ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင်ပါရှိသည့် မြေ (၉) မျိုးအကြောင်း ရှာဖွေ တင်ပြလိုက်ပါတယ်။
၁။ မြေပိုင်မြေ
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း စနစ်တကျ မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယ်ယူပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင်အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုသည်။
၂။ ဘိုးဘပိုင်မြေ
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးချ" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။
၃။ ဂရန်ရှိမြေပိုင်မြေ
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေပုဒ်မ ၇(က) အရ ခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။
၄။ လိုင်စင်မြေ
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့်ကျေးရွာမြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့်ပေးထားသော မြေကို ဆိုလိုသည်။
၅။ ပါမစ်မြေ
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။
၆။ မြေငှားဂရန်မြေ
မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပဒေ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့အရ ကော်မတီက စည်းကမ်းချက်များသတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့် မြေကိုဆိုလိုသည်။
၇။ စကွာတာမြေ
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ်မရယူခဲ့၍လည်းကောင်း၊ မြေငှားစာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ် ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချသတ်မှတ်သောမြေကို ဆိုလိုသည်။
၈။ ကျူးလွန်ခြင်းမြေ
ကျူးလွန်ခြင်းမြေဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။
၉။ ကျူးကျော်မြေ
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေပေါ်တွင် ခွင့်ပြုချက်တစ်စုံတစ်ရာမရှိသူများ ၀င်ရောက်နေထိုင်လျှက်ရှိသောမြေကို ဆိုလိုသည်။
မြို့ကွက်မြေပုံ
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ်တကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။
မြို့မြေစာရင်း
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက်မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့်စာရင်းကို ဆိုလိုသည်။ တင်ပြပြီးနောက် ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သောမြေများ ဖြစ်ပါသည်။
ယင်းသို့မြေ အမျိုးမျိုးအကြောင်းအပြင် သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။
၁။ အခွန်လွတ်သာသနာ့မြေ
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီ ရရှိသောပုဂ္ဂိုလ်က ဘာသာသာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးသောမြေကို ဆိုသည်။
၂။ အခွန်လွတ်သာသနာ့မြေဂရန်
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူအလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော်နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)
၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
အခွန်လွတ်ဗဒ္ဓသိမ်မြေဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသည့် မြေကိုဆိုသည်။
၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန် ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ် အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ်ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)
ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာစာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန်အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။
လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ
Source - Shared Myay
ဆက်စပ်မေးခွန်းများ
ကျနောရဲ့လယ်ကွက်ထဲကမြက်ကြိမ်ပင်အမြစ်နှင့်အငုပ်တွေကအရွက်မရှိဘူးဆရာဂလိုင်ဖိုဆေ့့ဖြန်ရင်သေနိုင်မလားဘာလုပ်ရင်ကောင်းမလဲ။လက်နှင့်ကောက်ရင်မဖြစ်နိုင်လို့ပါ။
U Win Zaw • ဖြေကြားချက် 1 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်းထားတဲ့ တိုင်တွေမှာ 15 ပတ်လည်ခံပီး ပဲတောင့်ရှည်ခံပီးစိုက်ချင်ပါတယ်ဆရာ အရင်နှစ်တွေတုန်းကတော့စိုက်ဖူးပါတယ်ဆရာအဆင်ပြေတယ်ဆရာ ဒီနှစ်ရောစိုက်လို့လို့ရနိုင်မလားဆရာ ရနိုင်ရင်မျှားနီ ဧကရီ 111 ၅ ထုတ်လောက် စိုက်ချင်လို့ပါဆရာ ပဲကအထွက်ကောင်းတယ်ဆရာ တစ်ပိဿာကို 5000 ထိရောင်းနေရတယ်ဆရာ အကြံပေးပါအူးဆျာ
U Yan • ဖြေကြားချက် 4 ခု
ဘာရောဂါဖြစ်တာလဲ သိပါစေ ကာကွယ်နည်းလဲသိပါရစေ
U Maung • ဖြေကြားချက် 3 ခု
ဆရာ နံနံပျိုးနည်းလေးသိချင်ပါတယ်ဆရာ နံနံစေ့ကို ခနခနစိူက်တယ်မဖြစ်လာလို့ဆရာ ဇီးပင်အောက်မှာစိုက်တယ် ခရမ်းခေါင်းပင်အောက်မှာစိုက်တယ် အပင်တော့ပေါက်လာတယ် ဖြစ်မလာဘူး အပင်လေးတွေလဲ ပီး အပင်ဖြစ်မလာဘူးဆရာ
U Yan • ဖြေကြားချက် 3 ခု
ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ
Ko Myo Tint • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ homemade ကော်ဖီ scrub
30/09/2026
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
GIS နည်းပညာက ခေတ်သစ်စိုက်ပျိုးရေးကို ဘယ်လိုတိုးတက်ပြောင်းလဲစေနိုင်သလဲ?
30/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
More from Green Way
အားလုံး
အစိမ်းရောင်လမ်း Viber (09-5053570) ကို ဆက်သွယ်ထားသော မိတ်ဆွေများသို့
30/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026