အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ

ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ

AMIA
AMIA • 06/11/2025

 

မြန်မာအပါအ၀င် အဆီယံအဖွဲ့၀င်နိုင်ငံများမှ ဆန်၀ယ်ယူနေသော ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီတစ်လအတွင်း ဆန်တန်ချိန် ၃သိန်း ပြည်ပမှ၀ယ်ယူရန် စီစဉ်နေသည်။

ပြည်တွင်းဆန်လက်ကျန်များနေသဖြင့် စက်တင်ဘာလမှ စတင်ပြီး ပြည်ပမှဆန်အ၀ယ် ရပ်နားခဲ့သည့် ဖိလစ်ပိုင်က ၂၀၂၆ ဇန်နဝါရီတစ်လအတွင်း ပြည်ပမှဆန်ဆင်သွင်းမှုကို ယာယီပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံမှ သတင်းမီဒီယာအချို့တွင်ဖော်ပြထားသည်။ပြည်တွင်းဆန် ဈေးနှုန်းကာကွယ်ရန်အတွက် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနက ဖေဖော်ဝါရီမှ ဧပြီလအတွင်း ဆန်တင်သွင်းမှုကို ရပ်တန့်မည်ဟုလည်းဖော်ပြထားပြန်သည်။

ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတို့သည် နှစ်စဉ် မြန်မာအပါအ၀င် အခြားသော ဆန်တင်ပို့သည့် နိုင်ငံများမှ ဆန်တန်ချိန် သိန်းချီ၍ တင်သွင်းနေရသော နိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ်( ၂၀၂၅-၂၆) ပထမ ၆ လဖြစ်သော ဧပြီ မှ စက်တင်ဘာအထိ ပြည်ပသို့ဆန်ရောင်းချရာတွင် ဖိလစ်ပိုင်နိုင်ငံကဒုတိယ အများဆုံး၀ယ်ယူသောနိုင်ငံအဖြစ် ဆန်တန်ချိန် ၁၀၀,၀၀၀ ကျော် ၀ယ်ယူထားသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းကျော်၊ သုံးသန်းခန့် တင်ပို့နေပြီး ယခုဘဏ္ဍာနှစ် ပထမ ခြောက်လအတွင်း ဆန်နှင့်ဆန်ကွဲတန်ချိန် ၁၂ သိန်းကျော်တင်ပို့ထားသည်။

ပြည်ပဆန်တင်ပို့မှုက ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် နှစ်သိန်းကျော်ပိုများသော်လည်း နိုင်ငံတကာဈေးကွက်တွင် ဆန်ဈေးကျဆင်းမှုအကျိုးဆက်က ယခုနှစ်မိုးစပါးပေါ်ချိန်တွင် ပြည်တွင်းလယ် သမားများအပေါ်သက်ရောက်မှု ကြုံ‌တွေ့လာသည်။

"ဆန်ဈေးကလာမယ့်နှစ်မှာတော့ တက်လာနိုင်တယ်။ လောလောဆယ်မှာတော့ အပြောင်းအလဲသိပ်မမြင်ဘူး"ဟု ပြည်ပသို့ဆန်တင်ပို့နေသူတစ်ဦးကပြောသည်။

နိုင်ငံတကာဆန်ဈေးကျဆင်းမှု၏ အကျိုးဆက်အဖြစ် ပြည်တွင်းစပါးဈေးက ယခုနှစ်တွင် သိသာစွာကျဆင်းခဲ့သည်။ ယခုနှစ်ဆန်ဈေး၊ စပါးဈေးက ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၄၀ ရာခိုင်နှုန်းအထိ ကျဆင်း‌ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ တောင်သူလယ်မားများအား အကြံပြုပန်ကြားချက်တွင်ဖော်ပြထားသည်။

လက်ရှိစပါးဈေးနှုန်းက နေရာဒသအလိုက်ဈေးနှုန်းကွဲပြားမှုများရှိနေပြီး အညာသား စပါးအဟောင်း တင်းတစ်ရာလျှင် ကျပ် ၁၇ သိန်းမှ ၁,၇၅၀,၀၀၀ အကြားနှင့် အညာသား အသစ်က ကျပ် ၁၅ သိန်း၀န်းကျင်၊ ဆင်းသုခ စပါးအဟောင်းက ကျပ် ၁၆ သိန်း၀န်းကျင်၊ ဆင်းသုခ အသစ်က ကျပ် ၁၃ သိန်းမှ ၁,၃၅၀,၀၀၀ ၀န်းကျင်စသည်ဖြင့် ဈေးဖွင့်နေကြသည်။

သို့သော် ယခုနှစ်ရိတ်သိမ်းထားသော မိုးစပါးမျိုးကွဲများမှာမူ လမ်းပန်းဆက်သွယ်ရေးအခြေ‌အနေ၊ စပါးရည်အသွေးနှင့် အခြားသောအခြေအနေများပေါ်မူတည်ပြီး စပါးတင်းတစ်ရာလျှင်ကျပ် ၁၀ သိန်းကျော်မှ ၁၁သိန်းကျော်အတွင်းဈေးဖွင့်ကြသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။