စိုက်ပျိုးမွေးမြူရေးနှင့်ကမ္ဘာကြီးကို ပြောင်းလဲခဲ့သောအမျိုးသမီးများ(၁)
အပင်ပိုးမွှားဗေဒကို ဆန်းသစ်လမ်းဖွင့်ပေးခဲ့သူအမျိုးသမီး မာရီယန်
တိရစ္ဆာန်ချစ်သူများမှသည် အပင်ချစ်သူများအထိ ဒီအမျိုးသမီးကြီးတွေဟာ ဓလေ့ထုံးတမ်းစဉ်လာတွေကို ဖြတ်ကျော်နိုင်ခဲ့သူတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘဝဇာတ်ကြောင်းတွေကတဆင့် သူတို့ရဲ့ စွမ်းဆောင်မှုတွေနဲ့ စနက်ပျိုးမှုတွေကို ကျွန်တော်တို့ အမှတ်တရ ရှိနေလိုကြပါတယ်။ ဒီဆောင်းပါးထဲမှာပါတဲ့အမျိုးသမီးတွေဟာ သိပ္ပံနဲ့ လူ့အဖွဲ့အစည်းအတွင်း လူသိနည်းကြပေမဲ့ စိုက်ပျိုးမွေးမြူရေးနယ်ပယ်မှာတော့ တကယ့်ကို သက်ရောက်မှုကြီးကြီးတွေဖြစ်စေခဲ့တဲ့ အရမ်းအရေးပါတဲ့အမျိုးသမီးကြီးတွေ ဖြစ်ခဲ့တာပါ။
ပထမဆုံးအနေနဲ့ အပင်ပိုးမွှားတွေ လေ့လာတဲ့ပညာရပ်ကို အပြောင်းလဲကြီးပြောင်းလဲအောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ဂျာမန်အမျိုးသမီးကြီး မာရီယာဆီဗီးလားမာရီယန် အကြောင်းကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မာရီယာဆီဗီးလားမာရီယန် (၁၆၁၄ - ၁၇၁၇) , ကိမိလဗေဒ(အပင်ပိုးမွှားဗေဒ)ပညာရှင်, ဂျာမန်လူမျိုး)
ငယ်ငယ်ကလေးဘဝတည်းက မာရီယန်ဟာ အင်းဆက်တွေကို စိတ်ဝင်တစားရှိခဲ့တာပါ။ ဒါပေမဲ့ သူမ ကလေးဘဝတုန်းကဆိုရင် သိပ္ပံပညာရှင်တွေဟာ ပိုးကောင်ဆိုတာမျိုးတွေကို သိပ်တောင်စိတ်ဝင်တစား မရှိကြသေးပါဘူး။ အင်းဆက်တွေဟာ ဘယ်လိုမျိုးပွားကြသလဲဆိုတာတောင် မှန်မှန်ကန်ကန် မသိကြသေးတဲ့ အချိန်ပေါ့။
ဒီအကောင်လေးတွေကို စိတ်ဝင်စားတဲ့ မာရီယန်ကတော့ လက်ထဲမှာစုတ်တံတစ်ချောင်းကိုင်ပြီး ဒီကောင်လေးတွေရဲ့ လှုပ်ရှားမှုတွေ၊ ဘဝစက်ဝန်းတွေကို ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်ပေါင်းများစွာ၊ လပေါင်းများစွာ အချိန်ယူလို့ ပုံတွေဆွဲ၊ မှတ်တမ်းမှတ်ရာတွေမှတ် စတာတွေ ပြုလုပ်ခဲ့ပါတယ်။
ဒါမျိုးတွေ အတော်များများ ပြီးစီးသွားချိန်မှာတော့ မာရီယန်ဟာ အပြင်ကိုထွက်ပြီး ဂေဟဗေဒစနစ် တစ်ခုတည်းက တူရာတူရာအင်းဆက်တွေရဲ့ သဘောသဘာဝတွေကို ပထမဆုံးလေ့လာစူးစမ်းမှုတွေ ပြုလုပ်ပါတော့တယ်။
ဆိုတော့ သူမဟာ ပထမဆုံး ဂေဟဗေဒပညာရှင်လို့တောင် ပြောမယ်ဆို ပြောလို့ရပါတယ်။ ၁၆၇၉ ခုနှစ်မှာတော့ မာရီယန်ဟာ ရုပ်သွင်ပြင်ပြောင်းလဲမှု (Metamorphosis) သဘောကို အခြေခံတဲ့ ‘ ခူကောင်များရဲ့ အံ့ဩစရာအသွင်ပြောင်းလဲခြင်း’ (The Wondrous Transformation of Caterpillars) ဆိုတဲ့ နှစ်အုပ်တွဲစာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့ပါတယ်။

မာရီယန်ဟာ ဒီအကောင်လေးရဲ့ ဆက်တိုက်ပြောင်းလဲလာတဲ့ ဘဝစက်ဝန်းကို ပုံတွေနဲ့ဖော်ပြထားပြီး တိရစ္ဆာန်တွေနဲ့ အပင်တွေကြား ဂေဟဗေဒဆက်နွှယ်မှုတွေကိုလည်း ရှာဖွေဖော်ပြထားပါတယ်။ သူ့ရဲ့ပုံတွေဟာ တခြားစာအုပ်တွေနဲ့ လုံးဝမတူကွဲပြားတဲ့ အလန်းစားတွေ ဖြစ်ပါတယ်။
ယောကျ်ားနဲ့ကွာရှင်းပြီး အမ်စတာဒမ်ကို သွားရောက်အခြေချစဉ်အချိန်ထိ မာရီယန်ဟာ သူ့ရဲ့ပုံတွေရောင်းချခြင်းကနေရရှိတဲ့ ကော်မရှင်ခတွေနဲ့တင် သူ့ရဲ့ကလေးနှစ်ယောက်ကို လုံလုံလောက်လောက် ပျိုးထောင်ကျွေးမွေးနိုင်ခဲ့ပါတယ်တဲ့။
မာရီယန် အသက် ၅၂ နှစ်အရွယ် ၁၆၉၉ ခုနှစ်မှာတော့ သူ့ရဲ့အငယ်ဆုံးသမီးနဲ့အတူ ကာရစ်ဘီယံဒေသက ဆူရီနမ်းဆိုတဲ့နိုင်ငံလေးကို သင်္ဘာနဲ့ခရီးထွက်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း မာရီယန်တစ်ယောက် အကောင်သစ်ပေါင်းများစွာကို အကြောက်အလန့်မရှိ စူးစမ်းရှာဖွေရင်း ပုံတွေဆွဲယူခဲ့ပါတယ်။ ဒီကနေ ‘ ဆူရီနမ်းအင်းဆက်များရဲ့ ရုပ်သွင်ပြင်ပြောင်းလဲခြင်း’( The Metamorphosis of the Insects of Suriname ) ဆိုတဲ့ စာအုပ်တစ်အုပ်ကို ပြုစုနိုင်ခဲ့ပြီး ဒါဟာ သူမဘဝရဲ့ မဟာစွမ်းဆောင်ချက်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာတော့ ပိုးကောင် ၆၀ ရဲ့ ဘဝစက်ဝန်းကို အသေးစိတ် ကွက်ကွက်ကွင်းကွင်းရေးဆွဲ ထားတဲ့ပုံတွေနဲ့အတူ မှတ်တမ်းတင်မှုတွေ ပြုလုပ်ထားတာပါ။ သူမရဲ့ စွမ်းဆောင်မှုဟာ ဆွီဒင်သဘာဝဗေဒပညာရှင် ကားလ်လင်းနီးယပ်စ်လိုမျိုးပဲ အနုပညာနဲ့သိပ္ပံနယ်ပယ်ကြား လှိုင်းအသစ်တစ်ခုနဲ့ သိပ္ပံပညာရှင်တွေ ရွေ့နိုင်သွားမဲ့နည်းလမ်းလေးတစ်ခု ဖြစ်လာပါတော့တယ်။
Ref: https://www.womeninagscience.org/post/women-who-revolutionized-agriculture-1
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဇင်ဘိုလွင်
အားလုံး