အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ

ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းသင်တန်း တက်ရောက်ခွင့် ရရှိသူများ

စိုက်ပျိုးထုတ်လုပ်မှုတွေ မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားထားရမဲ့ စီမံချက်တွေကနေစပြီးတော့ 

  • သီးနှံနဲ့ မျိုးရွေးချယ်တာတွေ
  • ပျိုးထောင်တာကနေ ပြောင်းရွေ့စိုက်ပျိုးတာ
  • သီးနှံတွေကို ထိန်းသိမ်းစောင့်ရှောက်တာ
  • ရေပေးနည်း၊ မြေသြဇာကျွေးနည်း၊ ပိုးသတ်ဆေးတွေ ကိုင်တွယ်အသုံးပြုနည်းတွေနဲ့

ရိတ်သိမ်းချိန်ထိ အစအဆုံးပါဝင်သင်ကြားပေးမယ့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးထုတ်လုပ်နည်းသင်တန်း တက်ရွက်ခွင့်ရရှိသူများပဲ ဖြစ်ပါတယ်။ 

သင်တန်းတက်ရောက်ခွင့်ရရှိသူများဟာ တက်ရောက်ရန်အတွက် လိုအပ်တဲ့ Gmail account များဖွင့်ထားခြင်းနဲ့ အစိမ်းရောင်လမ်းဆော့ဝဲအတွင်း မြားနီနည်းပညာပေးရေးအဖွဲ့သို့ ဝင်ရောက်ထားခြင်းကို လုပ်ဆောင်ထားခဲ့ကြသူများပဲ ဖြစ်ပါတယ်။ 

ထို့ကြောင့် ယခုတက်ရောက်ခွင့်ရရှိသူ မိတ်ဆွေတောင်သူများအနေဖြင့်လည်း သင်တန်းအတွက်လိုအပ်သည့် လမ်းညွှန်ချက်များကိုလုပ်ဆောင်နိုင်ရန် ဇူလိုင်လ (၇) လပိုင်းအတွင်း Gmail များစစ်ဆေးကြရန် လိုအပ်ပါကြောင်းနဲ့ 

အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့၏ သင်တန်းအသေးစိတ်အချက်အလက် Update များကို အစိမ်းရောင်လမ်းဆော့ဝဲရှိ မြားနီနည်းပညာပေးရေးအဖွဲ့အတွင်းမှာသာ ဆက်လက်၍ ပို့စ်တင်သွားမည်ကြောင်းလည်း ထပ်လောင်းအသိပေးပါရစေဗျ..။

မှတ်ချက်။ ။ သင်တန်းတက်ရောက်ရန်အတွက် စာရင်းပေးသွင်းထားသူမိတ်ဆွေတောင်သူများအား အစိမ်းရောင်လမ်းနှင့် မြားနီနည်းပညာပေးရေးအဖွဲ့မှ ဖုန်းဖြင့်စာတိုများပေးပို့ခြင်း၊ Viber နှင့် Gmail မှ စာများပေးပို့၍ ဆက်သွယ်ခြင်းများပြုလုပ်ကာ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခြင်းများလည်း ပြုလုပ်ခဲ့သည်။ 

 

Green Way - Facebook

Green Way - Facebook

လွန်ခဲ့သော ၄ လ က

သင်တန်းတက်ရောက်ခွင့်နှင့် ပတ်သက်၍ မေးမြန်းလိုပါက အစိမ်းရောင်လမ်းရဲ့ Viber Number ဖြစ်တဲ့ 095053570 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်

အောင်ငြိမ်းချမ်း

အောင်ငြိမ်းချမ်း

လွန်ခဲ့သော ၄ လ က

Gmail လက်ခံရရှိကြောင်းရော Greenway App ရဲ့ မြားနီပညာပေးရေးအဖွဲ့ထဲ ဝင်ရောက်ပြီးကြောင်း "Done" ပါ Reply ပြန်ထားပေမယ့် ဘယ်သင်တန်းထဲကိုမှ မပါဘူးဗျ။ ဘာလိုအပ်ချက် ရှိသွားတာလဲမသိ။

သီဟ

သီဟ

လွန်ခဲ့သော ၄ လ က

done လုပ်ထားပြီးပြီ မပါဘူး ဘာလို့လည်းခင်ဗျ

Myint Naing

Myint Naing

လွန်ခဲ့သော ၄ လ က

Done ပို့ထားတယ်။ ဘာလို့မပါတာလဲ

Soe Gyi

Soe Gyi

လွန်ခဲ့သော ၄ လ က

ကျနော်လဲ formတင်ထားပါတယ် ဘာလို့မပါတာလဲဗျ

You

ဆက်စပ်မေးခွန်းများ

ပိုးသတ်ဆေးနဲ့အားဆေးအတူပတ်ရလားဆရာခဗျ

အောင်အောင် • ဖြေကြားချက် 1 ခု

ဆရာခင်ဗျ 24d ပေါင်းသတ်ဆေးဂျုံခင်းမှာဖြန်းချင်လို့ပါဂျုံနှံလေးတွေထွက်နေပြီမို့ဖြန်းလို့အဆင်ပြေနိုင်မလားခင်ဗျ

ခင်ဇော်ဝင်း • ဖြေကြားချက် 1 ခု

တီကောင်မွေးမြူရေးနည်းပညာနှင့် တီကောင်မျိုးရနိုင်မည့်နေရာ၊ ဈေးနှုန်းများသိချင်ပါတယ်။

Chan Nyein Moe • ဖြေကြားချက် 1 ခု

ဆရာပျိုးထောင်ပြီးပြန်စုက်တဲ့စပါးတွေကခုလိုဝါနေတယ်ဆရာဘယ်လိုပြန်လိုက်ရမလဲအကြုံပြုပါအုံး

မောင်ခိုင်လင်းထွန်း • ဖြေကြားချက် 2 ခု

ဘိုကာရှီနဲ့အာမို15ပတ်လည်နှပ်ထားတဲ့ထဲကိုထရိုင်ကိုဒါးမားပါရောထည့်လို့ရလားဗျ။သိချင်လို့ပါ

ko paing • ဖြေကြားချက် 6 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။