သံပုရာသီးတွေ ဘာလို့အက်ကွဲလာတာလဲ
သံပုရာသီးတွေ အက်ကွဲလာတာမျိုးတွေ တွေ့ဖူးကြုံဖူးကြလိမ့်မယ် ထင်ပါတယ်။ အချို့ကတော့ အာဟာရချို့တဲ့လို့ဖြစ်ကြတယ်လို့ ယူဆကြပါတယ်။ အာဟာရချို့တဲ့တာက အကြောင်းအရင်းတစ်ခုဆိုပေမယ့် တစ်ကယ်တော့ ဒါက ဒီထက်ပိုပါတယ်။ သံပုရာတစ်ခုတည်းမဟုတ်ဘဲ ရှောက်သံပုရာမျိုးနွယ်အပင်တွေမှာလည်း ဖြစ်တတ်တာမို့ လေ့လာထားသင့်ပါတယ်။
ရေငတ်တုန်း ရေတွင်းထဲကျတဲ့အချိန်
သံပုရာပင်ဟာ ရေငတ်နေတာ၊ ခြောက်သွေ့နေတာကြာပြီး မိုးရွာချလိုက်တဲ့အခါမျိုးတွေမှာဆို အသီးရဲ့အခွံတွေ ကွဲထွက်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ အပူချိန်၊ စိုထိုင်းစနဲ့ မြေကြီးအစိုဓာတ် ရုတ်တရက် အပြောင်းအလဲဖြစ်သွားတဲ့အခြေအနေမျိုးမှာ ဒါမျိုးကြုံရတတ်ပါတယ်။ အပင်က ရေတအားခြောက်သွေ့နေပြီး ရုတ်တရက်ရေသွင်းလိုက်တာကလည်း ဒီလိုအခြေအနေမျိုးကို ဖန်တီးလိုက်တာကြောင့် အသီးခွံကွဲအက်လာတာမျိုး ဖြစ်နိုင်ပါတယ်။
သံပုရာက အမြစ်နက်နက်ဆင်းလေ့မရှိတာမို့ ရေမလောင်းဘဲ ကြာကြာထားပြီး ရေအများကြီးလောင်းတာမျိုးကိုတော့ သတိထားသင့်ပါတယ်။ အပင်က ရေရရှိမှုနည်းတဲ့အခါမှာ (ပတ်ဝန်းကျင်ကလည်း ပူမယ်၊ ခြောက်သွေ့မယ်) အသီးခွံက တင်းမာပြီး ကြွပ်ဆတ်နေတတ်ပါတယ်။ အဲဒီအခါမျိုးမှာ ရေလောင်းလိုက်တာဟာ အပင်က ရေငတ်တုန်းရေတွင်းထဲကျသလိုဖြစ်ပြီး ရေကိုအဝသောက်လိုက်တဲ့အခါ အသီးတွင်းက ရေဓာတ်တွေများလာပြီး အသီးခွံလိုက်မဆန့်နိုင်တော့ဘဲ ကွဲသွားတာပါ။
သံပုရာပင်က ပိုတက်ဆီယမ် သို့မဟုတ် ကယ်လဆီယမ်ဓာတ်ချို့တဲ့အခါမျိုးမှာ အခွံကပါးပြီး အားပျော့သွားတာကြောင့် အသီးကွဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်နဲ့ ကယ်လဆီယမ်ပါတဲ့ မြေသြဇာမျိုးကြွေးပေးရင် အသီးကွဲခြင်းကို လျော့ကျစေပါတယ်။
အသီးတွေ အများကြီးသီးတဲ့အခါ
အသီးကွဲခြင်းကလည်း အပင်က အသီးတင်တဲ့နှုန်း အလွန်များတဲ့အတွက်ကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အသီးအများကြီးတင်လေလေ အသီးကွဲတာပိုများလေလေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲလို့ တွေးမိမှာပါ။ အသီးအရေအတွက်များတဲ့အခါမှာ အပင်ကနေ ရေနဲ့ အာဟာရကို မျှမျှတတပို့ပေးနိုင်ဖို့က အားနည်းလာပါတယ်။ ဒီအချိန်မှာ အသီးသေးလာတာ အခွံပါးလာတာမျိုး ဖြစ်လာပါတယ်။ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ ပိုတက်ဆီယမ်ပေးပို့မှုက ပိုနည်းလာတတ်ပါတယ်။
ဒါကြောင့် အသီးရာသီမတိုင်ခင်မှာ ရှင်းသင့်တဲ့ကိုင်းတွေရှင်းပေးတာက ကျန်..သီးမယ့်ကိုင်းတွေက အသီးတွေ ပိုကြီးပြီး အရည်အသွေးလည်း ပိုကောင်းစေပါတယ်။
သံပုရာအသီးကွဲခြင်းမှ ဘယ်လိုကာကွယ်ကြမလဲ
-
ရေကို ပုံမှန်လောင်းပေးပါ။ အကြာကြီးခြောက်သွေ့နေအောင် မထားပါနှင့်။
-
အချိုးညီပြီး အနည်းလိုအာဟာရဓာတ်တွေပါတဲ့ မြေသြဇာမျိုးကို သုံးစွဲပါ။ သဘာဝမြေသြဇာက အာဟာရဓာတ်မျိုးစုံပါဝင်တဲ့အပြင် သစ်ဆွေးဓာတ်က ရေအစိုဓာတ်ကိုပါ ထိန်းပေးနိုင်တာကြောင့် သဘာဝမြေသြဇာများများသုံးပေးဖို့ တိုက်တွန်းချင်ပါတယ်။
-
ရောဂါကျတဲ့ကိုင်း၊ ကိုင်းသိမ်ကိုင်းညှပ်၊ ကြပ်နေတဲ့ကိုင်းတွေကို ရှင်းပေး၊ ကိုင်းချိုင်ပေးပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ပေးပါ။
ကိုးကား - Deep Green Permaculture
သံပုရာအသီးဘာလို့မတင်တာလဲ ဆိုတာ သိလိုပါက ခေါင်းစဉ်ကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။
Than Than
လွန်ခဲ့သော ၈ လ ကအရွက်ဝါကြွေအသီးနွမ်းလာခြင်းကိုဘယ်လိုပြုပြင်ရမလဲရှင့်
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ် အပင်ပုတ်နေလို့ပါဘာဖြစ်လို့လည်းခမျရှင်းပြပေးပါ
Ba Gyan • ဖြေကြားချက် 2 ခု
ကွမ်းခြံထဲ ပွေးတွင်းတွေရောက်နေလို့ ဘယ်လိုလုပ်ရမလဲရှင့်
Nan • ဖြေကြားချက် 1 ခု
ကွမ်းခြံစိုက်ထားတဲ့သူပါဗျ ကွမ်းကိုခုလိုမိုးရာသီမှာဘယ်လိုဂရုစိုက်ရမယ်ဆိုတာ ဆောင်ရန်ရှောင်ရန်လေးတွေပြောပြပေးပါလားဗျာ
Nan • ဖြေကြားချက် 2 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ
မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩဂုတ် ၂၉ မှ စက်တင်ဘာ ၂ ရက်အတွင်း တနင်္သာရီ၊ မွန်၊ ကရင်၊ ရခိုင်နှင့် ပဲခူးအရှေ့ပိုင်းတို့၌ မိုးသည်းထန်စွာ ရွာနိုင်
28/08/2026
အသံ
ဂျင်း ပြည်ပတင်ပို့မှု အခက်အခဲရှိနေခြင်းကြောင့် ဈေးကွက်ကမောက်ကမဖြစ်နေ
28/08/2026
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
26/08/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
More from Thein Soe Min
အားလုံး
ဗီဒီယို
တောင်ပံလေးနဲ့တောင်မှ စိုက်ပျိုးသူ တောင်သူတွေကို အကျိုးပြုပေးနေတဲ့ ပုစဉ်းရင်ကွဲ
21/08/2026
ဆီနီဂေါတွင် ဆာဒီယို မာနေး ဟက်တာ ၅၀၀ ကျယ်ဝန်းသည့် စိုက်ပျိုးရေးနှင့် စက်မှု စီမံကိန်းသစ် စတင်
20/08/2026
အသံ
ဗီဒီယို
ရာသီဥတုဖောက်ပြန်မှုကို အန်တုနိုင်မယ့် အစိမ်းရောင်လမ်းရဲ့ “စိုက်ပျိုးမိုးလေဝသ” လုပ်ဆောင်ချက်အသစ်
13/08/2026
အသံ
ဂန္ဓမာရွက်ပြောက်ရောဂါ ကာကွယ်ကုသနည်းများ
13/08/2026
အပူချိန်မြင့်မားမှုကြောင့် ပြင်သစ်တွင် ကြက်အကောင်ရေသိန်းချီ သေဆုံးပြီး ဘယ်လ်ဂျီယံတွင် နွားနို့/ အသားထုတ်လုပ်မှု ကျဆင်း
06/07/2026