ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှု လက်တွေ့ကွင်းဆင်းဆောင်ရွက်ခြင်း - ၁ (ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်)
ဂေဟဗေဒဆိုင်ရာ လေ့လာသုံးသပ်မှု ဆောင်ရွက်တဲ့အခါ အဓိက စံပေတံ (Indicator) ၄ ခု နဲ့ တိုင်းတာစစ်ဆေးရမှာဖြစ်ပြီး အဲဒီ စံပေတံ ၄ ခုကိုလည်း အသေးစိတ်အချက်အလက် ၉ ခုအဖြစ် ပြန်လည်ခွဲခြားထားပါတယ်။ အသေးစိတ်အချက်အလက် ၉ ခုကို တစ်ခုချင်းစီ လေ့လာသုံးသပ်ပြီး သတ်မှတ်ထားတဲ့ နည်းလမ်းတွေအတိုင်း အကဲဖြတ်အမှတ်ပေးနိုင်ဖို့ သက်ဆိုင်ရာ ဂေဟစနစ်ဆီ လက်တွေ့ကွင်းဆင်းလေ့လာဖို့ လိုအပ်ပါတယ်။
ဒေသခံများ၏ အကူအညီ
ကွင်းဆင်းလေ့လာမှုတွေ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဂေဟစနစ်နဲ့ နှစ်ရှည်လများ ရင်းနှီးကျွမ်းဝင်တဲ့ ဒေသခံတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။ သူတို့ထံကနေ သက်ဆိုင်ရာဂေဟစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများအပြား စုဆောင်းရရှိနိုင်ပါတယ်။အထူးသဖြင့် ဇီဝမျိုးကွဲစုံလင်မှုနဲ့ ပတ်သက်ပြီး စစ်ဆေးအကဲဖြတ်တဲ့အခါ အဲဒီဒေသခံတွေရဲ့ အကူအညီကို ရယူဖို့ လိုအပ်ပါတယ်။
ကွင်းဆင်းလေ့လာမည့် ဂေဟစနစ်၏ အချက်အလက်များ
ဂေဟဗေဒဆိုင်ရာ အကဲဖြတ်သုံးသပ်မှုကို ဆောင်ရွက်မယ့် ဂေဟစနစ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သေချာစွာ မှတ်တမ်းတင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ ကွင်းဆင်းလေ့လာတဲ့ နေရာဒေသနဲ့ ရက်စွဲတို့ဟာ မပါမဖြစ် အရေးကြီးပါတယ်။ ဒါမှသာ နေရာနှစ်ခုရဲ့ ဂေဟဗေဒဆိုင်ရာ ရေရှည်တည်တံ့နိုင်မှုကို နှိုင်းယှဉ်လေ့လာနိုင်ဖို့နဲ့ နေရာဒေသတစ်ခုတည်းရဲ့ အပြောင်းအလဲတွေကို နှိုင်းယှဉ်လေ့လာနိုင်ဖို့ အထောက်အကူပြုနိုင်မှာပါ။

မြေအနေအထား (Soil)
ပထမဆုံး စံပေတံဖြစ်တဲ့ မြေအနေအထား (Soil) ကို စစ်ဆေးနိုင်ဖို့ ၀.၂၅ ကုဗမီတာ (အလျား ၅၀ စင်တီ မီတာ x အနံ ၅၀ စင်တီမီတာ x အနက် ၅၀ စင်တီမီတာ) ရှိတဲ့ ကျင်းတစ်ခုကို မြေကြီးကနေ တူးထုတ်ယူရပါမယ်။
တူးထုတ်လိုက်တဲ့ မြေကျင်းရဲ့နံရံတွေကို စစ်ဆေးပြီး မြေဆီလွှာထူထဲမှု (soil profile) ကို စစ်ဆေးရမှာ ဖြစ်ပါတယ်။
- မြေဆီလွှာ (Topsoil) လုံးဝ မရှိတဲ့အနေအထားမျိုး (Almost absent topsoil) ကို ရမှတ် “၁" ကနေ “၂” အထိ သတ်မှတ်နိုင်ပါတယ်။
- တကယ်လို့ မြေဆီလွှာက ရှိပေမယ့် အင်မတန်ပါးလွှာတဲ့ အနေအထားမျိုး (Thin topsoil) ဖြစ်နေမယ်ဆိုရင်တော့ ရမှတ် “၃” ကနေ “၄” အထိ သတ်မှတ်ပေးနိုင်ပါတယ်။
- မြေဆီလွှာက ထူထပ်နေမယ် (Deep topsoil) ဆိုရင်တော့ ရမှတ်ကို “၅” ကနေ “၆” အထိ သတ်မှတ်ပေးနိုင်ပါတယ်။

မြေဆီလွှာ(topsoil) ကသာလျှင် မြေကြီးပေါ်မှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်တွေအတွက် အာဟာရဓာတ် (nutrients) တွေကို အဓိကထောက်ပံ့ပေးနေတာ ဖြစ်ပါတယ်။ အဲဒီအလွှာရဲ့ အောက်မှာရှိတဲ့ အလွှာတွေဟာ အာဟာရထောက်ပံ့နိုင်မှု အလွန်ကို နည်းပါးပါတယ်။ ဒါကြောင့် မြေပြင်ပေါ်က အပင်တွေရှင်သန်ကြီးထွားဖို့၊ အဲဒီအပင်တွေကို မှီခိုတဲ့ သတ္တဝါတွေ ရှင်သန်နိုင်ဖို့၊ မြေဆီလွှာ ထူထဲမှုက အင်မတန်ကို အရေးကြီးပါတယ်။
မြေကျင်းထဲက တူးထုတ်လိုက်တဲ့ မြေကြီးတွေထဲကနေ လေ့လာစရာ ၂ ခု ရှိပါတယ်။ ပထမတစ်ခုကတော့ မြေရဲ့သိပ်သည်းမှု (Apparent density) ဖြစ်ပါတယ်။
- မြေဟာ သိပ်ပြီး မာကျောကျစ်ခဲနေမယ် (Very compacted) ဆိုရင် ရမှတ်ကို "၁" ကနေ "၂" အထိ ပေးနိုင်ပါတယ်။
- မြေကြီးဟာ မာကျောနေပေမယ့် သိပ်ပြီး ကျစ်ခဲနေတာမျိုး မရှိဘူး (Compacted) ဆိုရင်တော့ ရမှတ်ကို "၃" ကနေ "၄" အထိ ပေးနိုင်ပါတယ်။
- မြေကြီးဟာ မာကျောကျစ်ခဲမနေဘဲ ခပ်မွမွရှိနေပြီး အပင်တွေ ပေါက်ရောက်လွယ်တဲ့အနေအထားမျိုး (Not compacted) ဆိုရင်တော့ ရမှတ်ကို "၅" ကနေ "၆" အထိ သတ်မှတ်ပေးနိုင်ပါတယ်။
မြေရဲ့သိပ်သည်းမှုဟာ အပင်တွေရှင်သန်ပေါက်ရောက်နိုင်မှုအတွက် အရေးကြီးသလို အပင်တွေ ရှင်သန်ပေါက်ရောက်နေမှလည်း မြေရဲ့သိပ်သည်းမှု လျော့ကျပြီး ခပ်မွမွ မြေအမျိုးအစား ဖြစ်လာမှာပါ။ မြေရဲ့ သိပ်သည်းမာကျောမှုနည်းမှ မိုးရေတွေကို မြေအောက်ဆီ စုပ်ယူစုဆောင်းနိုင်မှာပါ။ ဒါမှ မြေပြင်ပေါ်မှာ ရေတွေ အဆမတန် စီးဆင်းသွားပြီး မြေဆီလွှာတိုက်စားသွားတာမျိုး၊ ရေကြီးရေလျှံတာမျိုးတွေကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေကြီးက မာကျစ်မနေဘဲ မွနေမှသာ မြေအောက်မှာရှိနေတဲ့ အပင်တွေရဲ့ အမြစ်တွေက လိုအပ်တဲ့ အောက်ဆီဂျင်နဲ့ ရေကို အလွယ်တကူ ရရှိစေနိုင်မှာ ဖြစ်ပါတယ်။
မြေရဲ့ သိပ်သည်းမှု အနည်းအများဟာ မြေဆီလွှာ ဘယ်လောက်ထူထဲသလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ မြေဆီလွှာထဲမှာ အပင်တွေ၊ တိရစ္ဆာန်တွေနဲ့ တိရစ္ဆာန်တွေရဲ့ စွန့်ပစ်ပစ္စည်းတွေ ဆွေးမြည့်ပြီး ဖြစ်ပေါ်လာတဲ့ ဩဂဲနစ်ပစ္စည်း (Organic matter)တွေ ပေါပေါများများ ပါဝင်တာနဲ့အမျှ မြေရဲ့သိပ်သည်းမှုကို လျော့ကျလာမှာပါ။

မြေကျင်းထဲက တူးထုတ်ထားတဲ့ မြေတွေကို ဆက်ပြီးလေ့လာရမှာကတော့ မြေအောင်းသတ္တဝါ (Macroorganisms) တွေ ဘယ်လောက်များများစားစားတွေ့ရသလဲ ဆိုတာပါပဲ။
- တကယ်လို့ မြေကြီးထဲမှာ သက်ရှိတွေ ရှင်သန်နေနိုင်တဲ့ လက္ခဏာမျိုးတွေ မတွေ့ရဘူး။ တီကောင်လိုမျိုး မြေဆီလွှာကို အကျိုးပြုတဲ့သတ္တဝါတွေကို မတွေ့ရဘူးဆိုရင် အဲဒီမြေကို ရမှတ် "၁" ကနေ "၂" အထိ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။
- တီကောင်အပါအဝင် မြေဆီလွှာကို အကျိုးပြုနိုင်တဲ့ ခြေဆစ်များသတ္တဝါ (arthropods) တွေ အနည်းငယ်တွေ့ရမယ်ဆိုရင်တော့ ရမှတ် ကို "၃" ကနေ "၄" အထိ ပေးနိုင်ပါတယ်။
- တကယ်လို့ အကျိုးပြုသတ္တဝါတွေ ပေါပေါများများ တွေ့ရမယ်ဆိုရင်တော့ ရမှတ်ကို "၅" ကနေ "၆" အထိ ပေးလို့ရမှာ ဖြစ်ပါတယ်။
အကျိုးပြုမြေအောင်းသတ္တဝါတွေ ရှိနေခြင်းက မြေရဲ့သိပ်သည်းမှုကို လျော့ကျလာအောင် ပြုပြင်ပေးနိုင်သလို အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပိုမိုရရှိနိုင်ဖို့ အကူအညီပေးပါတယ်။ ဥပမာ တီကျစ်စာ (Vermicast/Worm cast) တွေဟာ တီကောင်တွေက စွန့်ထုတ်တဲ့ အညစ်အကြေးတွေဖြစ်ပြီး၊ အပင်တွေအတွက် အင်မတန် ကောင်းမွန်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းပါတယ်။ တီကျစ်စာထဲမှာ ပါဝင်တဲ့ ဟူးမစ်အက်ဆစ် (humic acid) ဟာ မြေကြီးထဲမှာရှိနေတဲ့ အာဟာရဓာတ်တွေကို အပင်က စုပ်ယူရာမှာ ပိုမိုထိရောက်ကောင်းမွန်စေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အပင်တွေမှာ ကျရောက်ဖြစ်ပွားနိုင်တဲ့ ရောဂါအချို့ကိုလည်း ကာကွယ်တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။

မြေထဲမှာ အကျိုးပြုမြေအောင်းသတ္တဝါ (beneficial macroorganism) တွေရှိနေခြင်းက ဘာကိုညွှန်ပြသလဲဆိုရင် အဲဒီမြေကြီးသည် ရှင်သန်နေပြီး မျက်စိနဲ့အလွယ်တကူမြင်ရတဲ့ မြေအောင်းသတ္တဝါ (macroorganism) တွေသာမက မျက်စိနဲ့အလွယ်တကူမမြင်ရနိုင်တဲ့ အကျိုးပြုအဏုဇီဝပိုးမွှား (beneficial microorganism) တွေပါ ရှင်သန်ပေါက်ပွားပြီး ဂေဟစနစ်ဟာ သဟဇာတဖြစ်ဖြစ် တည်ရှိနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ အဲဒီမြေအောင်းသတ္တဝါတွေ အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာလည်း ဂေဟစနစ်ကြီးထဲမှာပါဝင်တဲ့ ဇီဝမျိုးကွဲတွေ (biodiversity) တွေထဲမှာ ပါဝင်တယ်ဆိုတာကို သတိပြုရမှာဖြစ်ပါတယ်။
မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေဟာ မြေဆီလွှာကို ပြုပြင်ထိန်းသိမ်းဖို့ အပင်တွေက အသုံးမချနိုင်တဲ့ အာဟာရဓာတ်တွေကို အသုံးချနိုင်တဲ့ပုံစံဖြစ်အောင် ပြောင်းလဲပေးဖို့ မြေပေါ်ကျရောက်လာတဲ့ ဩဂဲနစ်ပစ္စည်းတွေကို ဆွေးမြည့်စေပြီး ပြန်လည်အသုံးချနိုင်အောင် ဆောင်ရွက်ဖို့ အသုံးဝင်ပါတယ်။
ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်
မြေအနေအထားဟာ ဂေဟစနစ်ရဲ့ အခြေခံအုတ်မြစ်လို့ ဆိုနိုင်ပါတယ်။ မြေရဲ့ ကျန်းမာရေး မကောင်းဘူး၊ မြေဆီလွှာဟာ ရေရှည်တည်တံ့နိုင်စွမ်း မရှိဘူးဆိုရင် အပင်တွေ ပေါက်ရောက်ရှင်သန်နိုင်စွမ်းရှိမှာ မဟုတ်သလို ဇီဝမျိုးကွဲစုံလင်မှုလည်း မရှိနိုင်ပါဘူး။ ဒါဆိုရင် လူသားတွေအတွက် စီးပွားဖြစ်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်စွမ်း ရှိမှာမဟုတ်သလို ဂေဟစနစ်ရဲ့ အခြားသော အကျိုးကျေးဇူးတွေကိုလည်း ခံစားရမှာ မဟုတ်ပါဘူး။
ဒါကြောင့် ဂေဟဗေဒ အကဲဖြတ်သုံးသပ်မှုတွေ လုပ်ဆောင်ရာမှာ မြေရဲ့ အနေအထားကို ထိပ်ဆုံးက လေ့လာရမယ့် စံပေတံ (indicator) အဖြစ် သတ်မှတ်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ စံပေတံများအကြောင်းကိုလည်း ဆက်လက်လေ့လာကြရပါဦးမယ်။
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က ဆက်လက် မျှဝေသွားပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
သစ်တောပုံတူ စိုက်ခင်းတည်ထောင်ခြင်း
U thet naing htay
လွန်ခဲ့သော ၂ နှစ် ကကျေးဇူးပါ
ဆက်စပ်ဆောင်းပါးများ
Analog Forestry ၏ စီးပွားရေးအကျိုးအမြတ်များ
Analog Forestry နဲ့ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်ဖန်တီးမှု (သီရိလင်္ကာနိုင်ငံ AMBA Estate ၏ လက်တွေ့ဆောင်ရွက်ချက်)
သစ်တောပုံတူစိုက်ခင်းထူထောင်ခြင်းအကြောင်း မျှဝေဆွေးနွေးပွဲ
နည်းပညာမိတ်ဖက်အဖွဲ့
Inclusive Systems Myanmar
ဂေဟစနစ် ထိန်းသိမ်းသော လက်ဖက်စိုက်ပျိုးရေးကို ရည်ရွယ်၍ ဆရာ "ခိုင်ကြည်သစ်" ၏ အခန်းဆက် ဆောင်းပါးများဖြစ်သည့် Analog forestry အသိပညာပေး ဆောင်းပါးများနှင့် သီရိလင်္ကာနိုင်ငံ လေ့လာရေးခရီးအတွေ့အကြုံများအကြောင်း ကို Inclusive Systems Myanmar က မျှဝေသွားပါမည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Khaing Kyi Thit
အားလုံး