ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၄)
မြန်မာနိုင်ငံဒေသအသီးသီးတွင် ကျွေးမွေးသော စပ်စာနမူနာများ


ခန္ဓာကိုယ်အလေးချိန် ၂၀ မှ ၄ဝ ကီလိုဂရမ်ရှိ နို့ပေးဆိတ်မအတွက် အစာနု၊ အစာကြမ်း တွဲဖက်ကျွေးမွေးမှု အကြံပြုချက်

နို့ပေးဆိတ်များကို ဖော်ပြပါဇယားတွင် အကြံပြုချက်အတိုင်း ကျွေးမွေးမှုသည် ချင့်ချိန်နိုင်ရန် ဖော်ပြခြင်းသာဖြစ်ပြီး ထုတ်လုပ်ပေးသော နို့ထွက်ရှိမှုအပေါ်မူတည်ပါသည်။ နို့တစ်ကီလိုတိုးမြှင့်တွထုတ်လုပ်တိုင်း(၀.၃ မှ ၀.၅)ကီလိုဂရမ် အစာနု တိုးမြှင့်ကျွေးရန် လိုအပ်ပါသည်။
သားမပေါက်မီနှင့် သားပေါက်ပြီးဆိတ်မကို အစာနုကျွေးမွေးမှုအတွက် အောက်ဖော်ပြပါအချက်များကို အလေးပေးဆောင်ရွက်ရန် လိုအပ်ပါသည်။
၁။ ဇီးဆိတ်မ သားပေါက်ရန်အတွက် တစ်ပတ်အလိုတွင် အစာနုကျွေးမွေးမှုကို လျှော့ချရပါမည်။ ဇီးရင့်ကာလတွင် (၀.၅)ကီလိုဂရမ်ကျွေးမွေးခဲ့ပါက (ဝ.၂ - ဝ.၃)ကီလိုဂရမ်ထိ လျှော့ချရပါမည်။
၂။ သားပေါက်ပြီးရက် သီတင်းပတ်(၂)ပတ်အတွင်း တစ်နေ့ (၀.၂-၀.၄) ကီလိုဂရမ် ကျွေးမွေးရပါမည်။
၃။ သားပေါက်ပြီး(၂)ပတ်အကြာတွင် နို့ထွက်နှုန်းအပေါ်မူတည်ပြီး အစာနုကျွေးနှုန်း တိုးမြှင့်ရပါမည်။
၄။ နို့ထုတ်လုပ်မှုအပေါ်မူတည်ပြီး အစာနုတိုးမြှင့်ကျွေးမွေးမှုကို အစာစားသုံးနိုင်မှုပမာဏအပေါ်မူတည်ပြီး ပြန်လည်လျှော့ချပေးရန် လိုအပ်ပါသည်။
အသားဓာတ်ပါဝင်မှု(၁၄%, ၁၅%, ၁၆%) ရှိသော စပ်စာနမူနာအား ဇယားတွင် ဖော်ပြထားရှိပါသည်။ နို့ညှစ်ဆိတ်မများကို တစ်ကောင်ချင်းမှတ်တမ်းဖြင့် နို့ညှစ်အစာ ကျွေးမွေးရပါမည်။အစာကျွေးမွေးမှုစနစ် မှန်ကန်မှုရှိမှသာ နို့ထုတ်လုပ်မှုအမြင့်ဆုံးရရှိခြင်းနှင့် အစာစရိတ်ကုန်ကျမှု တွက်ခြေကိုက်ပါမည်။
ခြံတစ်ခြံအတွင်းရှိဆိတ်အားလုံးသည် အစာနုလိုအပ်ချက် မတူညီနိုင်ပါ။ ဆိတ်မတစ်ကောင်သည် နို့ခမ်းကာလဖြစ်နေချိန်တွင် အခြားဆိတ်မတစ်ကောင်သည် နို့ပေးချိန်ဖြစ်နိုင်ပါသည်။ ဆိတ်တစ်ကောင်သည် ကြီးထွားဆဲကာလတွင် အခြားဆိတ်သည် သားပေါက်နေတတ်ပါသည်။
ဆိတ်မ(၂)ကောင်သည် အသက်တူ၊ ခန္ဓာကိုယ်အရွယ်တူဖြစ်နေပြီး နို့ထုတ်လုပ်ပေးမှု တူညီနေသည့်တိုင် အစာနုလိုအပ်ချက် ကွာခြားနိုင်ပါသည်။
ယခင်ဆောင်းပါးအပိုင်းများ ဖတ်ရှုလိုပါက အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၁)>>> https://bit.ly/3liZile
ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၂)>>> https://bit.ly/3llCKAj
ဆိတ်စာတွင်လိုအပ်သောအာဟာရဓာတ်များနှင့် ဆိတ်စာအမျိုးအစားခွဲခြားခြင်း (၃)>>> https://bit.ly/3LofKeA
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ချစ်ကိုကို
လွန်ခဲ့သော ၂ နှစ် ကစပ်စာ 1/2/3/4/5/6/ ဆိုတာက 1 ဆိုရင် တစ်ရက်စားလား(သို့မဟုတ်)အားလုံးရောပြီးကျွေးရတာလား တစ်ရက်ကို
U Thein Min Naing
လွန်ခဲ့သော ၃ နှစ် ကအစာနုက ဘာကိုပြောတာလဲခမျ
ဦးဇော်(dof)
လွန်ခဲ့သော ၃ နှစ် ကအပေါ်က အစာကိုပဲကျွေးပေးပါ။
အမည်မသိ
လွန်ခဲ့သော ၃ နှစ် ကပါဝင်ဆွေးထွေးပါမည်
မိုးသီဟ
လွန်ခဲ့သော ၃ နှစ် ကကျေးဇူးအများကြီးတင်ပါတယ်ရှင် ကြက်စာကိုရော ကျွေးလို့ရပါသလားရှင်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။
ဦးအာကာမင်း • ဖြေကြားချက် 1 ခု
နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ
Min Maung • ဖြေကြားချက် 2 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
Min Soe • ဖြေကြားချက် 1 ခု
ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း
Kyaw Thu Lin • ဖြေကြားချက် 1 ခု
Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ
ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဦးဇော်(dof)
အားလုံး