အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
အစိမ်းရောင်လမ်းဆော့ဝဲ အသုံးပြုသူများခင်ဗျား -
မကြာမီ ရက်ပိုင်းအတွင်း အစိမ်းရောင်လမ်းဆော့ဝဲပေါ်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို နည်းလမ်းမမှန်ကန်သော ပုံစံများဖြင့် လာရောက်ကြော်ငြာနေကြသည်ကို စိစစ်တွေ့ရှိရခြင်းနှင့်အတူ အသုံးပြုသူအချို့မှ အနှောက်အယှက်ဖြစ်ကြောင်း အကြောင်းကြားလာပါသဖြင့်
သွင်းအားစုရောင်းချသူများနှင့် အသုံးပြုသူများအားလုံး သိရှိလိုက်နာနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို ထုတ်ပြန်အသိပေးအပ်ပါသည်။
၁။ သွင်းအားစုများကို အမေးအဖြေကဏ္ဍတွင် ကြော်ငြာခွင့်မပြုခြင်း
အစိမ်းရောင်လမ်း၏ စည်းမျဉ်းစည်းကမ်းအရ အမေးအဖြေကဏ္ဍတွင် စိုက်ပျိုးရေးသွင်းအားစုများကို ကြော်ငြာခွင့် လုံးဝမရှိပါ။
(အမေးအဖြေကဏ္ဍ၌ ကူညီဖြေဆိုပေးနေသော စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များကိုလည်း သွင်းအားစုအမှတ်တံဆိပ်တစ်ခုခုကို ကြော်ငြာသဘောမျိုးဖြင့် ရည်ရွယ်ဖြေဆိုခြင်းများအား ခွင့်ပြုမပေးထားပါ။)၂။ တောင်သူ့စိုက်ခင်းမှ ထွက်ရှိသော ထွက်ကုန်များကိုသာ ပို့စ်တင်ရောင်းချခွင့်ပေးခြင်း
တောင်သူများ၏ သီးနှံနှင့် မွေးမြူရေးထုတ်ကုန်များကို "ဈေးတန်းကြီး" ကဏ္ဍတွင် အရောင်းအဝယ်အဖြစ် လွတ်လပ်စွာ အခမဲ့ ပို့စ်တင် ရောင်းချခွင့်ရှိပါသည်။
အကျိုးစီးပွားဆိုင်ရာ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများဖြစ်ပါက Marketplace တွင် တရားဝင် ဆိုင်ဖွင့်ပြီးမှသာ ရောင်းချရမည်ဖြစ်ပါသည်။ (အဆိုပါ နေရာတွင် တောင်သူများဘက်မှလည်း အဝယ်အမှာစာများ တင်နိုင်ရန် စီစဉ်ပေးထားပါသည်။)
တရားဝင်ဆိုင်ဖွင့်ရောင်းချလိုသော မိတ်ဆွေများအနေဖြင့် အစိမ်းရောင်လမ်းဆော့ဝဲသို့ တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ကြောင်း ဆက်သွယ်ပြောပြကာ ဆိုင်ဖွင့်ရမည့်အဆင့်ဆင့်ကို ရယူနိုင်ပါသည်။

၃။ တရားဝင် ကြော်ငြာထည့်သွင်းလိုပါက
မိမိ၏ ကုန်ပစ္စည်းအကြောင်းကို အသုံးပြုသူ တောင်သူများထံ ပိုမိုမြန်ဆန်စွာ ရောက်ရှိသိရှိစေလိုပါက အစိမ်းရောင်လမ်း App တွင် တရားဝင် ကြော်ငြာ (Ads) ထည့်သွင်းနိုင်ပါသည်။
ယင်းအတွက်လည်း အစိမ်းရောင်လမ်း အဖွဲ့သားများထံသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
ယခုထုတ်ပြန်ချက်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ အစိမ်းရောင်လမ်းပေါ်တွင် အခြား မူမမှန်သော လုပ်ရပ်များဖြင့် ကုန်ပစ္စည်းအကြောင်းများကို ဆက်လက်ရေးသားဖော်ပြကာ တောင်သူများအား ရောင်းချနေမည်ဆိုပါက သက်ဆိုင်ရာပို့စ်များကို ဖျက်ပစ်မည်ဖြစ်ပြီး အကောင့်ပိတ်ပင်ခြင်း (Account Ban) အထိ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။
အစိမ်းရောင်လမ်း အဖွဲ့သားများ
Chan
လွန်ခဲ့သော ၂ ပတ် ကယခုချိန်ခါတွင်ဆစ်ပိုးခေါ်ဖလံဖြူပိုးများကျရောက်သည့်အချိန်ဖြစ်၍မည်သို့ကာကွယ်ရမလဲ
U Thet
လွန်ခဲ့သော ၃ ပတ် က@KO Thiha lin @waiminhtet
waiminhtet
လွန်ခဲ့သော ၃ ပတ် ကဟုတ်တယ်ဗျဗဟုသုတကောနည်းပညာကျွမ်းကျင်သူတွေဆွေးနွေးလို့ရတယ် သိချင်တာတွေသိရတယ်ဈေးကွက်ပါသိရတော့ပိုအဆင်ေြပလို့green wayကျေးဇူးပါဗျ
KO Thiha lin
လွန်ခဲ့သော ၁ လ ကဟုတယ်ဗျ ကျွန်တော်ဗဟုသုတလေးကြည့်ချင်လို့ fb groupမှာဝင်ကြည့်တာ ကိုသိချင်တာကဗဟုသုတာ တက်နေတာက ကျော်ညာ ကျွန်တော့က ဆေးAi နဲ့ သိနှံမှာ ဘာရောဂါတွေကျလဲသိချင်တာ ဟိုဆေးကောင်းတယ်ဒီဆေးကောင်းတယ် သိဖိုမလိုဘူး ဘာရောဂါစို ဘာAiသုံးကမလဲ ရောဂါကရောဘာရောဂါလဲ အဲဒါသိချင်တာ အခုဒိစာလေးမြင်ရတော့စိတ်ချမ်းသာတယ် ဒီapkကစိတ်ချမ်းသာတယ်ကြော်ညာမကြည့်ကဘဲ ဗဟုသုတာတွေဘဲမြင်ရလို
Nova Nova
လွန်ခဲ့သော ၁ လ ကသဘောတူပါတယ်
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026