အစိမ်းရောင်လမ်း
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်

အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်

Green Way
Green Way 25/08/2026
00:00
00:00

အစိမ်းရောင်လမ်းဆော့ဝဲ အသုံးပြုသူများခင်ဗျား -

မကြာမီ ရက်ပိုင်းအတွင်း အစိမ်းရောင်လမ်းဆော့ဝဲပေါ်တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများကို နည်းလမ်းမမှန်ကန်သော ပုံစံများဖြင့် လာရောက်ကြော်ငြာနေကြသည်ကို စိစစ်တွေ့ရှိရခြင်းနှင့်အတူ အသုံးပြုသူအချို့မှ အနှောက်အယှက်ဖြစ်ကြောင်း အကြောင်းကြားလာပါသဖြင့်

သွင်းအားစုရောင်းချသူများနှင့် အသုံးပြုသူများအားလုံး သိရှိလိုက်နာနိုင်ရန်အတွက် အောက်ပါစည်းကမ်းချက်များကို ထုတ်ပြန်အသိပေးအပ်ပါသည်။

၁။ သွင်းအားစုများကို အမေးအဖြေကဏ္ဍတွင် ကြော်ငြာခွင့်မပြုခြင်း

အစိမ်းရောင်လမ်း၏ စည်းမျဉ်းစည်းကမ်းအရ အမေးအဖြေကဏ္ဍတွင် စိုက်ပျိုးရေးသွင်းအားစုများကို ကြော်ငြာခွင့် လုံးဝမရှိပါ။

(အမေးအဖြေကဏ္ဍ၌ ကူညီဖြေဆိုပေးနေသော စိုက်ပျိုး၊ မွေးမြူရေးပညာရှင်များကိုလည်း သွင်းအားစုအမှတ်တံဆိပ်တစ်ခုခုကို ကြော်ငြာသဘောမျိုးဖြင့် ရည်ရွယ်ဖြေဆိုခြင်းများအား  ခွင့်ပြုမပေးထားပါ။)

၂။ တောင်သူ့စိုက်ခင်းမှ ထွက်ရှိသော ထွက်ကုန်များကိုသာ ပို့စ်တင်ရောင်းချခွင့်ပေးခြင်း

တောင်သူများ၏ သီးနှံနှင့် မွေးမြူရေးထုတ်ကုန်များကို "ဈေးတန်းကြီး" ကဏ္ဍတွင် အရောင်းအဝယ်အဖြစ် လွတ်လပ်စွာ အခမဲ့ ပို့စ်တင် ရောင်းချခွင့်ရှိပါသည်။

အကျိုးစီးပွားဆိုင်ရာ စိုက်ပျိုးရေးသွင်းအားစု ပစ္စည်းများဖြစ်ပါက Marketplace တွင် တရားဝင် ဆိုင်ဖွင့်ပြီးမှသာ ရောင်းချရမည်ဖြစ်ပါသည်။ (အဆိုပါ နေရာတွင် တောင်သူများဘက်မှလည်း အဝယ်အမှာစာများ တင်နိုင်ရန် စီစဉ်ပေးထားပါသည်။)

တရားဝင်ဆိုင်ဖွင့်ရောင်းချလိုသော မိတ်ဆွေများအနေဖြင့် အစိမ်းရောင်လမ်းဆော့ဝဲသို့ တရားဝင်မှတ်ပုံတင်ထားသော ပစ္စည်းများဖြစ်ကြောင်း ဆက်သွယ်ပြောပြကာ ဆိုင်ဖွင့်ရမည့်အဆင့်ဆင့်ကို ရယူနိုင်ပါသည်။

၃။ တရားဝင် ကြော်ငြာထည့်သွင်းလိုပါက

မိမိ၏ ကုန်ပစ္စည်းအကြောင်းကို အသုံးပြုသူ တောင်သူများထံ ပိုမိုမြန်ဆန်စွာ ရောက်ရှိသိရှိစေလိုပါက အစိမ်းရောင်လမ်း App တွင် တရားဝင် ကြော်ငြာ (Ads) ထည့်သွင်းနိုင်ပါသည်။

ယင်းအတွက်လည်း အစိမ်းရောင်လမ်း အဖွဲ့သားများထံသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ယခုထုတ်ပြန်ချက်ပါ စည်းကမ်းချက်များကို လိုက်နာမှုမရှိဘဲ အစိမ်းရောင်လမ်းပေါ်တွင် အခြား မူမမှန်သော လုပ်ရပ်များဖြင့် ကုန်ပစ္စည်းအကြောင်းများကို ဆက်လက်ရေးသားဖော်ပြကာ တောင်သူများအား ရောင်းချနေမည်ဆိုပါက သက်ဆိုင်ရာပို့စ်များကို ဖျက်ပစ်မည်ဖြစ်ပြီး အကောင့်ပိတ်ပင်ခြင်း (Account Ban) အထိ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

အစိမ်းရောင်လမ်း အဖွဲ့သားများ

1
Nova Nova

Nova Nova

လွန်ခဲ့သော ၂ ရက် က

သဘောတူပါတယ်

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဆရာကြီးခင်ဗျာ့ဖြုတ်ကျတယ့်ပုံစံလားခင်ဗျာ

Zaw Than Oo • ဖြေကြားချက် 0 ခု

ကျတော်ဘက်မှာ တမာမရှိလို တမာအစား ဆေးခါးပင်ကို အစားထိုးလို ရလားဗျာ ပိုးကာကွယ်ဆေး အနေနဲ့ ဖြေပေးကြပါအုံးဆရာများ

Nyi Nyi Aung • ဖြေကြားချက် 1 ခု

ဆရာ Lora 909 ခရမ်းချဥ်မျိုးက အလုံးသေးတယ်လားဆရာ ကျွန်တော့်အခင်းအလုံးသေးနေလို့ဗျ 15 ပတ်လည်တစ်ခါကျွေးထားတယ်ဗျ. အခုမိုးရွာရင် ထပ်ကျွေးမှာပါဆရာ အလုံးကြီးအောင်ဘယ်လိုတွေလုပ်ရမလဲဆရာ

U Yan • ဖြေကြားချက် 2 ခု

ဘိုစားပဲပင် အပင်မကြီးပဲတိုင်မဆုံးခင်အပွင့်ပွင့်တာဘာလို့လဲရှင့် အပင်မကောင်းတော့စိတ်ညစ်နေလို့ပါ နောက်ဆုံးပုံကအပင်ကသူများစိုက်ခင်းကအပင်ပါရှင့် အပင်ကောင်းအောင်ဘာဆေးဖျန်းရမလဲရှင့်

moe • ဖြေကြားချက် 1 ခု

ဝါပင် ၃လသား ရှိပါပီိ အသီးအပွင့်တွေနဲ့ ဝါပင်အချို့ အရွက်တေဝါလာပီး အပင်ကျသွားသလိိုဖြစ်နေပါတယ်် အညွန့်အတက်လဲတိတ််သွားပါတယ်် အမြစ်ပိိုးလားခင်ဗျာ ဘာဆေးသုံးရမလဲဗျ

Ko Phyo • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။