မြန်မာနိုင်ငံ မြောက်ဖျားဒေသက လူသိနည်းလှတဲ့ ကျွဲကောမျိုးကောင်းများ (၁)
ကချင်ပြည်နယ်ကထွက်တဲ့ ဂရိတ်ဖရုကို အထူးမိတ်ဆက်စရာမလိုပေမယ့် ဂရိတ်ဖရုအပင်ထက် အရင်စိုက်ပျိုးခဲ့တဲ့ ကျွဲကောမျိုးတွေကိုတော့ ကျွဲကောသီးကြိုက်နှစ်သက်သူတွေ သိရှိသူ နည်းပါလိမ့်မယ်။
ကချင်ပြည်နယ်အတွင်းမှာတော့ ကျွဲကောသီးကို ရှောက်ပန်းသီးလို့ ခေါ်ကြပါတယ်။ အဲ့ဒီဒေသက ထွက်ရှိတဲ့ ကျွဲကောသီးအပါအဝင် ဂရိတ်ဖရုသီး၊ သွေးသီး၊ ဘုရင်သီး၊ မအိုသီး၊ ဝါရှင်တန်သီး၊ မနီအိုလာ၊ သံပရာ စတဲ့ ရှောက်၊ သံပရာအုပ်စုဝင် သီးနှံတွေဟာ လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။
တိဘက်ဒေသကတဆင့် ကချင်ပြည်နယ်ထဲကို သာသနာပြုဖို့ ရောက်ရှိလာတဲ့ ဒေါက်တာမော့စ် ဦးဆောင်တဲ့ အမေရိကန်သာသနာပြုအဖွဲ့တွေက ပူတာအိုမြို့နယ်အတွင်းက မူလာဒီရွာကို စတင်သယ်ဆောင်လာပြီး ဒေသဖွံ့ဖြိုးရေးအတွက်စိုက်ပျိုးဖြန့်ဝေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကချင်ပြည်နယ်အတွင်းသို့ ကျွဲကောမျိုးများသယ်ဆောင်လာသည့် ဒေါက်တာမော့စ်တို့ ဇနီးမောင်နှံအား တွေ့ရစဉ်
ဒေသခံတွေက ရှောက်ပန်းသီးလို့ ခေါ်တဲ့ ကျွဲကောအပင်တွေကို ဂရိတ်ဖရုနဲ့ အခြား ရှောက်သံပရာအပင်တွေကို ကိုင်းဆက်စိုက်ပျိုးဖို့အတွက် အောက်ခံပင်အဖြစ် အရင်စိုက်ပျိုးခဲ့တာဖြစ်ပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်လို့ Morse မိသားစုရဲ့ သာသနာပြုကျောင်းမှာ ငယ်စဉ်ကတည်းကပညာသင်ကြားခဲ့သူဖြစ်သလို ကျွဲကောအပင်တွေ စတင်စိုက်ပျိုးထုတ်လုပ်မှုသမိုင်းကို သိမှီခဲ့သူဖြစ်တဲ့ ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာက အသက် ၈၅ နှစ်အရွယ် ဦးယောဟာက အခုလို ပြောပြခဲ့ပါတယ်။

ကချင်ပြည်နယ်သို့ ရှောက်သံပရာအုပ်စုဝင်အပင်များ ရောက်ရှိလာပုံကို အတည်ပြုပေးသည့် လုံရှာယန်ကျေးရွာမှ လီဆူးအဘိုးအို ဦးယောဟာအားတွေ့ရစဉ်
“ ခုနလိုမျိုးဒီရှောက်ပန်းသီးက အရင်တုန်းကလုံးဝမရှိခဲ့ဘူး။ ဒီဆရာကြီးတွေပဲသယ် လာတာပေါ့။ သယ်လာပြီးတော့ သူတိုရဲ့ရည်ရွယ်ချက်ကတော့ ရှောက်ပန်းသီးအောက်ခံပင်နဲ့ သူတို့ယူလာတဲ့ကောင်းတဲ့အပင်ရဲ့ မျိုးကိုင်းနဲ့ဆက်တယ်။ ရှောက်ပန်းသီးကိုလည်း သီးသန့်စိုက်ခဲ့တာပေါ့။ သီးသန့်စိုက်ခဲ့တာ။ ရှောက်ပန်းသီးတွေကို အစေ့ယူလာပြီးမှ ကြဲတာ။ ဒီလိုမျိုးစားချင်တဲ့သူ စားတာပေါ့။ အဲ့ဒါက အသီးတွေက ဟိုရွာယူသွား၊ ဒီရွာယူသွားပြီးမှ အမျိုးတွေက ပေါက်လာတာ။ ရွာအနှံ့မှာလို့ ပြောပါတယ်”
မူလာဒီကျေးရွာကနေ မူလာရှီးဒီကျေးရွာသစ်ကို တည်ပြီးတဲ့အခါမှာတော့ ကျွဲကောသီး အပါအဝင် ဂရိတ်ဖရုသီး၊ သွေးသီး၊ ဘုရင်သီး၊ မအိုသီး၊ ဝါရှင်တန်သီး၊ မနီအိုလာ၊ သံပရာ စတဲ့ အရည်အသွေးကောင်း ရှောက်သံပရာအုပ်စုဝင်သီးနှံပေါင်း အမျိုးပေါင်းလေးဆယ်ကျော်ကို စံပြစိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။
အရင်ကတော့ လူဦးရေနည်းပါးတဲ့အပြင် လေကြောင်းဆက်သွယ်ရေးကိုပဲ အားထားခဲ့ရတဲ့ ပူတာအိုမြို့နယ်အတွင်းမှာ ကျွဲကောသီးထက် ဝန်ကျဉ်းပြီး ဈေးကောင်းတဲ့ ဂရိတ်ဖရု၊ သွေးသီး၊ ဘုရင်သီး၊ ဝါရှင်တန် အသီးတို့ကိုသာ အခြားဒေသကို အနည်းငယ် တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။
အခုချိန်မှာ မြစ်ကြီးနားနဲ့ ပူတာအိုကားလမ်းကို ရာသီမရွေး အသုံးပြုနိုင်ပေမယ့်လည်း ဒေသတွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေသေးတဲ့အတွက် ကားလမ်းတွေကို မကြာခဏ ပိတ်ထားတာတွေ ရှိနေပါတယ်။ ဒါကြောင့် သီးနှံရာသီချိန်ရောက်လာရင် ဈေးကွက်တင်ပို့ ရတဲ့ အခက်အခဲတွေရှိနေတာက တောင်သူတွေမှာ သီးနှံအရည်အသွေး ကောင်းမွန်အောင်ဆောင်ရွက်နိုင်ဖို့ အခွင့်မသာနိုင်ပဲ ဖြစ်နေပါတယ်။ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုအနေနဲ့ ဈေးကွက်ကို တင်ပို့နိုင်ဖို့က မရေရာ မသေချာတဲ့ အနေထားမှာရှိနေတော့ ဒေသတွင်းက ဈေးကွက်အလားအလာရှိတဲ့ ရှောက်သံပရာအုပ်စုဝင် သီးနှံမျိုးကောင်းတွေဟာ ပျောက်ကွက်သွားနိုင်တဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

မြစ်ကြီးနား - ပူတာအိုလမ်းအား ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းတွင်တွေ့ရစဉ်
နှစ်ပေါင်း ခုနစ်ဆယ်ကျော်ကြာ ပေါက်ရောက်ရှင်သန်ခဲ့တဲ့ ကချင်ပြည်နယ်အတွင်းက ကျွဲကောမျိုးတွေက ဒေသတွင်းဈေးကွက်ကိုမှ မရရှိတဲ့အပြင် လမ်းပန်းဆက်သွယ်ရေး အားနည်းခဲ့တဲ့အတွက် သီးနှံဖွံ့ဖြိုးရေးလုပ်ငန်းတွေကို မျှော်မှန်းထားသလောက် ဆောင် ရွက်နိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် ယခုအချိန်မှာတော့ ဒေသခံများ ကြိုက်နှစ်သက်ပြီး ဈေးကွက်ရှိတဲ့ ဂရိတ်ဖရု၊ ဘုရင်သီး၊ ဝါရှင်တန်သီး၊ သံပရာမျိုးအချို့၊ မနီအိုလာနဲ့ သွေးသီး မျိုးအနည်းငယ်သာ ကျန်ရှိတော့တာကို တွေ့ရပါတယ်။
ဒီအထဲမှာမှ အကြမ်းခံတဲ့ ကျွဲကောပင်တွေကို ပူတာအိုနဲ့ မချမ်းဘောမြို့ နယ်များမှာ တွေ့မြင်နိုင်ပြီး ဆွမ်ပရာဘွမ် မြို့အောက်ဘက်ရှိ မြေသြဇာပိုမိုကောင်းမွန်တဲ့ လွင်ပြင်ဒေသတွေ ဖြစ်တဲ့ လုံရှာယန်၊ ဆွမ်ပီယန်နဲ့ ခဂရန်းယန်ကျေးရွာတွေမှာလည်း အရသာပိုမိုကောင်းမွန်တဲ့ ကျွဲကောပင်များကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ခဂရန်းယန်ကျေးရွာတွင်စိုက်ပျိုးထားသော ကျွဲကောပင်အားတွေ့ရစဉ်
ဒေသတွင်းက ရှောက်သံပရာ အုပ်စုဝင်အပင်များရဲ့ အခြေအနေကို ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ အငြိမ်းစားပြည်နယ်ဦးစီးမှူးဖြစ်သူ ဦးဆင်ဝါးဘောက်က အခုလို ပြောပါတယ်။
“ ဝါရှင်တန်နေဗယ်တို့ ဘာတို့ကျတော့ အသီးနည်းတယ်။ နည်းပညာနဲ့မလုပ်နိုင်တော့ အသီးတင်တာနည်းတော့ အိမ်ခြံဝန်းတွေမှာ နေရာမပေးနိုင်တော့ မျိုးကတုံးကုန်တာ၊ ပေါ်လို့ရှိရင်တော့ဈေးရပေမယ့် တစ်ပင်မှ အသီး ၄၀ လောက်သီးတော့ မကိုက်ဘူး။ စနစ်တကျ သေချာဂရုစိုက်ပြီး တစ်ရာကျော်လောက်သီးလာရင်တော့ ကိုက်မှာပေါ့။ သူက ဈေးကြီးတာကိုး။ ရူဘီဘလက်တို့။ အသီးများများသီးတာက ဘုရင်သီးနဲ့ ဂရိတ်ဖရုတို့လောက်ပဲ သီးတာကိုး။ ဘုရင်သီးတောင်အသီးများတဲ့အချိန်ကျမှ ၂၀ဝ လောက်သီးတာကိုး။ အခုကျတော့ ဝါရှင်တန်ကျန်မယ်။ ရူဘီကျန်မယ်။ ရူဘီဘလက်ကျန်မယ်။ ရူဘီက အဝါရောင်၊ ရူဘီဘလက်က အထဲမှာ သွေးမျှင်တန်းလေးတွေပါတယ်။ ဆယ်မျိုးလောက်တော့ကျန်မှာပေါ့လို့ ပြောပါတယ်”

ခဂရန်းယန်ကျေးရွာတွင်တွေ့ရှိရသည့် အထွက်နှုန်းကောင်းမွန်လှသော အနီရောင်ကျွဲကောအပင်အားတွေ့ရစဉ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်လွင်ဦး
လွန်ခဲ့သော ၄ နှစ် ကအောက်ခံပင်ကို အလွယ်ရတဲ့တောရှောက်ရိုင်းပင်တွေဘဲအသုံးပြုနေကြတာလဲပြုပြင်ရမယ်
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023