အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
13
လွန်ခဲ့သော ၃ ပတ် က · တိုက်ကြီး

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်...

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။

အာဟာရဗေဒ ဘဲ

ဖြေကြားချက် ၁ ခု

349,556 လွန်ခဲ့သော ၃ ပတ် က

ထိုင်းဥစားဘဲ (၁၀၀) ကောင်အတွက် ဥနှုန်းအကောင်းဆုံးရရှိစေရန် တစ်နေ့လျှင် ပျမ်းမျှအစာ ၁၅ ကီလိုဂရမ်မှ ၁၇ ကီလိုဂရမ် အထိ ကျွေးမွေးရပါမယ်။ သဘာဝအစာစပ်ကျွေးမည်ဆိုပါက အာဟာရဓာတ်စုံလင်စေရန် ပြောင်းဖူးမှုန့် ၄၅%၊ ဖွဲနုညက် ၁၅%၊ ဆန်ကွဲ ၅% တို့ကို စွမ်းအင်အတွက် သုံးစွဲပြီး၊ ပဲဖတ် ၁၅% နှင့် ငါးခြောက်မှုန့် ၁၀% တို့ကို ပရိုတင်းဓာတ်အတွက် ရောစပ်ရပါမယ်။ အစာကျွေးရာတွင် ဖွဲမှုန့်များ လေလွင့်မှုမရှိစေရန်နှင့် စားနှုန်းကောင်းစေရန် ရေအနည်းငယ်ဖျန်းပြီး ခပ်စိုစိုနယ်ကျွေးသင့်ပြီး ဥနှုန်းစွဲမြဲစေရန် ဗေဒါ၊ မှော် နှင့် ကန်စွန်းရွက်ကဲ့သို့ အစာစိမ်းများကို နေ့စဉ်ကျွေးပေးရပါမယ်။ ၎င်းအပြင် အလင်းရောင် ရရှိမှုနည်းပါက ဥနှုန်းကျဆင်းတတ်သဖြင့် ညပိုင်းတွင် လျှပ်စစ်မီးသီးဖြင့် ၃ နာရီမှ ၄ နာရီခန့် မီးပေးစနစ် (တစ်နေ့လျှင် စုစုပေါင်း အလင်းရောင် ၁၄-၁၆ နာရီ) ပြုလုပ်ပေးခြင်းဖြင့် ဥနှုန်းကို အစဉ်မပြတ် ကောင်းမွန်နေစေပါလိမ့်မယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။