တောင်ယာအစား ကြံပြောင်းစိုက်ပြီး အကျိုးများလာတဲ့ ကိုတန်ဂွန်တို့ လဘန်ရွာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြစ်ဆုံအနီးရှိ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသတွေမှာ အကျိုးအမြတ်နည်းပါးတဲ့ တောင်ယာသီးနှံထက် ကြံကိုပိုပြီးစိုက်ပျိုးလာကြပါတယ်။ ကြံရည်အစိမ်းရောင်ရပြီး ဈေးကွက်ဝင် အရောင်လှတဲ့ ဒေသအခေါ် ၇၇၄ ကြံမျိုးတွေကို နမ္မတီးမြို့မှသွားရောက်ဝယ်ယူပြီး စိုက်ပျိုးကြတာပါ။
စပါး၊ ပဲတောင့်ရှည်၊ ဖရုံ၊ ပိန်းဥစတဲ့ တောင်ယာသီးနှံတွေကို ဝမ်းစာလောက်သာ လျှော့ချစိုက်ပျိုးတော့ပြီး ကြံကိုပိုပြီး စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ စိုက်ဧကတိုးချဲ့စိုက်ပျိုးထားတဲ့ ဝိုင်းမော်မြို့နယ်၊ လဘန်ကျေးရွာမှ ကိုတန်ဂွန်က ကြံစိုက်ပျိုးထုတ်လုပ်ထားတဲ့အခြေအနေကို ရှင်းပြပါတယ်။
“ တောင်ယာလုပ်တာထက်စာရင်တော့ ဒီကြံစိုက်တာကတော့ ဘယ်လိုခေါ်မလဲ အကျိုးရှိတာပေါ့နော်။ ကိုယ်က လောလောဆယ် ဒီအနီးတဝိုက်မှာ ကြံစိုက်တာက တစ်ဧကလောက်စိုက်ပြီဆိုရင် ဆယ်ငွေ (သိန်း) အထက်တော့ကိုင်ရတယ်။ တောင်ယာလုပ်ရင် တကယ့်တကယ်အလွန်ဆုံး ကိုင်ရမှ ၂ သိန်း၊ ၃ သိန်းပေါ့။ ကုန်တာနဲ့ ထွက်တာနဲ့ ဘာမှအကျိုးမရှိဘူးပေါ့နော်။ ကြံစိုက်တာကတော့ မိသားစုအတွက်အကျိုးရှိတယ်” လို့ ကိုတန်ဂွန်က ဆိုပါတယ်။
လဘန်ကျေးရွာအနီးတဝိုက်မှာ ကြံကို ဧပြီလမှာ စတင်စိုက်ပျိုးပြီး နောက်တစ်နှစ် အခုလို မတ်လအချိန်မှာ ခုတ်ယူကြတာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်ကထွက်ရှိလာတဲ့ ကြံတွေကို ဧရာဝတီမြစ်တစ်ဖက်ကမ်းက မြစ်ကြီးနားဈေးကွက်ကို အများဆုံးတင်ပို့ကြတာပဲ ဖြစ်ပါတယ်။
ကြံရည်ဆိုင်ပေါင်း သုံးရာလောက်ရှိတဲ့ မြစ်ကြီးနားကြံရည်ဈေးကွက်ရဲ့ ကြံလိုအပ်ချက်က အခုလိုနွေရာသီအချိန်မှာ အလုအယက်မှာယူကြတာပဲ ဖြစ်ပါတယ်။ ကြံဈေးကွက် အခြေအနေနဲ့ပတ်သက်ပြီး ကြံပွဲရုံများအတွက် ကြံစုဆောင်းပေးသူ နန်မ်ကျင် ဒေသမှ ကိုသန်းဝင်းက အခုလို ပြောပါတယ်။
“ ကြံက တစ်ခြားဟာတွေ အသီးအနှံတွေထက်စာရင်မဆိုးဘူးလို့ ပြောရမှာပေါ့။ မဆိုးဘူး။ သူကကျတော့ ဈေးကွက်လည်း ဝင်တယ်။ တစ်ဧကလောက်ဆိုရင် သိန်း ၂၀ လောက်က ပြေးမလွတ်ဘူးဆိုတော့ တစ်ခြားဖရဲသီးတွေ၊ လိမ္မော်သီးတွေ၊ ငှက်ပျောသီးတွေလို ချရောင်းစရာမလိုဘူး။ လာပြီးမှကို လာဝယ်ကြတယ်။ ပြီးတော့လည်း လုံးကနဲ လုံးကနဲလည်း ပို့လို့ရတယ်။ အဲ့ဒီအသီးအနှံတွေထက်စာရင်တော့ ကြံကတော့ ဈေးကွက်ကောင်းတယ်” လို့ ပြောပါတယ်။
အခု ၂၀၂၂ ကြံခုတ်သိမ်းရာသီမှာ ကြံတစ်ချောင်း အခင်းထဲအရာက်လက္ကားဈေးက ကျပ်၂၀၀ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။
ဂျာနူး
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023