ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
လန်ပိကျွန်းရှိ အဏ္ဏဝါအမျိုးသားဥယျာဉ်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင် တည်ရှိသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် မြိတ်ကျွန်းစုထဲတွင်ပါဝင်ပြီး ကျွန်းငယ်များစွာ ဝန်းရံလျက်ရှိသည်။ လန်ပိကျွန်းနှင့် ပင်မကုန်းမြေအကြားတွင် ပင်လယ်ရေသည် ပျမ်းမျှ ၁၂ မီတာ နက်ရှိုင်းသည်။ ထို့ပြင် လန်ပိကျွန်းသည် ယေဘုယျအားဖြင့် တောင်ကုန်းထူထပ်ပြီး ပင်လယ်ရေမျက်နှာပြင်ထက် ၄၅၅ မီတာမြင့်သည်။ ကမ်းရိုးတန်းအများစုမှာ ကျောက်ဆောင်ထူထပ်ပြီး သဲသောင်ကမ်းခြေများ၊ ပင်လယ်အော်များ၊ ရေလက်ကြားများလည်းရှိသည်။ ထို့အပြင် တစ်နှစ်ပတ်လုံးစီးဆင်းသော မြစ် (၂) စင်းရှိပြီး ရာသီအလိုက်စီးဆင်းသော စမ်းချောင်းများစွာလည်း ရှိသေးသည်။ လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်သည် အာဆီယံ အမွေအနှစ်ဥယျာဉ် စာရင်းဝင်ဖြစ်ပြီး Important Bird Area (IBA) သတ်မှတ်ထားသော ဥယျာဉ်တစ်ခုဖြစ်သည်။ လန်ပိကျွန်းအား ၁၉၉၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်၍ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့ သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော အဏ္ဏဝါအမျိုးသားဥယျာဉ်ဖြစ်သည့် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်ကို ၁၉၉၆ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့ပြီး ၄င်းဒေသ၏ ထူးခြား၍ အရေးပါသော ဂေဟစနစ်များ၊ မျိုးစိတ်များ၊ ယဥ်ကျေးမှုထုံးတမ်းစဥ်လာများ တည်ရှိမှုနှင့် ၄င်းတို့အကြား သဟဇာတဖြစ်စွာ တည်ရှိနေမှုတို့ကြောင့် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဥ်အဖြစ် သတ်မှတ်ခဲ့ပါသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သည် မြောက်လတ္တီတွဒ် ၁၀°၅၀'၊ အရှေ့လောင်ဂျီတွဒ် ၉၈° ၁၂' ၊ ကော့သောင်းမြို့မှ ရေမိုင်(၆၀)၊ ဘုတ်ပြင်းမြို့မှ ရေမိုင်(၄၀)ကွာဝေးပြီး တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်တွင်း တည်ရှိသည်။ အကျယ်အဝန်းအားဖြင့် ၂၀၅ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သည် အမြဲစိမ်းသစ်တောအမျိုးအစား ဖြစ်ပြီး လမုတော၊ ကမ်းခြေသစ်တော၊ ဒီရေတောများလည်း ယခုအချိန်ထိ ရှိနေပြီး ပင်လယ်မြက်ခင်းများသည် အထူးသဖြင့် ကျွန်း၏ အရှေ့ဘက်တွင်ရှိနေသည်။အဏ္ဏဝါအမျိုးသားဥယျာဥ်၏ ၇၅ ရာခိုင်နှုန်းခန့်သည် အဏ္ဏဝါနေရင်းဒေသနေရာများဖြစ်ပြီး ကျန်ဧရိယာများသည် အမြဲစိမ်းတော ၂၂ ရာခိုင်နှုန်း၊ ဒီရေတော ၂ ရာခိုင်နှုန်းနှင့် ပင်လယ်သဲခုံတော ၁ရာခိုင်နှုန်းတို့ ဖြစ်သည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်အတွင်း နို့တိုက်သတ္တဝါ ၁၉ မျိုး၊ ငှက်မျိုးစိတ် ၂၂၈ မျိုး၊ တွားသွားသတ္တဝါ ၁၉ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၁၀ မျိုး၊ ငါးမျိုးစိတ် ၄၂ မျိုး၊ ကဏန်းမျိုးစိတ် ၄၂ မျိုး၊ အပင်မျိုးစိတ် ၁၉၅ မျိုး၊ ပင်လယ်မြက်မျိုးစိတ် ၁၁ မျိုး၊ ပင်လယ်ရေမှော် ၇၃ မျိုး၊ အပင်မျှော (Phytoplankton) မျိုးစိတ် ၁၃၆ မျိုး၊ အကောင်မျှော (Zooplankton) မျိုးစိတ် ၁၅၀ မျိုး၊ ဒီရေတောပင်မျိုးစိတ်(၆၃)မျိုးနှင့် သန္တာကျောက်တန်းများ တွေ့ရှိရပါသည်။

လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ် ဧရိယာအတွင်း မျိုးသုဥ်းပျောက်ကွယ်လုနီးပါး မျိုးစိတ်များဖြစ်သည့် ရေဝက်၊ ပြင်သာလိပ်၊ မလေးသင်းခွေချပ်နှင့် မျိုးသုဥ်းရန်အန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်များဖြစ်သည့် ဖျံအမွေးနု၊ မျောက်ပုတီး၊ မျောက်လေပွေ၊ ချေလှောင်၊ လင်းဆွဲများလည်း ကျက်စားလျက်ရှိပြီး သန့်ရှင်းလှပသော ကမ်းခြေများနှင့် ပင်လယ်ရှုခင်းများ၊ ဒီရေတောမြစ်ဝနှင့် ပင်လယ်လိပ်များ ဥဥချသည့် လိပ်သောင်များနှင့် မူလဒေသခံများဖြစ်သည့် မော်ကင်း(ခေါ်) ဆလုံလူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းများသည် လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်၏ အလွန်ထူးခြားထင်ရှားသော တန်ဖိုးများဖြစ်ပြီး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အရေးပါသည့် အခွင့်အလမ်းများ ဖြစ်ပါသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်သို့ ရန်ကုန်-ကော့သောင်း လေယာဉ်ဖြင့်သွားလျှင် (၂)နာရီခန့်ကြာသည်။ ထိုမှတဆင့် ကော့သောင်း-လန်ပိ စက်လှေဖြင့် (၅)နာရီခန့် သွားရသည်။ ကြည့်ရှုလေ့လာနိုင်သော အခွင့်အလမ်းများ လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်တွင် ဒီရေတော ဂေဟစနစ်၊ ရေပျော်ငှက်များကို လေ့လာနိုင်ခြင်း၊ အမြဲစိမ်းတော ဂေဟစနစ်များကို လေ့လာနိုင်ခြင်း၊ သန္တာကျောက်တန်းများအား လေ့လာသုတေသနပြုနိုင်ခြင်း၊ ဆလုံမျိုးနွယ်များ၏ ယဉ်ကျေးမှုများကို လေ့လာနိုင်ခြင်း၊ ငါးမျိုးစိတ်နှင့် ခရုကမာမျိုးစိတ်များကို လေ့လာနိုင်ခြင်း၊ အပျော်တမ်း ပင်လယ်ရေငုပ် ဆောင်ရွက်နိုင်ခြင်း၊ ပင်လယ်ကမ်းခြေတွင် အနားယူအပန်းဖြေနိုင်ခြင်းစသည့် အခွင့်အလမ်းများရရှိနိုင်သည်။
လန်ပိကျွန်းတွင် ခရီးသွားများအနေဖြင့် သစ်တောအလှကိုကြည့်ကာ ကနူးလှေစီးခြင်း၊ တောတွင်းလမ်း လျှောက်၍ ငှက်ကြည့်ခြင်း၊ ရေအောက်အလှနှင့် သန္တာကျောက်တန်းများကို ကြည့်ရှုခြင်း၊ လှိုင်းစီးခြင်းနှင့် ဒိုင်ဗင်ထိုးခြင်း၊ ဆလုံတိုင်းရင်းသားတို့၏ လူနေမှုဘဝပုံစံကို လေ့လာခြင်း၊သစ်ပင်နှင့် နို့တိုက်သတ္တဝါ များ၊ ကုန်းနေ/ရေနေသတ္တဝါများကို လေ့လာခြင်း၊ ငှက်နှင့် ပင်လယ်ရေမှော်များကို လေ့လာခြင်း စသည့် နှစ်သက်ရာဝါသနာအလိုက် လေ့လာအပန်းဖြေလေ့ရှိပြီး ပင်လယ်ကမ်းခြေ၏ နူးညံ့သော သဲသောင်မွမွပေါ်တွင် လမ်းလျှောက်ခြင်းနှင့် နေပူစာလှုံခြင်းကိုလည်း ခရီးသွားများ နှစ်သက်ကြလေ့ရှိသည်။
လန်ပိအဏ္ဏဝါအမျိုးသားဥယျာဥ်တွင် ရေပျော်ငှက်နှင့် ဒေသမျိုးရင်းငှက်များ ရှင်သန်ကျက်စားလျက်ရှိရာ ပုလင်းနှုတ်သီးလင်းပိုင်နှင့် အောက်ချင်းငှက်အပါအဝင် ရှားပါးမျိုးစိတ်များ နေထိုင်ကျက်စားမှုရှိနေသော နေရာတစ်ခုတစ်ခုလည်း ဖြစ်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kaung khant
လွန်ခဲ့သော ၆ လ ကကျေးဇူးပါ
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026