အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လယ်သမားတွေ ဝင်ငွေဘယ်လိုရှိနေလဲ?

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လယ်သမားတွေ ဝင်ငွေဘယ်လိုရှိနေလဲ?

၂၀၂၂ ခုနှစ်အတွင်း salaryexplorer.com က ထုတ်ပြန်ထားတဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံ ၅ နိုင်ငံက လယ်သမားတွေရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဝက်ဘ်ဆိုဒ်ရဲ့ ထုတ်ပြန်ချက်အရတော့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေထဲက လယ်သမားလူတန်းစားတွေထဲမှာ တရုတ်လယ်သမားတွေရဲ့ ဝင်ငွေက အမြင့်ဆုံးဖြစ်ပြီး တစ်ဦးချင်းစီရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေဟာ တရုတ်ယွမ်ငွေ ၁၁၂၄၄၀ (၁၆၆၅၁ ဒေါ်လာခန့်) ဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်လယ်သမားတစ်ဦးရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေကတော့ ဘင်္ဂလားဒေ့ရှ်တာကာ ၁၀၅၄၈၀ (၁၁၁၁ ဒေါ်လာခန့်) ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ လယ်သမားတွေထဲတော့ ဝင်ငွေ အနည်းဆုံးပါပဲ။

လယ်သမား၊ ငါးမွေးမြူရေး၊ တိရစ္ဆာန်မွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူတွေကို စစ်တမ်းကောက်ယူပြီးနောက် အနိမ့်ဆုံးဝင်ငွေရှိသူ၊ အမြင့်ဆုံးဝင်ငွေရှိသူတွေတွေကို ပျမ်းမျှယူတွက်ချက်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လယ်သမားတွေရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

တရုတ် ၁၁၂၄၄၀ ယွမ် ( ၁၆၆၅၁ ဒေါ်လာ) 

အိန္ဒိယ ၁၇၂၆၉၄ ရူပီး (၂၁၇၀ ဒေါ်လာ)

လာအို ၁၈၁၀၀၀၀၀ LAK ( 1188 ဒေါ်လာ)

ထိုင်း ၃၀၈၀၀ ဘတ် ( ၁၀၂၄၁ ဒေါ်လာ)

ဘင်္ဂလားဒေ့ရှ် ၁၀၅၄၈၀ တာကာ ( ၁၁၁၁ ဒေါ်လာ)

အမေရိကန်ဒေါ်လာနဲ့ပြန်လည်တွက်ချက်ထားတာဖြစ်ပြီး မြန်မာငွေနဲ့ ဘယ်လောက်ဝင်ငွေ ရှိလဲဆိုတာသိချင်ရင်တော့ လက်ရှိ ဒေါ်လာပေါက်ဈေးနှုန်းနဲ့မြှောက်ကြည့်နိုင်ပါတယ်။ (ဒေါ်လာပေါက်ဈေးက အမျိုးမျိုးကွဲနေသည့်အတွက် တွက်ချက်မပြထားခြင်းဖြစ်ပါသည်။)

( salaryexplorer.com က ထုတ်ပြန်ထားမှုအတိုင်းသာ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)

မြန်မာတောင်သူတစ်ဦးရဲ့ တစ်နှစ်ပျမ်းမျှဝင်ငွေကကော ဘယ်လောက်ရှိမယ်ထင်ပါသလဲ..။ ကွန်မန့်ထဲမှာ ဝင်ရေးပေးသွားကြပါဦးနော်..။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
သူရိန်

သူရိန်

လွန်ခဲ့သော ၄ နှစ် က

6000

Saw zayar lin

Saw zayar lin

လွန်ခဲ့သော ၄ နှစ် က

ဟုတိပါ့

ဦးခင်ရှိန်

ဦးခင်ရှိန်

လွန်ခဲ့သော ၄ နှစ် က

ဘယ်လောက်ရှိမှန်းကိုမသိတာပါ

You

ဆက်စပ်မေးခွန်းများ

ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွ‌က်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။

U Win Zaw • ဖြေကြားချက် 1 ခု

ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ

U Yan • ဖြေကြားချက် 4 ခု

ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ

U Maung • ဖြေကြားချက် 3 ခု

ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ

U Yan • ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

Ko Myo Tint • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။