ ပေရှိသော ကန်ငယ်တစ်ခုတွင် ငါးကောင်ရေ ၁၀၀ ခန့်ဖြင့် အတွေ့အကြုံယူ စတင်သင့်ပါတယ်။ အပေါ်ကနေ အပူရှိခလျော့စေရန်အရိပ်အကာလုပ်ပေးရန်လိုအပ်မယ်ထင်ရင်လည်း လုပ်ပေးနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ရေပန်းစားသော အကြောင်းအရာများ

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။