အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြက်သားဈေး ဘာကြောင့်တက်လို့ ဘယ်သူတွေ အကျိုးရှိသွားသလဲ..

ကြက်သားဈေး ဘာကြောင့်တက်လို့ ဘယ်သူတွေ အကျိုးရှိသွားသလဲ..

“ ကျွန်မ ကြက်သားရောင်းစားလာတာ ၁၀ နှစ်ကျော်ပြီ။ ဒီလိုဈေးမျိုး တစ်ခါမှ မကြုံဖူးသေးဘူး။ ဝယ်ဈေးကိုက မတရားတက်နေတော့ ရောင်းရတာလည်း အရင်လို အမြတ်သိပ်မရှိတော့ဘူး။ ထိန်းရောင်းနေရတာ” 

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ထဲရှိ ဈေးတစ်ဈေးက ကြက်သားသည်တစ်ဦးက ဝယ်သူတစ်ဦးကို ကြက်သား ချိန်ပေးရင်း ပြောပြနေခြင်းဖြစ်သည်။ 

လက်ရှိတွင် စီပီကြက်သားခုတ်သား လက်လီဈေးက တစ်ပိဿာ ၁၂၀၀၀၊ ၁၃၀၀၀ ခန့်ထိ ဈေးမြောက်နေသည်။ ပြီးခဲ့သည့်တစ်ပတ်ကျော်ကာလလေးနှင့် နှိုင်းယှဉ်လျှင်တောင် ကျပ် ၄၀၀၀ ခန့် ဈေးမြင့်တက်သွားခြင်း ဖြစ် သည်။

ဆိုတော့ ကြက်သားဈေးတွေက ဘယ်လိုကြောင့် နင်းကန်တက်သွားရတာလဲ။ မွေးမြူရေးသမားတွေမှာကော အကျိုးအမြတ် ပိုရသွားပါသလား?

လုံးဝမဟုတ်ပါ။ ကြက်ခြံသမားများ အကြွေးပတ်လည်နှင့် ပြုတ်ပြုတ်ပြုန်းကုန်သည်ဟု ကြက်မွေးမြူရေး လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်၊ လှည်းကူးမြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌလည်း ဖြစ်သည့် ဦးမြင့် အောင်က ဆိုသည်။ 

ကြက်ခြံဆောက်လုပ်သည့် ဝါးဈေး၊ သံဈေး၊ သွပ်ဈေးများ နှစ်ဆခွဲ သုံးဆခန့် ဈေးတွေတက်ကုန်သည်။ မီးမမှန် သည့်အတွက် မီးစက်မောင်းရသည့်ကုန်ကျစရိတ်၊ အစာဈေး၊ ဆေးဈေးများကလည်း နှစ်ဆမက သုံးဆလောက် ဖြစ်ကုန်သည်။ ကြက်ပေါက်ဈေးနှုန်းများမှာလည်း ယခင်က တစ်ကောင် ကျပ် ၄၊ ၅ ရာခန့်မှ ယခု ကျပ် ၂၀၀၀ နီးပါးဖြစ်လာသည်။ သို့သော် ကြက်ခြံဖမ်းဈေးမှာမူ နှစ်ဆခန့်သာ တက်လို့ရသည်။ ယင်းအချက်များက ကြက်မွေးမြူရေးလုပ်ငန်းရှင်များကို ကောင်းကောင်းကြီး ဒုက္ခပေးနေသည်ဟု ဦးမြင့်အောင်က သုံးသပ်သည်။

“ အကုန်လုံးက နှစ်ဆမကဘူး။ သုံးဆလောက်တက်နေတာ။ ဥပမာ တစ်ရာတန်တဲ့ပစ္စည်းက အခု သုံးရာ ဖြစ်သွားတာ။ ကြက်သားဈေးကျတော့ ၂ ဆလောက်ပဲတက်တယ်။ ဆိုတော့ မွေးမြူရေးသမားတွေအတွက်က ကြက်နည်းနည်းပါးပါးညံ့တယ်ဆိုရင် ရှုံးတယ်။ ကောင်းမှ ပါးပါးလေးပဲကျန်တာ”

ကြက်ခြံသမားများအနေဖြင့် ပြိုလဲသွားခြင်းမရှိအောင်သာ တတ်နိုင်သလောက် ထိန်းထားနေရသည့်အခြေအနေ ဖြစ်နေသည်ဟုလည်း ဦးမြင့်အောင်က ဆိုသည်။

“ ရှင်းရှင်းပြောရရင် မပြိုလဲအောင် ထိန်းနိုင်သလောက်ပဲ ထိန်းရမယ့်သဘောရှိတယ်။ ဒီ့ထက်မက တက်မယ် ဆိုရင်တော့ နိုင်ငံခြားကတောင် ဝယ်စားရမယ့်အဆင့် ဖြစ်သွားနိုင်တယ် ”

ယခုကဲ့သို့ ကြက်သားဈေးများ မြင့်တက်လာရခြင်းအကြောင်းရင်းများနှင့်ပတ်သက်၍ ကိုယ်တိုင်မွေးမြူသူတစ် ဦးလည်းဖြစ်၊ တိရစ္ဆာန်ဆေးကုဆရာဝန်တစ်ဦးလည်းဖြစ်သည့် ဒေါက်တာညွန့်ရွှေကို မေးရာတွင်လည်း ဦးမြင့်အောင်ပြောသလိုပင် အစာဈေး၊ ကြက်ပေါက်ဈေး အလွန်အမင်းမြင့်တက်မှု အခက်အခဲများကိုသာ ညွှန်းဆိုပြောပြသည်။

“ အဲ့ဒါတွေနဲ့ကျတော့ မွေးတဲ့သူက မကိုက်တော့ဘူး။ ဒီတော့ မွေးသူဦးရေ ကျလာတယ်။ ဒီတော့ ကြက်ထုတ် လုပ်မှုလျော့ကျပြီး ဈေးတက်တာပေါ့” ဟု ဒေါက်တာညွန့်ရွှေက သုံးသပ်သည်။

အထွက်နှုန်းကောင်းမျိုးများကို ပြောင်းလဲမွေးမြူလာကြသော်လည်း မွေးမြူထိန်းသိမ်းသည့်စနစ်များကိုမူ ပြောင်းလဲခြင်းမရှိဘဲ ယခင်နည်းလမ်းများအတိုင်းသာမွေးမြူနေခြင်းကလည်း ပြဿနာတစ်ခုဖြစ်နေသည်ဟု ဒေါက်တာညွန့်ရွှေက ထပ်ဆင့်မှတ်ချက်ပြုသည်။ အဘယ်ကြောင့်ဆိုသော် မွေးမြူရေးနည်းစနစ်အမှားများ ကြောင့် ရောဂါအသစ်များ ဝင်လာပြီး စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လာရခြင်းကြောင့် ဖြစ်သည်။

“ လူတွေက နည်းပညာပိုင်းမှာ လိုက်လျောညီထွေမှု မလုပ်ချင်ကြတာပေါ့” 

မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တွင် ပြန်ကြားရေးတာဝန်ယူထားသူ ဒေါက်တာသက်ခိုင်ကတော့ ၎င်းတို့ အဖွဲ့ချုပ်အနေဖြင့် ကြက်သားပေါက်ဈေးနှုန်းများ ထပ်မံမမြင့်တက်အောင် ထိန်းညှိပေးခြင်းမျိုးတော့ ပြုလုပ်ပေး နေသည်ဟု ဆိုသည်။

ဆိုတော့ ကြက်သားဈေးများတက်ခြင်းမှာ အထွေထွေကုန်ကျစရိတ်များအားလုံး မြင့်တက်သွားခြင်းကြောင့် ဖြစ်သည်။ ဘယ်သူ့အတွက်မှ အကျိုးပိုမရှိသည့်အခြေအနေမျိုးဖြစ်သည်။ မွေးမြူရေးအလုပ်သဘောမှာလည်း အချိန်တန်ပါက ရှုံးသည်ဖြစ်စေ၊ မြတ်သည်ဖြစ်စေ ရောင်းချပစ်ရသည့်သဘောရှိသည်။ စားသုံးသူဘက်တွင် လည်း အထွေထွေဝင်ငွေများ တိုးလာခြင်းမျိုးမရှိသလောက်ဖြစ်၍ ဒီ့ထက်ဈေးပိုတက်လာပါက ဝယ်မစားရုံသာ ရှိနိုင်တော့မည်ဖြစ်သည်။

လက်ရှိအနေအထားများအရ ကြက်သားဈေးများ ထပ်တက်နိုင်ချေရှိသေးလားဟု ဒေါက်တာသက်ခိုင်၏ အမြင်ကို မေးရာတွင် “ဈေးကွက်ဆိုတာမျိုးကတော့ ပြောရခက်တယ်။ တစ်ချိန်မှာ စားသုံးသူက မနိုင်တဲ့ဈေး ရောက်သွားရင်တော့ ပြန်ကျရမှာပဲလေ” ဟု ပြန်ဖြေသည်။

လက်ရှိကာလသည် ပွဲတော်ရက်ကာလ၊ မင်္ဂလာဆောင်ကာလဖြစ်နေ၍ ဈေးတက်ခြင်းမျိုးလည်း ဖြစ်နိုင်သည့် အတွက် လက်ရှိဈေးကို အတည်ဈေးဟုပြောရန်တော့ ခက်နိုင်ပြီး စောင့်ကြည့်ရဦးမည်ဟုတော့ ဒေါက်တာ သက်ခိုင်က ဆိုသည်။

လက်ရှိအထွေထွေအခက်အခဲများအရ ရပ်သွားရသည့်ခြံသမားများကော ရှိနေပြီလားဟု ကြက်မွေးမြူရေး လုပ်ငန်းရှင် ဦးမြင့်အောင်ကို မေးမြန်းကြည့်ရာတွင်တော့ အောက်ပါအတိုင်း မှတ်ချက်ပြုရင်း ငြီးတွား ပြောဆိုသည်။

“ အများကြီးပဲ။ နည်းနည်းမဟုတ်ဘူး။ အများကြီးပြုတ်တယ်။ တချို့တွေဆို ရှိတဲ့ခြံကို အစာသမားကို ထိုးအပ် လိုက်တာတောင် အကြွေးမကြေတဲ့သူတွေအများကြီး။ နံပါတ်တစ်အချက် မီးကို ၂၄ နာရီ မပေးနိုင်မချင်းကတော့ ဘယ်လိုမွေးမွေး ရှုံးမှာပဲ။ နံပါတ် ၂ အချက် အစာဈေးနှုန်း မတရားထိုးတက်သွားတယ်။ ကြက်စာဈေးက လူစားတဲ့ဆန်ဈေးထက်တောင် ဈေးများနေမှတော့ ကျွန်တော်တို့ ဘယ်လို ဆက်လုပ်ရမှာလဲ” 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Thaw Tar Shin

Thaw Tar Shin

လွန်ခဲ့သော ၃ နှစ် က

ကျွန်တော်လည်းကြက်ခြံပိုင်ရှင်တစ်ဦးပါ စီးပွားရေးကို လူတွေက စိတ်မဝင်စားကြဘူး အဓိက နိုင်ငံရေးကိုပဲး စိတ်ဝင်စားနေကြတယ် အဲဒိတော့ နိုင်ငံရေးအတွက် စီးပွားရေးကိုချနင်းကြတာ ဒါကြောင့် လူတွေက နိုင်ငံရေးအပေါ်အခြေခံပြီး စိတ်မဝင်စားတဲ့ စီးပွားရေးကို လုပ်နေကြတာ တော်ကြာဈေးကျလိုက် တော်ကြာဈေးတတ်လိုက် ဒါတွေကြောင့် အခက်ခဲးကြုံတာပါ

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။